Pages

Saturday, February 8, 2014

တရုတ်စစ်သံအမတ်ထံမှ ထောက်ပံ့ငွေများ လက်ခံခဲ့ခြင်းမရှိဟု ဒေါက်တာအေးမောင် ငြင်းဆို

Photo: တရုတ်စစ်သံအမတ်ထံမှ ထောက်ပံ့ငွေများ လက်ခံခဲ့ခြင်းမရှိဟု ဒေါက်တာအေးမောင် ငြင်းဆို
Friday, February 7, 2014

ဒေါက်တာအေးမောင်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးအေးမောင်တို့ တရုတ်စစ်သံအမတ်ထံမှ ရခိုင်လွတ်မြောက်ရေးတပ်မတော်အတွက် ထောက်ပံ့ငွေလက်ခံခဲ့ခြင်းမရှိဟု ဖေဖော်ဝါရီ (၇)ရက်နေ့ ရွှေတိဂုံအရှေ့ဘက် မုခ်ရှိ ရခိုင်ဓမ္မာရုံတွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဖြေကြားလိုက်သည်။

`ပြီးခဲ့တဲ့လက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးက ရခိုင်လူမျိုး ဗဟိုတရားရုံးချုပ်ရှေ့နေတစ် ဦးထံမှာ ဖောက်သည်ချတယ်။ ဒေါက်တာအေးမောင်က တရုတ်စစ်သံအမတ်ဆီက သိန်းပေါင်း၊ သန်းပေါင်းများ စွာယူတယ်။ ယူတဲ့အထောက်အထားကို ပြတယ်။ အဲဒါကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အစည်းအဝေးမှာ ချပြဖို့၊ ရှင်းပြဖို့ လုပ်နေပါတယ်။ ဒီသတင်းကလည်း မကြာဘူး facebook ပေါ်ကို ရောက်သွားတယ်။ ကျွန်တော်တို့ တရုတ်စစ်သံအမတ်ဆီက ငွေယူတယ်ဆိုရင် အထောက်အထားနဲ့တကွ လာရောက်ပြောလို့ရတယ်။ ကျွန်တော်တို့ ဘက်ကလည်း မဟုတ်တဲ့အကြောင်း ရှင်းမယ်´ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့က မလေးရှားနိုင်ငံတွင် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ လုပ်ကြံခံရသည့်ဖြစ်စဉ်မှာ တရုတ်စစ်သံအမတ်က ရခိုင်တပ်မတော်အတွက် ပေးသည့်ငွေကို ယင်းတို့က ဖြတ်စားသည်ဆို သည့်ကိစ္စကြောင့် ရခိုင်တပ်မတော်က လုပ်ကြံခြင်းဖြစ်ကြောင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

`ရခိုင်လူမျိုးအချင်းချင်း လုပ်ကြံတယ်ဆိုတာကိုတော့ ကျွန်တော်လက်မခံဘူး။ ယခု ဗဟိုတရားရုံးချုပ် ရှေ့နေတစ်ဦးဆီကို စာပြန်နေပါပြီ။ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်ထိ ဘယ်သူ့ဆီကမှ ငွေမယူဘူး။ စွပ်စွဲတဲ့သူကလည်း အထောက်အထားနဲ့ လာခဲ့ပါ။ ကျွန်တော် ပွင့်ပွင့်လင်းလင်းရှင်းပြဖို့ ရှိပါတယ်။ ဒါ့အပြင် ရခိုင်တပ်မတော်အနေနဲ့လည်း ပြည်ပမှာ ငွေလာတောင်းတာ၊ ဆွေးနွေးတာ၊ တင်ပြတာ တစ်ခုမှာမရှိခဲ့ပါဘူး´ဟု ဒေါက်တာအေးမောင်က ပြောသည်။

မင်းဆက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

RangonNewsDaily: February . 7 .2014
ဒေါက်တာအေးမောင်နှင့်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဦးအေးမောင်တို့တရုတ်စစ်သံအမတ်ထံမှရခိုင်လွတ်မြောက်
ရေးတပ်မတော်အတွက် ထောက်ပံ့ငွေလက်ခံခဲ့ခြင်းမရှိဟု ဖေဖော်ဝါရီ (၇)ရက်နေ့ ရွှေတိဂုံအရှေ့ဘက် မုခ်ရှိ ရခိုင်ဓမ္မာရုံတွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဖြေကြားလိုက်သည်။ `ပြီးခဲ့တဲ့လက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးက ရခိုင်လူမျိုး ဗဟိုတရားရုံးချုပ်ရှေ့နေတစ် ဦးထံ
မှာ ဖောက်သည်ချတယ်။ ဒေါက်တာအေးမောင်က တရုတ်စစ်သံအမတ်ဆီက သိန်းပေါင်း၊ သန်းပေါင်းများ စွာယူတယ်။ ယူတဲ့အထောက်အထားကို ပြတယ်။ 
 
အဲဒါကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်အစည်းအဝေးမှာ ချပြဖို့၊ ရှင်းပြဖို့ လုပ်နေပါတယ်။ ဒီသတင်းကလည်း မကြာ
ဘူးfacebook ပေါ်ကို ရောက်သွားတယ်။ကျွန်တော်တို့တရုတ်စစ်သံအမတ်ဆီက ငွေယူတယ်ဆိုရင်အထောက်
အထားနဲ့တကွ လာရောက်ပြောလို့ရတယ်။ ကျွန်တော်တို့ ဘက်ကလည်း မဟုတ်တဲ့အကြောင်း ရှင်းမယ်
´ဟု ဒေါက်တာအေးမောင်က ပြောသည်။

ဖေဖော်ဝါရီလ (၆) ရက်နေ့က မလေးရှားနိုင်ငံတွင် ဒေါက်တာအေးမောင်၊ ဦးအေးသာအောင်တို့ လုပ်ကြံခံရ
သည့်ဖြစ်စဉ်မှာတရုတ်စစ်သံအမတ်ကရခိုင်တပ်မတော်အတွက် ပေးသည့်ငွေကို ယင်းတို့က ဖြတ်စားသည်
ဆို သည့်ကိစ္စကြောင့် ရခိုင်တပ်မတော်က လုပ်ကြံခြင်းဖြစ်ကြောင်း အင်တာနက်ပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ရခိုင်လူမျိုးအချင်းချင်း လုပ်ကြံတယ်ဆိုတာကိုတော့ ကျွန်တော်လက်မခံဘူး။ ယခု ဗဟိုတရားရုံးချုပ် ရှေ့နေ
တစ်ဦးဆီကို စာပြန်နေပါပြီ။ ကျွန်တော်ပြောချင်တာကတော့ ယခုအချိန်ထိ ဘယ်သူ့ဆီကမှ ငွေမယူဘူး။ စွပ်စွဲတဲ့သူကလည်း အထောက်အထားနဲ့ လာခဲ့ပါ။ 
 
 ကျွန်တော် ပွင့်ပွင့်လင်းလင်းရှင်းပြဖို့ ရှိပါတယ်။ ဒါ့အပြင် ရခိုင်တပ်မတော်အနေနဲ့လည်း ပြည်ပမှာ ငွေလာ
တောင်းတာ၊ ဆွေးနွေးတာ၊ တင်ပြတာ တစ်ခုမှာမရှိခဲ့ပါဘူး´ဟု ဒေါက်တာအေးမောင်က ပြောသည်။

မင်းဆက်
News Watch , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment