Pages

Wednesday, August 8, 2012

ကြွက်သားသန်မာမှု ပျက်စီးနေသည့်ကလေးငယ် စက်ရုပ်လက်တံဖြင့် လှုပ်ရှားမူပြုနိုင်လာင်



အသက်(၂)နှစ်အရွယ် မသန်စွမ်း ကလေးငယ် တစ်ဦးသည် 3D Printerဖြင့် ပုံစံသွန်းလုပ်ထားသည့် စက်ရုပ်လက်တံ ကိရိယာ
ကြောင့် ဘဝသစ် တစ်ခုကို ပိုင်ဆိုင်လာပြီ ဖြစ်သည်။ အမ်မာသည် ကြွက်သားများ သန်မာမှုကို ထိခိုက်ပျက်စီးစေသည့် ရောဂါတစ်
မျိုးကို ခံစားနေရသူဖြစ်ပြီး သူမ၏ လက်များသည် မည်သည့် ပစ္စည်းများကိုမျှ မယူနိုင်ခြင်း မရှိခဲ့ချေ။

သို့သော်လည်း ခန္ဓာကိုယ် ပြင်ပတွင် တပ်ဆင်ရသည့် စက်ရုပ်လက်တံတုများက သနားစရာ ကလေးမလေးအတွက် ဘဝတွင် ပထမဆုံးသော ပျော်ရွှင်စရာ အတွေ့အကြုံကောင်းများကို ပိုင်ဆိုင်လာစေခဲ့သည်။ ယခုအခါ အီမာသည် ယင်းကိရိယာ အကူအ
ညီဖြင့် ပစ္စည်းများကို မယူနိုင်၊ ဆွဲယူနိုင်နေပြီဟု သိရှိရသည်။



အီမာ၏ မိခင်ဖြစ်သူ မီဂန်လာဗီလာက "သမီးလေးကို မွေးခဲ့တုန်းက သူ့ခြေထောက်တွေက အပေါ်ကို ကွေးတက်နေပြီး နားရွက်
တွေ၊ ပခုံးတွေကလည်း အချိုးမကျဘူး ဖြစ်နေတယ်"ဟု ဆိုသည်။ 

အီမာသည် တဖြည်းဖြည်း အခြေအနေ တိုးတက်လာခဲ့သော်လည်း သူမ၏ လက်မောင်းများကို လှုပ်ရှားနိုင်လောက်သည့် ခွန်အား
မျိုး မပိုင်ဆိုင်ခဲ့ချေ။ ထို့နောက်တွင် အီမာ၏ မိသားစုသည် WREXဟု အမည်ပေးထားသော ကိရိယာအကြောင်း ကြားသိလာကာ ယင်းပစ္စည်းကို ထုတ်လုပ်သည့် ကုမ္ပဏီနှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။



ကုမ္ပဏီသည် 3D Printerဖြင့် ထုတ်လုပ်သည့် အဆိုပါ ကိရိယာအား အပေါ့စားဖြစ်အောင် အထူးတလည် မွမ်းမံပေးခဲ့ရသည်။ 

အဘယ်ကြောင့်ဆိုသော် အီမာသည် ကိုယ်အလေးချိန် (၂၅)ပေါင်သာ ရှိသည့်အတွက် ယခုလို အထူးပြုလုပ်မှုဖြင့် ဖန်တီးခဲ့ရခြင်း
ဖြစ်သည်။ အီမာသည် WREXကို တပ်ဆင်ကာ သူမ၏ လက်များကို လှုပ်ရှားနိုင်ချိန်တွင် တစ်မိသားစုလုံး ဝမ်းသာစွာဖြင့် ငိုကြွေးခဲ့
ကြကြောင်း သိရသည်။



အီမာသည် ယခုအခါ ပထမ WREXနှင့် ခန္ဓာကိုယ် အရွယ်အစား မကိုက်ညီတော့သောကြောင့် ဒုတိယမြောက် WREXတစ်ခုကို အသုံးပြုနေသည်။ "အခြေအနေက တိုးတက်နေပါတယ်။ ပညာရှင်တွေကလည်း သမီးလေးကို ကူညီပြီး သူ့လက်မောင်းတွေ ဘယ်
လို အသုံးပြုရမလဲ ဆိုတာကို လမ်းညွှန်ပေးနေကြပါတယ်"ဟု မီဂန်က ပြောဆိုသွားသည်။ 

DailyMail,Planet Myanmar Media:

0 comments:

Post a Comment