Pages

Friday, March 15, 2013

ဘ၀နတ်ထံပျံလွန်တော်မူသွားတဲ့ မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မဇရဲ့ သက်ရှိထင်ရှားရှိစဉ်က နိုင်ငံအရေး မိန့်မှာချက်

မစိုးရိမ်တိုက်သစ်ဆရာတော် အရှင်ရာဇဓမ္မ ဘ၀နတ်ထံပျံလွန်တော်မူ 


မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည်
၁၃၇၄-ခု၊ တပေါင်းလဆန်း(၂)၇က် ဗုဒ္ဓဟူးနေ့၊ ည(၁၁း၃၈)နာရီအချိန်တွင်
မဟာအောင်မြေ မစိုးရိမ်တိုက်သစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။

-----------------------------


ဆရာတော်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရား
(၁၃၇၃-ခု၊ ၀ါဆိုလ)
အေး - မင်းတို့ လွပ်လပ်ရေးရတာ အခု နှစ်ပေါင်း(၆၃)နှစ် ကျော်လာပြီကွ၊
ဟုတ်လား၊ (၆၃)နှစ် ရှိပါပြီ၊ သူများနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု
ရှိရဲ့လား၊ အင်မတန်ကို နိမ့်ကျတယ်၊
အဲဒါ ဘာကြောင့်လဲဆို မင်းတို့ နိုင်ငံရေး အမြင်မကျယ်ဘူးကွ၊
နိုင်ငံကောင်းအောင် လုပ်တာ နိုင်ငံရေးကွ၊ ကိုယ့်အတ္တအတွက်
ကောင်းအောင်လုပ်တာ နိုင်ငံရေး မဟုတ်ဘူး၊

ငါသာ ကြီးပွားတိုးတက်ရမယ်၊ ကျန်တဲ့သူ ဘယ်သူသေသေ ငတေမာ ပြီးရော-ဆိုတဲ့
ဟာမျိုးက နိုင်ငံရေးဟုတ်ရဲ့လား၊ အဲဒီ နိုင်ငံရေး အမြင်ကျယ်ဘို့ လိုတယ်၊
အဲဒီအမြင်ကျယ်ရင် မင်းတို့ ဗမာပြည် ကောင်းမယ်၊ ဒီအတိုင်းပဲ
သွားကြမယ်ဆိုရင်တော့ သူများနိုင်ငံနောက် အမြဲတမ်း နောက်ကျနေမယ်၊ အဲဒါ
မှတ်ထား။

လူထုလဲ အသိညာဏ်ရှိဖို့ လိုတယ်၊ အစိုးရကလည်း အသိညာဏ်ရှိဖို့ လိုတယ်၊
နေရာတကာ နိုင်ငံရေးကို ကြောက်မနေပါနဲ့၊ နိုင်ငံရေးဆိုတာ ခုနက ပြောသလိုပဲ
တိုင်းပြည်ကောင်းစားဖို့ လုပ်နေတာ အကုန်လုံး နိုင်ငံရေးချည်းပဲ၊ လမ်းမှာ
အမှိုက်ရှင်းတာ နိုင်ငံရေးပဲကွ၊ လမ်းမှာတွေ့တဲ့ စက္ကူလေး ကောက်ပစ်လိုက်တာ
ဒါ နိုင်ငံရေးပဲ ဟုတ်လား၊ လမ်းပေါ်မှာ အမှိုက်မရှုပ်အောင်လုပ်တာ၊ ဒါ
နိုင်ငံရေးပဲ၊

မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
DVB TV News

ဆရာတော်ရဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ တရား(၁၃၇၃-ခု၊ ၀ါဆိုလ) အေး - မင်းတို့ လွပ်လပ်ရေးရတာ အခု နှစ်ပေါင်း(၆၃)နှစ် ကျော်လာပြီကွ၊ ဟုတ်လား၊ (၆၃)နှစ် ရှိပါပြီ၊ သူများနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု ရှိရဲ့လား၊ အင်မတန်ကို နိမ့်ကျတယ်၊ အဲဒါ ဘာကြောင့်လဲဆို မင်းတို့ နိုင်ငံရေး အမြင်မကျယ်ဘူးကွ၊ နိုင်ငံကောင်းအောင် လုပ်တာ နိုင်ငံရေးကွ၊ ကိုယ့်အတ္တအတွက် ကောင်းအောင်လုပ်တာ နိုင်ငံရေး မဟုတ်ဘူး၊ ငါသာ ကြီးပွားတိုးတက်ရမယ်၊ ကျန်တဲ့သူ ဘယ်သူသေသေ ငတေမာ ပြီးရော-ဆိုတဲ့ ဟာမျိုးက နိုင်ငံရေးဟုတ်ရဲ့လား၊ အဲဒီ နိုင်ငံရေး အမြင်ကျယ်ဘို့ လိုတယ်၊ အဲဒီအမြင်ကျယ်ရင် မင်းတို့ ဗမာပြည် ကောင်းမယ်၊ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင်တော့ သူများနိုင်ငံနောက် အမြဲတမ်း နောက်ကျနေမယ်၊ အဲဒါ မှတ်ထား။

လူထုလဲ အသိညာဏ်ရှိဖို့ လိုတယ်၊ အစိုးရကလည်း အသိညာဏ်ရှိဖို့ လိုတယ်၊ နေရာတကာ နိုင်ငံရေးကို ကြောက်မနေပါနဲ့၊ နိုင်ငံရေးဆိုတာ ခုနက ပြောသလိုပဲ တိုင်းပြည်ကောင်းစားဖို့ လုပ်နေတာ အကုန်လုံး နိုင်ငံရေးချည်းပဲ၊ လမ်းမှာ အမှိုက်ရှင်းတာ နိုင်ငံရေးပဲကွ၊ လမ်းမှာတွေ့တဲ့ စက္ကူလေး ကောက်ပစ်လိုက်တာ ဒါ နိုင်ငံရေးပဲ ဟုတ်လား၊ လမ်းပေါ်မှာ အမှိုက်မရှုပ်အောင်လုပ်တာ၊ ဒါ နိုင်ငံရေးပဲ၊
 
မစိုးရိမ်တိုက်သစ်ကြီးများ၏ ပဓာနမဟာနာယကချုပ်ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) သည်၁၃၇၄-ခု၊ တပေါင်းလဆန်း(၂)၇က် ဗုဒ္ဓဟူးနေ့၊ ည(၁၁း၃၈)နာရီအချိန်တွင်မဟာအောင်မြေ မစိုးရိမ်တိုက်သစ်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသည်။


မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)


DVB TV News,Rangonnewsdaily
RND:  :15.3.2013

0 comments:

Post a Comment