Pages

Wednesday, August 8, 2012

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား

Photo: "၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ရှစ်လေးလုံး ငွေရတုအကြို (၂၄)နှစ်မြောက် အမှတ်တရစကား"

ရှစ်လေးလုံး ငွေရတုအကြို(၂၄)နှစ်ပေါ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာ၊ လွန်ခဲ့တဲ့ (၂၄)နှစ်ကိုပြန်ကြည့်ရင် ကျွန်တော်တို့ ပေါက်ကွဲသံတွေနဲ့၊ တက်ခေါက်သံတွေနဲ့၊ဒို့အရေးသံတွေနဲ့ ပဲ့တင်ထပ်ခဲ့တာ။ ဒီကနေ့ တော့ ပြန် လည်သင့်မြတ်ရေးဆိုတဲ့နည်းကို ကျွန်တော်တို့ ကြိုးညှိနေကြပြီ။ ဒါပေမဲ့   တောထဲ တောင်ထဲမှာတော့ ယမ်းခိုးတွေ ဝေနေတုန်းပါ။ လွန်ခဲ့တဲ့ (၂၄)နှစ်က လမ်းတွေပေါ်မှာ ကျွန်တော်တို့ နံပါတ်တုတ်တွေ၊
သေနတ်ပြောင်း တွေနဲ့ ချိန်ရွယ်ခံကြရတယ်။ အခုတော့ ကျွန်တော်တို့ကို
ကင်မရာမီးတဖျပ်ဖျပ်နဲ့ဓာတ်ပုံရိုက်တဲ့ မှန်ဘီလူးတွေနဲ့ ကျွန်တော်တို့ကိုချိန်
ရွယ်ခံနေရတယ်။ တစ်ဖက်ကိုကြည့်လိုက်ပြန်တော့ စက်ချုပ်အလုပ်သမ
လေးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ညီမငယ်တွေရဲ့ခေါင်းထက်မှာဆင်းရဲ
မွဲတေမှုနဲ့ပညာမဲ့ခြင်းဆိုတဲ့လက်နက်တွေနဲ့ ချိန်ရွယ်ခံနေရတယ်။ သူတို့
ထမင်းချိုင့်တွေထဲကို ကြည့်လိုက်ရင်ဘဲဥတစ်လုံးတောင် မပြည့်တာကို
တွေ့ရပါလိမ့်မယ်။ ဘဲဥတစ်ခြမ်းနဲ့ဆက်နေရတဲ့ သူတို့ရဲ့အာဟာရ
အတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေဟာ
ဘယ်လောက်အရာထင်သလဲဆို တာ ပြန်တွက်ကြရအောင်။ လွှတ်တော်ထဲ ကို ကြည့်လိုက်တော့ အရင်တုန်းကတော့ တစ် ပါတီလွှတ်တော်၊ အခုတော့ ပါတီစုံ
လွှတ်တော်။ ဒါပေမဲ့ ဒီလွှတ်တော် ထဲကို ထပ်ကြည့်ပြန်ရင်လည်း စစ်
ယူနီဖောင်းတွေက ကျကျနန ဝင်ထိုင်နေတာကို ကျွန်တော်တို့ မလိမ်
တန်း မညာတန်း ဝန်ခံကြရမယ်။ နိုင်ငံတော်သမ္မတကတော့ အားလုံး
ပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ကတိပေးနေပြီ။ အားလုံးပါဝင်ရအောင်
နိုင်ငံရေးအကျဉ်းသားတွေအဖြစ်သံတိုင်နောက်မှာ ကျန်နေခဲ့တဲ့ ကျွန်
တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ကော ကျွန်တော်တို့ မေး
ခွန်းထုတ်ပါရစေ။ သူတို့ ပါဝင်ခွင့်မရှိတော့ဘူးလား။ လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တောတွင်းအဖွဲ့အစည်းတွေ၊ တစ်ခါက တရားမဝင် အဖွဲ့အစည်းလို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ ဆက်ဆံမိလို့၊ ထမင်းတစ်နပ်ကျွေး မိလို့ အဲဒီ ဒေသခံပြည်သူတွေကို အကျဉ်းထောင်ထဲမှာ အခုထိ ရှိပါသေး
တယ်။ အခုန အဖွဲ့အစည်းတွေက တရားဝင်ရုံးခန်းတွေ ဖွင့်ပြီးတော့
ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အောင်မြင်မှု ရလဒ်အဖြစ် ရပ်တည်နေတဲ့အချိန်
မှာ ကျွန်တော်တို့ ပြည်သူတွေကို အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်
