Pages

Sunday, December 9, 2012

“““ ကျွန်တော်တို့ ဒီမိုကရေစီ ရနေပြီလား ”””

၁။ လွှတ်တော်ကြီးအတွင်းဝယ် အမတ်မင်းတို့ ပြောကြဟောကြ ဥပဒေပြုနေကြသည်။ ဆန္ဒတွေ တဝေေ ၀ ဖေါ်ထုတ်နေကြသည်။ မီဒီယာတွေ ဖွင့်ကြဖေါ်ကြ အရှုပ်ဖြေကြသည်။ သို့သော် တမျိုးကြီးမှ တကယ့် တမျိုးကြီး။ လွတ်လပ်ရေး ရပြီးစကတည်းမှနေ၍ ကျွန်တော်တို့ သွေးအစက် စက်၊ချွေးအစက် စက်နှင့်ေ တာင့် တခဲ့ကြလေသော ဒီမိုကရေစီသည် ထိုသို့လော။
စဉ်းစားဥာဏ်အတန်ရှိသူတို့က ဆန္ဒတွေ ပြနေကြသည်ကို ရယ်ပွဲဖွဲ့ကြသည်။ ဒီမိုကရေစီသည်
ဆန္ဒထု တ်ဖေါ်၍ လိုလားသည်ကို တိုက်ယူခြင်းလော။ မဟုတ်ဟုလည်း မပြောရဲသလို ဟုတ်သည်ဟု လက်ခံရမည် မှာလည်း အီလည်လည်ဖြစ်နေသဖြင့် ရှာဖွေကြည့်မိပါသည်။

( အင်မတန်ကျယ်ဝန်းလှသော ပညာရပ်ကို စာစုလေးတစ်ခုဖြင့် သံခိပ်ဖွဲ့ ပြောရမည်ဖြစ် ၍ ကြောက်ပါ သ ည် ။ ကျန်သွားငုတ်သွား မည်ကိုလည်း ကြိုမြင်ပါသည်။ မျက်မမြင် ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလို ဆင်ဆိုသည်မှာဟု ဒီမိုကရေစီကိုလည်း “လွယ်လွယ် မပြောအပ်” ဆိုသော အသိတစ်ချက်ဝင်သွား လျှင် ပင် ကျေနပ်ရပါမည် )

၂။ သူရို့ဆီဝယ် ဒီမိုကရေစီအကြောင်း ပြောလျှင် ဒီမိုကရက်တစ် ပရောဆက် democratic processes ဟု ဖြစ်စဉ် တစ်ခုဖြစ်ကြောင်း အလေးအနက်ရေးကြပါသည်။ ဆိုလိုသည်မှာ ဒီမိုကရေစီသည် ရောက်အပ်ေ သာ ပန်းတိုင်တစ်ခု မဟုတ်ပဲ သွားနေရသော ခရီးတစ်ခုဖြစ်ကြောင်း သိစေချင်ပါသည်။ ဒီမိုကရေစီ ဖြစ်စဉ် အဓိက မေးခွန်းလေးရပ်ဖြင့် စတင်ကြပါသည်။

(က) ( ကောင်းမွန်သော အုပ်ချုပ်မှုတစ်ခုအတွက် အဓိက လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရန် ) အ စိုးရတစ်ရပ်၏ အတွင်းနှင့် အပြင် နှစ်နေရာလုံးတွင် ရှိသော အဖွဲ့အစည်း Institutions and Organizations များ၏ လက်ရှိ စွမ်းဆောင်ရည် Current Capacity သည် ဘာနည်း။

(ခ) ထိုသော တာဝန်များကို ထမ်းဆောင်ရန် ထိုအဖွဲ့အစည်းများ၏ လားရာမျဉ်းကွေး trajectory သည် အ ဘယ်သို့နည်း။

