Pages

Wednesday, August 8, 2012

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး ရေကြီးမှုဖြစ်ပေါ်


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် (၇)နှစ်အတွင်း အကြီးမားဆုံး  ရေကြီးမှုဖြစ်ပေါ်
ကာ ဒေသခံရေဘေးသင့်ပြည်သူများအတွက် အခက်အခဲများစွာဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။
ချောင်းရေလျှံမှုကြောင့် မဟုတ်ပဲ မိုးသည်းထန်စွာရွာသွန်းခဲ့မနှင့် မြစ်ရေထရက်များဆုံခဲ့ခြင်းကြောင့် ယခုကဲ့သို့ရေကြီးရေလျှံမှုများ
ဖြစ်ပ်ါကာ နေအိမ်များနစ်မြုပ်ခဲ့ပြီး ရေဘေးသင့်ပြည်သူများအတွက် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် နေထိုင်မှုအတွက်အခက်
အခဲများဖြစ်ပေါ်လျှက်ရှိသည်။ 

“ ည (၂) နာရီဝန်းကျင်လောက်ကတည်းက ရေတွေအိမ်ထဲကိုတက်လာတော့ ကိုယ်လိုတဲ့ အသုံးအဆောင် တွေကိုယူပြီး ရေလွတ်
ရာ တိမ်းရှောင်လာရတယ်။ လက်ရှိ နေစရာကတော့ အဆင်ပြေပါတယ်။ စားသောက် စရာကတော့ အများနဲ့ဆိုတော့ လုံလုံလောက်
လောက်တော့ မရှိဘူးပေါ့’’ဟု ရွှေပြည်သာမြို့နယ် ဒ/၁၇ မှ ရေဘေးသင့်ဒေသခံ ဦးကျော်က ပြောသည်။

လက်ရှိတွင် ရွှေပြည်သာမြို့နယ်အတွင်းရှိ ရေဘေးဒဏ်အများဆုံးခံခဲ့ရသော ဒ/၁၇ ရပ်ကွက်နှင့် ထ/၁၆ ရပ်ကွက်နှစ်ခုပေါင်း   ရေဘေးသင့်ပြည်သူ (၁၃၀၀) ကျော်ရှိနေပြီး ၎င်းတို့အတွက်  အခြေခံပညာကျောင်း (၂)ကျောင်းအား  ကယ်ဆယ်ရေး
စခန်းပြုလုပ်၍ စောင့်ရှောက်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံက သိရသည်။
 

ရေတွေအိမ်ထဲကို ဝင်လာတော့ သုံးရက်နေ့လောက်ကတည်းက နေအိမ်တွေကိုခွာပြီး လွတ်ရာကို ထွက်လာကြတယ်။ တချို့ ကနေလို့ရသေးတယ်ဆိုပြီး နေကြတဲ့သူတွေလည်းရှိတယ်။ အခု သက်ဆိုင်ရာ လူကြီးတွေက နေစရာမဲ့နေတဲ့ ဒေသခံတွေကို အဆင်ပြေအောင် စီစဉ်စောင့်ရှောက် ပေးထားပါတယ်ဟု ဒ/၁၇ ရပ်ကွက်မှ အုပ်ချုပ်ရေးမှုး  ဦးပြုံးချိုက ပြောသည်။

ရေဘေးသင့်ပြည်သူများအား လူမှုရေးအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီအချို့တို့မှလည်းလာရောက် ကူညီစောင့်ရှောက်မှုများ   ပြုလုပ်ပေးခဲ့ကြောင်းကိုလည်း ဒေသခံများက ဆိုသည်။

ရေဘေးသင့်ပြည်သူများအတွက် အစားသောက်၊ အဝတ်အထည်၊ တမံတလင်းပေါ်တွင် နေထိုင်နေကြရသည့်အတွက်   အောက်ခြေအခင်း၊ ခြင်ထောင်နှင့် အခြားလိုအပ်ချက်များရှိနေသေကြောင်း ကယ်ဆယ်ရေးစခန်းသို့ လာရောက်ကူညီပေးသူ များထံက သိရှိရသည်။

 “ကျောင်းကြမ်းပြင်တွေပေါ်မှာ နေရာချထားပေးရတော့ အောက်ခြေခင်းဖို့အတွက် အခင်းတွေလိုအပ်နေကြ တယ်။ လူငယ်တွေကတော့ ခံနိုင်တယ် လူကြီးတွေက သံမံတလင်းအအေးဒဏ်ကြောင့် ကိုက်ခဲတာတွေဖြစ် တယ်။ ပြီးတော့ အခု ကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ကျောင်းကလည်း ရေပတ်လည် ဝိုင်းနေတော့ ညဘက်ဆိုခြင်ကိုက်တဲ့ဒဏ်ကိုခံနေကြရတယ်ဟု ကယ်ဆယ်ရေးစခန်းသို့ လာရောက်ကူညီသည့် NLD ပါတီမှ လူငယ် တာဝန်ခံ ဦးကိုကိုနိုင်က ပြောသည်။

မြစ်မခသတင်း

0 comments:

Post a Comment