Pages

Wednesday, August 8, 2012

မှတ်ပုံတင်ပြစရာမလိုဘဲ ရထားလက်မှတ်ဝယ်ယူ၍ရတော့မည်

ရန်ကုန် သြဂုတ် ၈

မှတ်ပုံတင်နှင့် ထောက်ခံစာ ပြစရာမလိုဘဲ ရထားလက်မှတ် များဝယ် ယူနိုင်ရန် လုပ်ဆောင်ပေးတော့မည်ဟု မြန်မာ့မီးရထားလမ်း ပန်းဆက် သွယ်ရေး လ/ထ မန်နေဂျာ ဦးကျော်ကျော်မျိုးက ပြောသည်။



မန္တလေးမြို့ သြဂုတ်လ ၈ရက်နေ့ ရှိမန္တလေး ဘူတာရုံ နားနေခန်းမ ၂ တွင်ပြုလုပ်သောမြို့ပြရထားလမ်းပိုင်းဆိုင်ရာထဖွံ
့ဖြိုးတိုး
တတ်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ကားတွေလိုပဲ ၀န်ဆောင်မှု ပေးသွားမှာပါ ။ရထားပေါ်တက်မှစစ် တဲ့စနစ်တော့ရှိပါမယ်”ဟုဦးကျော်ကျော်မျိုးက ပြောသည်။


ထို့အပြင် ရထားလက်မှတ် ၀ယ်ယူမှုအားလည်း လူတစ်ဦးလျှင် လက်မှတ် ၁၀စောင်အထိ ၀ယ်ယူနိုင်ရန်လည်း ပြုလုပ်ပေးသွားရန် လည်းရှိသည်ဟု အလုပ်ရုံဆွေးနွေးပွဲ၌ ထည့်သွင်းပြောဆိုခဲ့သည်။

စိုင်းလမင်း( Popular Myanmar)

0 comments:

Post a Comment