(ဂ) တိုင်းပြည်အုပ်ချုပ်မှုနှင့် ဒီမိုကရေစီလမ်းကြောင်းဝယ် ရှိနေသော စိန်ခေါ်မှုများနှင့် အခွင့် အလမ်း များ သည် အဘယ်နည်း။

(ဃ) ထိုသို့သော စိတ်ခေါ်မှုများကို နိုင်ငံတွင်း တာဝန်ရှိသူများ ( အစိုးရကိုသာ မဆိုလိုပါ ) ၏ မိမိတို့ဘာ သာ အားထုတ်ကျော်လွှားနိုင်ရန် နိုင်ငံတကာ ပုဂ္ဂိုလ်များ မည်သို့ ပါဝင်ပေးနိုင်ပါသနည်း။

( ထို အဖြေများကို မိမိတို့ဘာသာ စဉ်းစားကြည့်စေလိုပါသည်။ ပြီးနောက် ဒီအချက်ပါပဲဟု စိတ်ချလက်ချ အဖြေပေးနိုင်သည်ဆိုလျှင် စိတ်ချလက်ချ သက်ပြင်းချနိုင်ပါသည်။ မိတ်ဆွေ အဖြေ မှားပါသည်။ ထိုသို့ လ က်ညိုးတစ်ချောင်းထဲ ထောင်၍ ဖြေ၍ မရနိုင်ပါ )

၃။ ဒီမိုကရေစီ စစ်တမ်းအတွက် သတင်းအချက်အလက်များစုဆောင်းရာတွင် သုံးမျိုးသုံးနေရာမှ ရနိုင်ပါ သည်။ တစ်နေရာတည်းကိုသာ အာရုံစိုက်၍ ကိုးကားလျှင်မှားနိုင်ပါသည်။ ထို့အပြင် ထို ဒေတာ မှန်သမျှ သည် အကန့်အသတ် လစ်မစ်ရှိကြောင်းကိုလည်း သတိမူစေချင်ပါသည်။

(က) ပထမဆုံး တိုင်းပြည်၏ တည်ဆောက်ပုံ ဒေတာ Structural Data များမှ ဖြစ်ပါသည်။ တစ်ဦးချင်း ဂျီ ဒီပီ၊ ပေါ်လစီညွှန်ကိန်း၊ လူ့အခွင့်အရေး တိုင်းတာချက်များ စသည်တို့ဖြစ်ပါသည်။

(ခ) ဒုတိယသည် ဒိုင်းနမစ်ဒေတာများ ဖြစ်ပါသည်။ အဖြစ်အပျက်များဟု မှတ်ထားလျှင် ရကောင်းပါသည်။ မီဒီယာဖေါ်ပြချက်များ၊ ကျွမ်းကျင်သူ စစ်တမ်းများ၊ ပတ်သက်သူ အပြုအမူများ stakeholder behaviours စသည်တို့ကို ကောက်ယူပါသည်။

(ဂ) တတိယမှာ ကျွမ်းကျင်သူမှတ်ချက်များ၊ ဆာဗေးများ၊ လူထုစစ်တမ်းများမှ အချက်အလက်များ ဖြစ် ပါ သည်။ ကျွမ်းကျင်သူမှတ်ချက်သည် “ဘာ” ဆိုသည်ထက် “ဘာ့ကြောင့်” ဆိုသည်ကို ညွှန်းပြလေ့ရှိသဖြင့် အာရုံစိုက်ရန်လည်းလိုပါသည်။

၎။ အင်မတန် အရေးကြီးသော အပိုင်းရောက်လာပြီဖြစ်ပါသည်။ ဒီမိုကရေစီကို ဆန်းစစ်ရန် ဒီမိုကရေစီ၏ နယ်ပယ်ကြီးများကို ဆန်းစစ်ရပါမည်။ တစ်တိုင်းပြည်နှင့် တစ်တိုင်းပြည် နှုန်းစံများ values မတူညီေ သာ် လည်း အလုပ်ဖြစ်စေရန် အညွှန်းကိန်း အင်ဒီကေတာ indicators များ သတ်မှတ်တိုင်းတာရပါသည်။ ထို အခါ သူ့ဒီမိုကရေစီနှင့် တို့ဒီမိုကရေစီမတူဘူးဟု လွယ်လွယ်ပြော၍ မရတော့ပါ။

