Pages

Friday, March 15, 2013

ဖေဖော်ဝါရီလတွင် ကားစီးရေ ကိုးသောင်းကျော် မဆေးဒီးစ်ကုမ္ပဏီ ရောင်းချနိုင်ခဲ့

ဖေဖော်ဝါရီလတွင် ကားစီးရေ ကိုးသောင်းကျော် မဆေးဒီးစ်ကုမ္ပဏီ ရောင်းချနိုင်ခဲ့

မတ် ၁၅ ရက်၊၂၀၁၃

ဂျာမနီ ထိပ်တန်း ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မဆေးဒီးစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကား စီးရေ ၉၀,၀၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၉ ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မဆေးဒီးစ်အနေဖြင့် မြောက်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသ စသည့်ဒေသများ၌ ရောင်းအားကိုယ်စီ မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရောင်းအား အကောင်းဆုံးမှာ တူရကီနိုင်ငံတွင် ဖြစ်သည်ဟု “AFP သတင်းဌာန”က ဆိုသည်။

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကားစီးရေ ၂၂,၀၄၀ စီး ရောင်းချကာ ရောင်းအား ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာသလို မက္ကဆီကိုတွင်လည်း ရောင်းအား ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာရှပစိဖိတ်ဒေသတွင် ၁၃.၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယားတွင် ၆.၈ ရာခိုင်နှုန်း၊ သြစတြေးလျတွင် ၃၀.၈ ရာခိုင်နှုန်း၊ တူရကီတွင် ၉၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် ၈.၉ ရာခိုင်နှုန်းစီ ရောင်းအား အသီးသီး မြင့်တက်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ၁၀,၁၃၄ စီး၊ ရုရှားတွင် ၃,၀၅၅ စီး ရောင်းချကာ ရောင်းအား ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျာမနီနိုင်ငံတွင် ၁,၅၃၂ စီး ရောင်းချနိုင်ခဲ့သည်။

မဆေးဒီးစ် ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဂျိုအာချင်ရှမစ်ဇ်က ယခုလို ဖေဖော်ဝါရီလ ရောင်းအားမြင့်တက်လာခြင်းမှာ SUVs နှင့် Compacts ကဲ့သို့ မိုဒယ်အသစ်များအား ၀ယ်ယူသူများက စိတ်ကြိုက်တွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Motors

ဂျာမနီ ထိပ်တန်း ကားကုမ္ပဏီကြီး တစ်ခုဖြစ်သည့် မဆေးဒီးစ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကား စီးရေ ၉၀,၀၈၃ စီး ရောင်းချနိုင်ခဲ့ကြောင်း နိုင်ငံတကာ မီဒီယာများက မတ် ၉ ရက်၌ ရေးသား ဖော်ပြခဲ့သည်။ မဆေးဒီးစ်အနေဖြင့် မြောက်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်းဒေသ စသည့်ဒေသများ၌ ရောင်းအားကိုယ်စီ မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး ရောင်းအား အကောင်းဆုံးမှာ တူရကီနိုင်ငံတွင် ဖြစ်သည်ဟု “AFP သတင်းဌာန”က ဆိုသည်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း အမေရိကန်ပြည်ထောင်စုတွင် ကားစီးရေ ၂၂,၀၄၀ စီး ရောင်းချကာ ရောင်းအား ၂၁.၉ ရာခိုင်နှုန်း မြင့်တက်လာသလို မက္ကဆီကိုတွင်လည်း ရောင်းအား ၁၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အာရှပစိဖိတ်ဒေသတွင် ၁၃.၂ ရာခိုင်နှုန်း၊ တောင်ကိုရီးယားတွင် ၆.၈ ရာခိုင်နှုန်း၊ သြစတြေးလျတွင် ၃၀.၈ ရာခိုင်နှုန်း၊ တူရကီတွင် ၉၅ ရာခိုင်နှုန်း၊ အရှေ့အလယ်ပိုင်း ဒေသတွင် ၈.၉ ရာခိုင်နှုန်းစီ ရောင်းအား အသီးသီး မြင့်တက်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံတွင် ၁၀,၁၃၄ စီး၊ ရုရှားတွင် ၃,၀၅၅ စီး ရောင်းချကာ ရောင်းအား ၁၇.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဂျာမနီနိုင်ငံတွင် ၁,၅၃၂ စီး ရောင်းချနိုင်ခဲ့သည်။

မဆေးဒီးစ် ကုမ္ပဏီမှ အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဂျိုအာချင်ရှမစ်ဇ်က ယခုလို ဖေဖော်ဝါရီလ ရောင်းအားမြင့်တက်လာခြင်းမှာ SUVs နှင့် Compacts ကဲ့သို့ မိုဒယ်အသစ်များအား ၀ယ်ယူသူများက စိတ်ကြိုက်တွေ့ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

Motors
Rangonnewsdaily
RND:  :15.3.2013

0 comments:

Post a Comment