မိတဲ့ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် မကျန်ရှိသင့်တော့ပါဘူး။
ကျွန်တော်တို့ ဒေါင်းအလံတွေအရင်တုန်းက၊ လွန်ခဲ့တဲ့(၂၄)နှစ်က
လမ်းတွေပေါ်မှာ ထူလွှင့်ပြီးတော့ ကျွန်တော်တို့ ပြေးခဲ့လွှားခဲ့ကြတာ
တွေ၊ မိုးရေထဲမှာ ကျွန်တော်တို့ ဒေါင်းအလံလေးတွေမြောင်းထဲအထိ
ပြုတ်ကျလို့လိုက်ကောက်ရတာတွေ၊အခုတော့ ကျွန်တော်တို့ဒေါင်းအလံ
တွေ ခန်းမကျယ်ထဲမှာ ခန်းလုံးပြည့် ကော်ဇောခင်းတဲ့နံရံတွေမှာ ခံ့ခံ့
ညားညား ထူလွှင့်လို့ရပါပြီ။ ဒီပြောင်းလဲမှု အင်မတန်ကြီးကျယ်ပါတယ်။
သမိုင်းသစ်တစ်ခုပါ။ ဒါကို ရေးခဲ့တာ ဘယ်သူတွေပါလိမ့်လို့ မမေးပါနဲ့။
ပြည်သူတွေကိုယ်တိုင်ပါ။ ပြည်သူတွေကိုယ်တိုင်သာလျှင် သမိုင်းရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ အဲဒီအပြောင်းအလဲကြီးကသာလျှင် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ
ကြောင့် ဒီပြောင်းလဲမှုကြီးမှာ ငါတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာကို
ကျွန်တော်တို့ ပြည်သူတွေ ပြန်ပြီးတော့ သတိရစေချင်တယ်။ နောက်
ထပ် ငါတို့ ဘာလုပ်နိုင်ဦးမလဲဆိုတာကို ပြည်သူတွေလည်း ထပ်ပြီးတော့
အတွေးထဲမှာ နှစ်ထားစေချင်ပါတယ်။ ပြည်တွင်းမှာ ပြည်ပမှာ ကျွန်တော်တို့ အင်အားတွေ ရှိတယ်။ ပြည်ပမှာတော့ သခင်မျိုးဟေ့ ဒို့ဗမာတွေ သွားပြီးတော့ ကုန်ထမ်းနေရတာ ရှိပါတယ်။ ဒါ အရှိတရားပါ။ အလုပ်ကြမ်းတွေ လုပ်နေရတယ်။ နောက်တစ်မျိုးက ကျွန်တော်တို့ရဲ့
ပရောဟိတ်တွေပေါ့။ နိုင်ငံတကာ ရောက်နေကြတဲ့ ပညာမျိုးစုံသင်ယူ
ထားကြတဲ့ ကျွန်တော်တို့ရဲ့ ပညာတတ်အလွှာတွေ၊ ကျွန်တော်တို့ကို
လှမ်းမေးပါတယ်။ ပြည်တွင်းကို သူတို့လာခဲ့ရမလားလို့ မေးပါတယ်။
ကျွန်တော်တို့ပြည်တွင်းမှာ လမ်းခင်းနေပါပြီ။အဲဒီခင်းတဲ့လမ်းဟာ ပန်းခင်း
တဲ့လမ်းဖြစ်စေချင်ရင်တော့ ခင်ဗျား တို့ကိုယ်တိုင် ပန်းပင်တွေစိုက်ပျိုးမှ
ဖြစ်ပါလိမ့်မယ်။ ဧရာဝတီမြစ်ကမ်း ဘေးမှာ သံပြိုင်ဆိုရမယ့် ကျွန်တော်
တို့ရဲ့အောင်ပွဲခံသီချင်းကို ကျွန်တော် တို့အားလုံး ခင်ဗျားတို့အားလုံး ကိုယ်
တိုင် ဝိုင်းပြီး ရေးစပ်ပြီးမှ ကျွန်တော် တို့ ဆိုနိုင်မယ်ဆိုတာကို ခင်ဗျား
တို့ကို သိစေချင်ပါတယ်။ ဟောဒီ ရှစ်လေးလုံးဟာ ကျွန်တော်တို့ အတွက် ဆက်ချီတက်ရ မယ့် ရှစ်လေးလုံးစိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။ ရှစ်လေးလုံးစိတ်ဓာတ်ဆိုတာ ဘာလဲလို့ မေးပါ။ နိုင်ငံတစ်ခုရဲ့ ကြီးကျယ်တဲ့ အပြောင်း အလဲမှန်သမျှကို ပြည်သူတွေသာ လျှင် ဖန်တီးနိုင်တယ် ဆိုတဲ့  အောင် စိတ်ပါ။ ရှစ်လေးလုံးဟာ အောင်စိတ်ပါ။ အဲဒီ အောင်စိတ်နဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ ချီတက်ကြရအောင်။ အတူလိုက်ခဲ့ပါ။ ဖိတ်ခေါ်
ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
မင်းကိုနိုင်
၈၈ မျိုးဆက် ကျောင်းသားများ