ဒီမိုကရေစီသည် အစိုးရတစ်ရပ်သာ ဖေါ်ဆောင်နေရသော လုပ်ငန်းစဉ်မဟုတ်ပါ။ အစိုးရ၊ ပြည်သူ၊ အတိုက် အခံစသည့် ပြည်တွင်းနေသူအားလုံး တက်ညီလက်ညီထမ်းဆောင်ရသော တာဝန်ဖြစ်ပါသည်။ ထိုအခါ တ စ်ဆိတ်ရှိ အစိုးရကိုသာ လက်ညိုးထိုးချင်သော “ပေါတောတောဒီမို” များနေရာရမလာစေရန် သိထားရမ ည်ဖြ စ်သော ဒီမိုကရေစီနယ်ပယ်ကြီးများအကြောင်း ပြောရပါတော့မည်။ နယ်ပယ်ခြောက်ရပ် ရှိပါသည်။

(၁) ဥပဒေစည်းမျဉ်း Rule of Law

အစိုးရ၊ ပြည်သူ၊ အဖွဲ့အစည်းများအားလုံး နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးအခြေအနေများ လုပ်ကိုင် ဆော င် ရွက်ရန် ရှိသော စည်းမျဉ်းဥပဒေများဖြစ်သည်။ ဥပဒေအရရော၊ အစဉ်အလာအရပါ ဖွဲစည်း စည်းကြပ် ထားပါသည်။ အောက်ပါ အင်ဒီကေတာများဖြင့်တိုင်းတာပါသည်။

ရဲ၊ဥပဒေ၊ရာဇ၀တ်မှု အခြေအနေများ၊ အကျဉ်းထောင် လူဦးရေတိုးနှုန်း၊ အကျဉ်းထောင် လူပြည့်မှုအ ဆင့် ၊ နိုင်ငံရေး အကျဉ်းသားဦးရေ၊ ဂျူရီ လွတ်လပ်စွာပြုခွင့်၊ တရားရုံးသမာသမတ်ကျမှု၊ ပစ္စည်း ပိုင်ဆိုင်ခွင့်၊ အ ဖွဲ့လိုက်ရာဇ၀တ်မှု၊ ဥပဒေတွင် စစ်တပ် စွပ်ဖက်မှု၊ စသည်တို့ဖြစ်ပါသည်။

(၂) နိုင်ငံရေးတည်ငြိမ်မှုနှင့် အကြမ်းဖက်မှု Political stability and Violence

နိုင်ငံရေး တည်ငြိမ်မှုသည် အစိုးရတစ်ရပ်၏ လူမှုရေး တည်ငြိမ်အောင် ဆောင်ရွက်ထားနိုင်စွမ်းဖြစ်သည်။ နိုင်ငံရေး လှုံဆော်မှုကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုသည် ရှေရှည်တည်ငြိမ်ရေး အစီအစဉ်များ လိုအပ်နေကြောင်း ညွှန်ပြနေပေသည်။ အင်တီကေတာများမှာ -

အုပ်ချုပ်ရေးစနစ် တည်ငြိမ်မှု၊ မှောင်ခိုဈေးကွက်၊ စစ်ပွဲနှီးနွယ်သေဆုံးမှုများ၊ ပြင်ပအထောက်အပံ့ပေါ်မှီခိုမှု၊ စစ်အသုံးစရိတ်ရာနှုန်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ မှီခိုသူထွက်ပေါ်မှု၊ အကြမ်းဖက်မှုကြောင့် သေဆုံးမှု၊ အကြမ်း ဖက်မှု ဖြစ်ပွားကြိမ်ရေ၊ နိုင်ငံရေးလှုံ့ဆော်မှုကြောင့် အကြမ်းဖက်မှုမှ သေသူဦးရေ၊ နိုင်ငံရေး လှုံ့ဆော်မှုေ ကြာင့် အကြမ်းဖက် သေဆုံးမှုပေါင်း၊ လက်နက်ကိုင် ပဋိပက္ခ၊ အစိုးရပြိုကွဲမှု တို့ ဖြစ်ပါသည်။ တိုင်းပြည် အေ နအထားကို ချင့်ချိန်စေချင်ပါသည်။

