Pages

Friday, March 15, 2013

မြို့ပတ်ရထားများတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲတော့မည်

မြို့ပတ်ရထား ပြေးဆွဲရေးတွင် အထူးသီးသန့် တွဲဆိုင်းများ ထည့်သွင်းပြေးဆွဲခြင်းကို မြန်မာ့မီးရထားက မကြာမီ ပြုလုပ်တော့မည်ဟု အဆိုပါဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ပြောဆိုလိုက်သည်။ သီးသီးသန့်သန့်နှင့် အဆင့်မြင့်မြင့်စီးလို့ရအောင် ဆောင် ရွက်ခြင်းဖြစ်ကြောင်းနှင့် မြို့ပတ်ရထားတွင်းတွင် ထည့်သွင်းပြေးဆွဲရန် အထူးတွဲ ငါးတွဲလည်းရန်ကုန်မြို့သို့ ရောက်ရှိနေပြီဟုလည်း ဦးကျော်ကျော်မျိုးက ဆက်ပြောသည်။ ခရီးသွားလာရေးမန်နေဂျာ ဦးကျော်မြင့်က “တွဲအလယ်တွေမှာအ ထူးတွဲငါးတွဲကို မကြာမီချိတ်သွားပါ ။ထိုင်ခုံ ၆၂ ခုံပါဝင်တယ်။ စုစုပေါင်းခရီးသည် ၁၀၀ ၀န်းကျင်ခန့် စီးလို့ရပါတယ်။”ဟုပြောသည်။

ခရီးစဉ်တစ်ခုတည်း စီးနင်း၍ ရမည်ဖြစ်ပြီး လက်မှတ်တစ်စောင်တွင် ကျပ်နှစ်ရာနှုန်း သတ်မှတ်မည်ဖြစ်ကြောင်း မြို့ပတ်နှင့်လှော်ကား လမ်းပိုင်းတွင် စတင်ပြေးဆွဲပြီး နောက်ပိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့်  ပြေးဆွဲသွားရန်ရှိသည်ဟု ဦးကျော်မြင့်က ပြောသည်။

အထူးတွဲတွင် တွဲထိန်းတစ်ဦး လုံခြုံရေးအစောင့်ရှောက်များကို အထူးတွဲတွင် ထားရှိပေးမည်ဖြစ်ပြီး ရောင်းကုန်ပစ္စည်းများ ၀န်ကျယ်ပစ္စည်းများကို လုံးဝတင်ဆောင်ခွင့် ပြုမည်မဟုတ်ဟု မြန်မာ့မီးရထားဌာန ထံမှ သိရသည်။

PN 05 Popular Myanmar News Journal
Rangonnewsdaily
RND:  :15.3.2013
 

0 comments:

Post a Comment