ဒါပေမဲ့ တောထဲ တောင်ထဲမှာတော့ ယမ်းခိုးတွေ ဝေနေတုန်းပါ။ လွန်ခဲ့တဲ့ (၂၄)နှစ်က လမ်းတွေပေါ်မှာ ကျွန်တော်တို့ နံပါတ်တုတ်

တွေ၊သေနတ်ပြောင်း တွေနဲ့ ချိန်ရွယ်ခံကြရတယ်။ အခုတော့ ကျွန်တော်တို့ကိုကင်မရာမီးတဖျပ်ဖျပ်နဲ့ဓာတ်ပုံရိုက်တဲ့ မှန်ဘီလူးတွေနဲ့

 ကျွန်တော်တို့ကိုချိန်ရွယ်ခံနေရတယ်။ တစ်ဖက်ကိုကြည့်လိုက်ပြန်တော့ စက်ချုပ်အလုပ်သမလေးတွေဖြစ်တဲ့ ကျွန်တော်တို့ရဲ့ညီမ

ငယ်တွေရဲ့ခေါင်းထက်မှာဆင်းရဲမွဲတေမှုနဲ့ပညာမဲ့ခြင်းဆိုတဲ့လက်နက်တွေနဲ့ ချိန်ရွယ်ခံနေရတယ်။ 


သူတို့ထမင်းချိုင့်တွေထဲကို ကြည့်လိုက်ရင်ဘဲဥတစ်လုံးတောင် မပြည့်တာကိုတွေ့ရပါလိမ့်မယ်။ ဘဲဥတစ်ခြမ်းနဲ့ဆက်နေရတဲ့သူတို့

ရဲ့အာဟာရအတွက် ကျွန်တော်တို့အားလုံး ကြိုးပမ်းဆောင်ရွက်ခဲ့မှုတွေဟာဘယ်လောက်အရာထင်သလဲဆို တာ ပြန်တွက်ကြ

အောင်။ လွှတ်တော်ထဲ ကို ကြည့်လိုက်တော့ အရင်တုန်းကတော့ တစ် ပါတီလွှတ်တော်၊ အခုတော့ ပါတီစုံလွှတ်တော်။ ဒါပေမဲ့ ဒီ

လွှတ်တော် ထဲကို ထပ်ကြည့်ပြန်ရင်လည်း စစ်ယူနီဖောင်းတွေက ကျကျနန ဝင်ထိုင်နေတာကို ကျွန်တော်တို့ မလိမ်တန်းမညာတန်း

ဝန်ခံကြရမယ်။


နိုင်ငံတော်သမ္မတကတော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဖြစ်စဉ်လို့ ကတိပေးနေပြီ။ အားလုံးပါဝင်ရအောင်နိုင်ငံရေးအကျဉ်းသား

တွေအဖြစ်သံတိုင်နောက်မှာ ကျန်နေခဲ့တဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အတွက်ကော ကျွန်တော်တို့ မေးခွန်းထုတ်ပါရစေ

သူတို့ ပါဝင်ခွင့်မရှိတော့ဘူးလား။ 


လက်နက်ကိုင် အဖွဲ့ အစည်းတွေ၊ တောတွင်းအဖွဲ့အစည်းတွေ၊ တစ်ခါက တရားမဝင် အဖွဲ့အစည်းလို့ စွပ်စွဲခံခဲ့ရတဲ့ အဖွဲ့တွေနဲ့ 

ဆက်ဆံမိလို့၊ ထမင်းတစ်နပ်ကျွေး မိလို့ အဲဒီ ဒေသခံပြည်သူတွေကို အကျဉ်းထောင်ထဲမှာ အခုထိ ရှိပါသေးတယ်။ အခုနအဖွဲ့အ

စည်းတွေက တရားဝင်ရုံးခန်းတွေ ဖွင့်ပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲရဲ့ အောင်မြင်မှု ရလဒ်အဖြစ် ရပ်တည်နေတဲ့အချိန်မှာ ကျွန်

တော်တို့ ပြည်သူတွေကို အဲဒီ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မိတဲ့ ပြည်သူတွေ နိုင်ငံရေးအကျဉ်းသားအဖြစ် မကျန်ရှိသင့်တော့ပါဘူး။


