Pages

Sunday, December 9, 2012

မွန်ပြည်နယ် ချောင်းဆုံ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာ၌ ကြီးကြပ်သောအဖွဲ့အချို့ ဖွဲ့စည်းခြင်း ပွင့်လင်းမှု မရှိဟုဆို

မော်လမြိုင်၊ ဒီဇင်ဘာ ၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန်အတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရာ၌ အချို့သော ရွာများတွင်
ပွင့်လင်းမြင်သာမှု မရှိဟု သိရသည်။
ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာ၌ ကြီးကြပ်ရန်အတွက် တစ်ရွာလျှင် လူအများ ကြည်ညိုလေးစားမှုရှိသော ရပ်မိရပ်ဖ ၅ ဦး ရွေးချယ်ရမည်ဖြစ်ရာ တချို့ရွာများ၌ ရွာသားများ၏သဘောဆန္ဒ မပါဘဲ ရွာအုပ်ချုပ်ရေးမှူးဟောင်းနှင့်ရွာစာရေး တို့က ရွေးချယ်လိုက်ကြသည်များရှိကြောင်းမွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ကြီးကြပ်ရေးအဖွဲ့ထဲမှာ ဘယ်သူတွေ ပါသလဲဆိုတာ ကျွန်တော်တောင်မသိတာရှိတယ်”ဟု ၄င်းက ပြောသည်။

ရပ်/ကျေး အုပ်ချုပ်ရေးမှူးသစ်ရွေးမည်ဖြစ်သော်လည်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးမပြီး ဆိုသည်ကို ယနေ့တိုင် မသိရှိသေး”ဟု
ကွမ်သဲရွာသားတစ်ဦးက ပြောသည်။

ကလွီရွာသားတစ်ဦးကမူ “၄င်းတို့ရွာ၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲကို ဒီဇင်ဘာ ၂၄ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရပြီး ၂၀ ရက်နေ့တွင် ကြီးကြပ်ရေးအဖွဲ့ကို ရွာသားတို့၏ဆန္ဒနှင့်အညီ ရွေးမည်ဟုဆိုကြောင်း ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ စတင်ကာ တစ်ရက်လျှင် ၅ ရွာနှုန်း ရွေးချယ်လျက်ရှိကြောင်း သိရသည်။

 
Popular Myanmar News:

0 comments:

Post a Comment