Pages

Wednesday, January 7, 2015

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယနေ့လာမည်


RangonNewsDaily:: January . 7 .2015
ကုလသမဂ္ဂ၏ မြန်မာနိုင် ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စရန်ဟီးလီ ဇန်န၀ါရီ ၇ ရက် (ယနေ့)တွင် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း ကုလက သတင်းထုတ်ပြန်သည်။

မစ္စရန်ဟီးလီသည် ယခု ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်) ဒေသ များသို့သွားရောက်၍ လူ့ အခွင့်အရေး အခြေအနေများ လေ့လာမည်ဖြစ် သည်။ ရခိုင်ပြည်နယ်ခရီးစဉ်တွင် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်း၊ နှစ်ဖက်လူ့ အဖွဲ့အစည်းမှ ရပ်မိရပ်ဖများနှင့်လည်း တွေ့ဆုံဆွေး နွေးသွားမည်ဟု ကုလကဆိုသည်။

‘‘သူ့ခရီးစဉ်မှာတော့ အဓိက သွားနေကျ နေရာတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တွေ ကို သွားမှာဖြစ်ပါတယ်။ ခရီးစဉ် အားလုံးကို ပြည်ထဲရေးဝန်ကြီး ဌာနကကြီးကြပ်စီစဉ်ပေးတာဖြစ် ပါတယ်’’ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အ စည်းများနှင့် စီးပွားရေးဌာန ညွှန် ကြားရေးမှူး ဦးအောင်ကျော်ဇံက ပြောကြားသည်။

ထို့အပြင် ခရီးစဉ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲကိစ္စ၊ နိုင်ငံ ရေးအကျဉ်းသားများကိစ္စများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူ များအပါအ၀င် အရပ်ဘက်အဖွဲ့ အစည်းများနှင့်တွေ့ဆုံသွားမည် ဖြစ်သည်။‘‘မစ္စရန်ဟီးလီနဲ့ ကျွန်မ၊ မနော်စူဆန်နာလှလှစိုး၊ မရွှေရွှေ စိန်လတ်၊ မမေစံပယ်ဖြူ၊ မခင် ဥမ္မာ အပါအ၀င် အမျိုးသမီးအရေး လှုပ်ရှားသူတွေက ၈ ရက်နေ့မနက်၈ နာရီ UNDP ရုံးမှာတွေ့ကြပါ မယ်။ အဓိကကတော့ Women Right (အမျိုးသမီးအခွင့်အရေး) နဲ့ ပတ်သက်လို့ ပြောမှာပါ။ ဒီမျိုး စောင့် ဥပဒေလေးခုလည်းပါမှာ ပေါ့’’ဟု အမျိုးသမီးရေးရာလှုပ် ရှားသူ ဒေါ်ခင်လေးကပြောသည်။

မစ္စရန်ဟီးလီ၏ ယခုခရီးစဉ် သည် ဆယ်ရက်ကြာမြင့်မည်ဖြစ် ပြီး လေ့လာတွေ့ရှိချက်များကို ဧပြီအတွင်း ပြုလုပ်မည့် ကုလလူ့အ ခွင့်အရေးကောင်စီတွင် အစီရင်ခံစာတင်သွင်းသွား မည်ဖြစ်ကြောင်း ကုလက သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်ခရီးစဉ်တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နှင့် တွေ့ဆုံ၍ ဒေသတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့ အစည်းနှစ်ခုကြား အခြေအနေတို့ ကို လူမှုအခြေပြုအဖွဲ့အစည်း များ၊ဒေသခံများနှင့် တွေ့ဆုံမေးမြန်း ခြင်းလည်း ပြုလုပ်မည်ဟုဆို သည်။အထူးသဖြင့် ၂၀၁၅ ဇန်န၀ါ ရီ ၁၉ ရက် ပြည်ထောင်စုလွှတ် တော်ပြန်လည် စတင်ချိန်တွင် ဆွေးနွေးတော့မည့် မျိုးစောင့် ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဥပဒေရေးဆွဲစီစဉ်သူများ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းဆွေးနွေးမည်ဖြစ် ပြီး အဆိုပါဥပဒေများမှာ မြန်မာ နိုင်ငံ၏ လူနည်းစုနှင့် အမျိုးသမီး များအပေါ် ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် အ ထူးစိုးရိမ်မိကြောင်း မစ္စရန်ဟီးလီ က အဆိုပါထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားသည်။

မကြာသေးမီက ကုလသမဂ္ဂ ၏ ရိုဟင်ဂျာဆိုသူများကို နိုင်ငံ သားသတ်မှတ်ပေးရန် ဆုံးဖြတ် ချက်အတည်ပြုလိုက်ခြင်းနှင့် ပတ်သက်၍လည်း ဝေဖန်ကန့်ကွက်မှု များစွာ ထွက်ပေါ်ခဲ့သည်။

မစ္စရန်ဟီးလီ ပထမအကြိမ်ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ် (ဓာတ်ပုံ − နစ်ကီ)

7Day Daily , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment