RangonNewsDaily: February . 7 .2014
ရန်ကုန်မြို့တွင်းရှိ ကမ်းနားလမ်းတွင် ခေတ်မီစက်လှေကား တပ်ဆင်ထားသော လူကူးခုံးကျော်တံတားကြီး
ကို မြန်မာနိုင်ငံ၌ ပထမဆုံးတည်ဆောက်သွားမည်ဖြစ်ကြော င်း ရန်ကုန်မြို့တော် စည်ပင်သာ
ယာရေးကော်မတီ လမ်းတံတားဌာနရှိ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ယခုကဲ့သို့ တည်ဆောက်ရခြင်းသည် ရန်ကုန်မှဒလသို့ သွား လာနေသည့် ကူးတို့စီးနင်းရသည့်ခရီးသည်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကင်းဝေးစေရန်အတွက် ရည်ရွယ် ခြင်းဖြစ်ကြောင်းသိရ
သည်။
''ရန်ကုန်ကနေ ဒလကို ကူးတို့သင်္ဘော နဲ့ နေ့စဉ်သွားလာနေတဲ့ခရီးသည်တွေ လမ်းဖြတ်ကူးတဲ့အခါ ယာဉ် မတော်တဆမှု မဖြစ်စေဖို့ ယခုလိုတံတားဆောက်ဖို့စီစဉ်ရတာပါ။
ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ကမ်းနားလမ်းမကြီးကို ဖြတ်သန်းသွား လာတဲ့ ခရီးသည်တွေက တစ်ရက်ကို
သုံးသောင်းနဲ့ လေးသောင်းကြားမှာရှိပါတယ်''ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီ မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ခေတ်မီစက်လှေကားတပ်ဆင်ထားသည့် လူကူးခုံးကျော် တံတားတည်ဆောက်မှုသည် ကမ်းနား
လမ်းဟောင်းနှင့်ကမ်းနားလ မ်း
သစ်တို့ကို ကျော်ဖြတ်တည်ဆောက်ပြီး ပန်းဆိုးတန်းနှင့် နန်းသီတာ
ဆိပ်
ကမ်းဖြတ်သန်းမည့်တံတားကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် First Myanmar Investment ကုမ္ပဏီတို့ ပူးပေါင်း ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ ဒလသို့ပြေးဆွဲနေသော ကူးတို့သင်္ဘောများသည် ၁ဝ မိနစ်လျှင်တစ်ကြိမ်ဆိုက်ကပ်ကာ သင်္ဘော
တစ်စင်းတွင် ခရီးသွား ပြည်သူ ၄ဝဝ နီးပါးတင်ဆောင်နေပြီး တစ်နေ့လျှင် ၄၆ ခေါက်ခန့် ပြေးဆွဲလျက်
ရှိကြောင်း သိရသည်။
The Union Daily , kolatt(PBDN)
RangonNewsDaily
ရန်ကုန်မြို့တွင်းရှိ ကမ်းနားလမ်းတွင် ခေတ်မီစက်လှေကား တပ်ဆင်ထားသော လူကူးခုံးကျော်တံတားကြီး
ကို မြန်မာနိုင်ငံ၌ ပထမဆုံးတည်ဆောက်သွားမည်ဖြစ်ကြော
ယာရေးကော်မတီ လမ်းတံတားဌာနရှိ တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
ယခုကဲ့သို့ တည်ဆောက်ရခြင်းသည် ရန်ကုန်မှဒလသို့ သွား လာနေသည့် ကူးတို့စီးနင်းရသည့်ခရီးသည်များ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုကင်းဝေးစေရန်အတွက် ရည်ရွယ် ခြင်းဖြစ်ကြောင်းသိရ
သည်။
''ရန်ကုန်ကနေ ဒလကို ကူးတို့သင်္ဘော နဲ့ နေ့စဉ်သွားလာနေတဲ့ခရီးသည်တွေ လမ်းဖြတ်ကူးတဲ့အခါ ယာဉ် မတော်တဆမှု မဖြစ်စေဖို့ ယခုလိုတံတားဆောက်ဖို့စီစဉ်ရတာပါ။
ရုံးတက်၊ ရုံးဆင်းချိန်တွေမှာ ကမ်းနားလမ်းမကြီးကို ဖြတ်သန်းသွား လာတဲ့ ခရီးသည်တွေက တစ်ရက်ကို
သုံးသောင်းနဲ့ လေးသောင်းကြားမှာရှိပါတယ်''ဟုရန
တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ခေတ်မီစက်လှေကားတပ်ဆင်ထားသည့် လူကူးခုံးကျော် တံတားတည်ဆောက်မှုသည် ကမ်းနား
လမ်းဟောင်းနှင့်ကမ်းနားလ
ကမ်းဖြတ်သန်းမည့်တံတားကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် First Myanmar Investment ကုမ္ပဏီတို့ ပူးပေါင်း ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မှ ဒလသို့ပြေးဆွဲနေသော ကူးတို့သင်္ဘောများသည် ၁ဝ မိနစ်လျှင်တစ်ကြိမ်ဆိုက်ကပ်ကာ သင်္ဘော
တစ်စင်းတွင် ခရီးသွား ပြည်သူ ၄ဝဝ နီးပါးတင်ဆောင်နေပြီး တစ်နေ့လျှင် ၄၆ ခေါက်ခန့် ပြေးဆွဲလျက်
ရှိကြောင်း သိရသည်။
The Union Daily , kolatt(PBDN)
RangonNewsDaily



0 comments:
Post a Comment