ကျွန်တော်တို့ ဒေါင်းအလံတွေအရင်တုန်းက၊ လွန်ခဲ့တဲ့(၂၄)နှစ်ကလမ်းတွေပေါ်မှာ ထူလွှင့်ပြီးတော့ ကျွန်တော်တို့ ပြေးခဲ့လွှားခဲ့ကြ

တာတွေ၊ မိုးရေထဲမှာ ကျွန်တော်တို့ ဒေါင်းအလံလေးတွေမြောင်းထဲအထိပြုတ်ကျလို့လိုက်ကောက်ရတာတွေ၊အခုတော့ ကျွန်တော်

တို့ဒေါင်းအလံတွေ ခန်းမကျယ်ထဲမှာ ခန်းလုံးပြည့် ကော်ဇောခင်းတဲ့နံရံတွေမှာ ခံ့ခံ့ညားညား ထူလွှင့်လို့ရပါပြီ။ ဒီပြောင်းလဲမှုအင် 

မတန်ကြီးကျယ်ပါတယ်။


သမိုင်းသစ်တစ်ခုပါ။ ဒါကို ရေးခဲ့တာ ဘယ်သူတွေပါလိမ့်လို့ မမေးပါနဲ့။ပြည်သူတွေကိုယ်တိုင်ပါ။ ပြည်သူတွေကိုယ်တိုင်သာလျှင်

သမိုင်းရဲ့ အပြောင်းအလဲကို ဖန်တီးနိုင်ပါတယ်။ ဒီအပြောင်းအလဲကြီးကသာလျှင် အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေကိုမွေးထုပ်

ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲမှုကြီးမှာ ငါတို့ကိုယ်တိုင် ပါဝင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့ ပြည်သူတွေ ပြန်ပြီး

တော့ သတိရစေချင်တယ်။


နောက်ထပ် ငါတို့ ဘာလုပ်နိုင်ဦးမလဲဆိုတာကို ပြည်သူတွေလည်း ထပ်ပြီးတော့အတွေးထဲမှာ နှစ်ထားစေချင်ပါတယ်။ ပြည်တွင်းမှာ

ပြည်ပမှာ ကျွန်တော်တို့ အင်အားတွေ ရှိတယ်။ ပြည်ပမှာတော့ သခင်မျိုးဟေ့ ဒို့ဗမာတွေ သွားပြီးတော့ ကုန်ထမ်းနေရတာ ရှိပါတယ်

။ ဒါ အရှိတရားပါ။ အလုပ်ကြမ်းတွေ လုပ်နေရတယ်။ နောက်တစ်မျိုးက ကျွန်တော်တို့ရဲ့ပရောဟိတ်တွေပေါ့။ နိုင်ငံတကာရာက်နေ

ကြတဲ့ ပညာမျိုးစုံသင်ယူထားကြတဲ့ ကျွန်တော်တို့ရဲ့ ပညာတတ်အလွှာတွေ၊ ကျွန်တော်တို့ကိုလှမ်းမေးပါတယ်။ ပြည်တွင်းကို သူတို့

လာခဲ့ရမလားလို့ မေးပါတယ်။


ကျွန်တော်တို့ပြည်တွင်းမှာ လမ်းခင်းနေပါပြီ။အဲဒီခင်းတဲ့လမ်းဟာ ပန်းခင်းတဲ့လမ်းဖြစ်စေချင်ရင်တော့ ခင်ဗျား တို့ကိုယ်တိုင်ပန်းပင်

တွေစိုက်ပျိုးမှဖြစ်ပါလိမ့်မယ်။ ဧရာဝတီမြစ်ကမ်း ဘေးမှာ သံပြိုင်ဆိုရမယ့် ကျွန်တော်တို့ရဲ့အောင်ပွဲခံသီချင်းကို ကျွန်တော်တို့ အား

လုံး ခင်ဗျားတို့အားလုံး ကိုယ်တိုင် ဝိုင်းပြီး ရေးစပ်ပြီးမှ ကျွန်တော် တို့ ဆိုနိုင်မယ်ဆိုတာကို ခင်ဗျားတို့ကို သိစေချင်ပါတယ်။ ဟောဒီ

 ရှစ်လေးလုံးဟာ ကျွန်တော်တို့ အတွက် ဆက်ချီတက်ရ မယ့် ရှစ်လေးလုံးစိတ်ဓာတ်ကို ဖော်ညွှန်းနေပါတယ်။ ရှစ်လေးလုံးဆိုတာ

 ဘာလဲလို့ မေးပါ။


0 comments:

Post a Comment