(၃) ဒီမိုကရေဒီ ပါဝင်ဆင်နွဲမှု Democratic Participation

ပြည်သူလူထုနှင့် အစိုးရကြား ဖြစ်စဉ်ဖြစ်ပါသည်။ (လူထုခေါင်းဆောင်များ အစိုးရ လုပ်ငန်းစဉ်တွင် ပါဝင်မှု လည်း ပါပါသည်) ထို့အတူ အစိုး၇၏ လူထု အတွင်း ဒီမိုကရေစီအရေး တာဝန်ယူမှုလည်း ပါဝင်ပါသည်။ အင်ဒီကေတာ ညွှန်းကိန်းများမှာ -

အမျိုးသမီး လွှတ်တော် အမတ်ဦးရေ၊ ပါတီလွှမ်းမိုးမှုအဆင့်၊ အပြန်အလှန်ထိန်းညှိခြင်း၊ နိုင်ငံရေး ရမှတ်၊ ဒီ မို ကရေစီအဆင့်အတန်း၊ အစိုးရတွင် ပြည်သူလူထု ပူးပေါင်းမှု၊ အတင်းအကြပ် တာဝန်ပေးခြင်း စသည် တို့ဖြ စ်ပါသည်။

(၄) အစိုးရနှင့် ဈေးကွက်တို့ စွမ်းဆောင်ရည် Government and Market Efficiency

စွမ်းဆောင်ရည်ရှိသော အစိုးရဟူသည် ရနိုင်သမျှသော အရင်းအမြစ်များကို အနည်းဆုံးသော လုပ်ငန်းေ ဆာင်တာများဖြင့် ပြည်သူနှင့် စီးပွားရေး လုပ်ငန်းများကို ရရှိစေရေးသာဖြစ်သည်။ စွမ်းဆောင်ရည်ရှိေ သာ ဈေး ကွက် သည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူထုစိတ်ဝင်စားသော နယ်ပယ်အကြား မျှခြေတစ်ခုရှာရန်ဖြစ် သည်။ ( စကားလုံးများခက်လျှင် ကျော်သွားပါ၊ တရား ကိုယ်ကို ထိခိုက်မည် မထင်၍ မရှင်းတော့ပါ ) အင် ဒီကေတာများမှာ -

( အလွန်များသဖြင့် အနည်းငယ်သာ ဖေါ်ပြပါမည် ) စီးပွားရေး ဖွံ့ဖြိုးနှုန်း၊ တစ်ဦးချင်း ၀င်ငွေဂျီဒီပီ၊ စုစုေ ပါင်း ဂျီဒီပီ၊ ပြည်ပကြွေးမြီရာနှုန်း၊ စီးပွားရေး လွတ်လပ်ခွင့်၊ တိုင်းပြည်စုဆောင်းငွေပမာဏ၊ ပြည်ပ ရ င်းနှီး
 မြုတ်နှံ မှု လွတ်လပ်ခွင့်၊ အိုင်ပီ၊ ကျန်းမာရေး အသုံးစရိတ်၊ အစိုးရစွမ်းဆောင်ရည်၊ ပြင်ပအကူအညီ၊ အခွန်ပေးေ ဆာ င်မှု စသည်တို့ ဖြစ်ပါသည်။

