Pages

Wednesday, August 8, 2012

ဘားအံ့မြို့နှင့် ဘားအံ့မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရက်သတ္တပတ်ကျော်လွန်လာသော်လည်း ရေမကျသေး


ဘားအံ့မြို့နှင့် ဘားအံ့မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေကြီးသည်မှာ ရက်သတ္တပတ်ကျော်လွန်လာသော်လည်း သြဂုတ် ၇ ရက်ညနေပိုင်းအထိ သံလွင်မြစ်ရေကျဆင်းခြင်း မရှိသောကြောင့် မြို့ခံများကပြောသည်။


ဘားအံ့-မြ၀တီကားလမ်းတလျှောက်လုံးတွင် ရေနှစ်ပေခန့် ကျော်ပြီး၊ ကျေးရွာများတွင် နေအိမ်အောက်ထပ်အထိ ရေနစ်မြှုပ်နေ
နေကြောင်း ထွန်းအိုင်ကျေးရွာမှာ တစ်ရွာလုံး နစ်မြှုပ်နေ၍ အခြားကျေးရွာများထက်ဆိုးရွားကြောင်း မြ၀တီမြို့တွင် ရောက်နေသူ ကုန်သည်တစ်ဦးက ပြောသည်။

"ကားကြီးကလွဲ၍ ဘယ်ကားမှ သွားလို့မရဘူး။ ကားလမ်းတွေလည်း ရေတိုးလို့ ပျက်နေတယ်" ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ယနေ့အထိ ဘားအံ့မြို့ပေါ်တွင် ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည် ၅၄၉၇ ဦးရှိကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်က ပြောသည်။

7days News

0 comments:

Post a Comment