Pages

Friday, March 15, 2013

ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို တရားဝင်ဆိုင်းငံ့လိုက်ပြီ

ရန်ကုန်၊ မတ် ၁၅
ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ တရားဝင်ဆိုင်းငံ့လိုက်ပြီဖြစ်ကြောင်း အလုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးခိုင်မောင်ရည်က ပြောကြားသည်။
ပုံနှိပ်ဥပဒေကြမ်းကို ဆက်လက်ဆွေးနွေးခြင်းမပြုရန် ပြည်သူ့လွှတ်တော်အားကစား၊ ယာဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌသူရဦးအေးမြင့်က ယနေ့လွှတ်တော်တွင် အရေးကြီးအဆိုတရပ်အဖြစ် တင်သွင်းလိုက်ခြင်းဖြစ်ပြီး လွှတ်တော်က ဥပဒေကြမ်းဆိုင်းငံ့ရန် တရားဝင် သဘောတူညီလိုက်ခြင်းဖြစ်သည်။
ဧရာဝတီသတင်း
Rangonnewsdaily
RND:  :15.3.2013 

0 comments:

Post a Comment