(၅) အစိုးရ ပွင့်လင်း မြင်သာမှုနှင့် တာဝန်ခံနီုင်မှု Government Transparency and Accountability

ပွင့်လင်း မြင်သာမှုသည် အစိုးရ၏ နိုင်ငံရေးရာ ဆုံးဖြတ်ချက်များချရာတွင် နိုင်ငံသားတစ်ယောက်မှ နား လည်နိုင်လောက်သည့် အထိ လိုအပ်သော သတင်းအချက်အလက်ရရှိနိုင်ရေး ဖြစ်သည်။ ( အလုံးစုံ သိနေ ရန်မလို ) တာဝန်ခံနိုင်မှုသည် တည်ရှိဆဲဥပဒေ၊နည်းဥပဒေများအရ အဖွဲ့အစည်းများ တာဝန်ယူနိုင်စွမ်း၊ တာဝန်ခံနိုင်စွမ်းဖြစ်ပါသည်။ အင်ဒီကေတာများမှာ -

အကျင့်ပျက်ခြစားမှု၊ ပြောစကားတာဝန်ယူနိုင်မှု၊ ပါတီငွေကြေးကိစ္စ၊ အစိုးရ မူဝါဒချမှတ်ရာတွင် ပွင့်လင်း
 မြ င် သာမှု၊ ပုံနှိပ်လွတ်လပ်ခွင့် တို့ဖြစ်သည်။

(၆) လူ့အခွင့်အရေး

လူမျိုး၊ ဘာသာ၊ ဇာတိ၊ ကျားမ ခွဲခြားဆက်ဆံခံရမှုမရှိပဲ လူသားမျိုးနွယ်၏ အခွင့်အရေးများကို ကာကွယ်
ပေးမှုဖြစ်ပါသည်။ အင်ဒီကေတာများမှာ -

လူ့အခွင့်အရေးလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်မှု၊ လူ့အခွင့်အရေး အလေးပေးမှု၊ နိုင်ငံသားအခွင့်အရေးက န့်
သတ်ထိန်းချုပ်မှု စသည်တို့ဖြစ်သည်။

၅။ ဒီမိုကရေစီ ကို တိုင်းတာရန် နယ်ပယ်ကြီးခြောက်ရပ်ကို ဖေါ်ပြ၍ တိုင်းတာရန် စံချိန်စံညွှန်းများကိုလည်း (ရှိသည်ဟု ရိပ်ဖမ်းသံဖမ်း သိသာစေရန်) တင်ပြခဲ့ပါသည်။ စဉ်းစားရန်လိုသည်မှာ သူ့ရေမြေတွင်ပေါက်ေ သာ နွယ်ကို ကိုယ့်ရေမြေတွင် ရှင်သန်စေရန် သူရို့ စိုက်ပျိုးနည်းလည်း သိရမည်။ ကိုယ့်ရေမြေ သ ဘာဝကို
လည်း သိရမည်။

သို့ပါသော်လည်း စိုက်ပျိုးသည့် အဆင့်ပင် မရောက်သေး။ နွယ်ကို အရင်းအဖျား ငြင်းနေကြရုံရှိသေးသည်။ ပွဲကဆူနေခဲ့ပါပြီ။ ရှက်စရာကောင်းပါသည်။ ဆန္ဒပြခြင်းသည် ဒီမိုကရေစီ ရခြင်းလော ပျက်ခြင်းလော စဉ်း စား ထိုက်ဖွယ်ရာ အခြေခံကို ပြောခဲ့ပါပြီ။ ဆင်ခြင်သုံးသပ်စေချင်ပါသည်။

၆။ ထို့ထက်ပို၍ ဆိုရန်မရှိသော်လည်း မိတ်ဆွေအား ပြုံး၍ မေးခွန်းတစ်ခု မေးလိုပါသေးသည်။ “ကျွန်တော် တို့ ဒီ မို ကရေစီ ရနေပါပြီလား”

သက္က မိုးညို

0 comments:

Post a Comment