Pages

Saturday, February 8, 2014

ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား

Photo: ခြေချောင်းလေးများ ဖြူဖွေး လှပ စေချင်လား
Saturday, February 8, 2014

ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ

ခြေထောက်ဆေးပါ

ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြော ပေးတာဟာ သက်သောင့်သက်သာ ရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ၊

ရေလောင်းပြီး ခြေထောက် ဆေးတာထက် ပိုပြီး ခြေထောက်ကို သန့်စင် စေနိုင်ပါတယ်။ ပြီးရင် Foot Cream တစ်မျိုးကို လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာ စေပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက် စိမ်ထားပေးလို့ ရပါတယ်။

ခြေချောင်းကြား ကြေးချွတ်ပါ

ရေချိုးချိန်မှာ ခြေချောင်း ကြားလေးတွေကို ကြေးချွတ် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ခြေထောက်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးတွေစီးပြီး အမြဲတမ်း အပြင်ထွက်ရတဲ့ အခါမျိုးမှာ သင့်ခြေချောင်း ကြားထဲမှာ ချွေး၊ သဲ၊ မြေမှုန့်တွေကြောင့် အညစ်အကြေးတွေ ရှိနေ တတ်ပါတယ်။ တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ် ပေးသင့်ပါတယ်။ ဒါဟာ ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြား ရောဂါတချို့ကို သက်သာ စေနိုင်ပါတယ်။

ဖိနပ်ဝယ်တဲ့အချိန် မှန်ပါစေ

ဖိနပ်ဝယ်တော့မယ် ဆိုရင် ညနေခင်းပိုင်းမှာ ဝယ်ပါ။ ဖိနပ်ကို စီးကြည့်လိုက်လို့ သက်သောင့်သက်သာ ရှိပြီး လမ်းလျှောက်ရတာ အဆင်ပြေမယ် ဆိုရင်တော့ သင့်အတွက် ဖိနပ်ကောင်း တစ်ရန်ပါပဲ။

နေရောင်ကာခရင်မ်ကို သုံးပါ

သင့်ခြေထောက်ဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် နေရောင်ခြည်ရဲ့ထိခိုက်မှုကို ခံရလေ့ ရှိပါတယ်။ ခြေစွပ်ဝတ်ရတဲ့ ဖိနပ်မျိုးနဲ့၊ ဖိနပ် အပိတ်တွေကို ဝတ်ဆင်သူ ဆိုရင်တော့ ပြဿနာ မရှိပေမယ့်၊ ဖိနပ်အပွင့်မျိုးတွေ စီးသူဆိုရင်တော့ နေရောင်ကာတဲ့ ခရင်မ်တစ်မျိုး လိမ်းပေးဖို့ လိုပါတယ်။

ကြေးချွတ်သန့်စင်ပါ

ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်တော်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ပုံမှန်ခြေ ဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသ လုံး နေရာတွေ အထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်တဲ့ အပြင် အရေပြား ကိုလည်း ချောမွေ့နေစေပါတယ်။

ခြေသည်းကို ဂရုစိုက်ပါ

အရမ်းရှည်လွန်းတဲ့ လက်သည်းဟာ သိပ်ပြဿနာ မရှိပေမယ့် ခြေသည်း ကတော့ အရမ်း ရှည်လွန်းရင် ပိုထိခိုက် လွယ်ပါတယ်။ ဒါကြောင့် ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။ ခြေသည်းထောင့် နေရာတွေကို မှန်မှန်ညှပ်ပြီး ကြေးတွေထုတ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေချိုးပြီးချိန်နဲ့ ခြေထောက် ဆေးကြောသန့်စင်ပြီးချိန်မှာ ခြေသည်းညှပ်ပါ။

ကျန်းမာပါစေ

လှပပြီး ကျန်းမာတဲ့ ခြေထောက် ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့ကျင့်ခန်း ကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ သုံးတဲ့ ဖိနပ်ကလည်း အရမ်းကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး၊ ခြေချောင်း လေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက်ရအောင်တော့ ချောင်နေသင့်ပါတယ်။

Foot Spray သုံးပါ

ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက်တာနဲ့ ခြေထောက် ချွေးနံ့ကို သက်သာ စေပါတယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြား ထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။

သန့်ရှင်းစေပါ

ခြေထောက် ညစ်ပေနေတိုင်း ဆပ်ပြာသုံးပြီး ခြေချောင်းနဲ့ ခြေသည်းကြားတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ ပုံမှန် သန့်စင်ပေးပါ။

ရေဓာတ်ဖြည့်ပါ

ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန် လိမ်းပေးပါ။ ခရင်မ် မလိမ်းခင် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးရင် ရေဓာတ် စိမ့်ဝင်မှု ပိုပြီး ကောင်းမွန် စေပါတယ်။

ပြန်လည် လန်းဆန်းပါစေ

ပုံမှန် ရေနွေးနွေးနဲ့ မသန့်စင်နိုင်ရင်တောင် တစ်ပတ် တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေးလည်ပတ်မှု အတိုင်း နှိပ်နယ်ပေးပါ။ တစ်လလုံး ခြေသည်းနီး ဆိုးတာမျိုး မလုပ်ဘဲ တစ်လမှာ ရက်အနည်းငယ် လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီ မျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လို နေရာမျိုးတွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက် ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။

ဖိနပ်အမြင့်ကြီးတွေ ရှောင်ပါ

ဒေါက်ဖိနပ် တွေက သင့်ကို အရပ်ပိုမြင့်စေပြီး စမတ်ကျ စေတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ လမ်းအများကြီး လျှောက်ရမယ်ဆိုရင်တော့ နှစ်လက်မဒေါက်လောက်ပဲ စီးသင့် ပါတယ်။ ကြာရင် သင့်ခြေထောက်ကို သာမကဘဲ ခါးကိုပါ ထိခိုက် စေနိုင်တာကြောင့်ပါ။

လက်သည်းဖျက်ဆေး ကောင်းကောင်း သုံးပါ

အရက်ပြန် တစ်မျိုးတည်း ပါဝင်တဲ့ လက်သည်း ဖျက်ဆေးမျိုးကို မသုံးပါနဲ့။ ဒါဟာ လက်သည်းအရောင် တောက်ပမှုနဲ့ သဘာဝ လက်သည်း အရောင်ကို မွဲခြောက် သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး Nail Polish Remover ကို ရွေးချယ်ပါ။

နှိပ်နယ်ပေးပါ

ပုံမှန်ခြေထောက် နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှု တွေကို သက်သာ စေပါတယ်။

ခြေသည်းအလှပြင်ပါ

ပုံမှန် ညှပ်ပေးတာကတော့ ပုံမှန် သန့်စင်မှုတွေပါပဲ။ ပိုပြီး တောက်ပြောင်ပြီး ဆွဲဆောင်မှုရှိတဲ့ ခြေသည်း အရောင်လေး ဖြစ်နေဖို့ကတော့ ခြေသည်းကို အလှဆင်ပေးဖို့ လိုပါတယ်။ ခြေထောက် သန့်စင်ပြီးချိန်မှာ ကြိုက်နှစ်သက်တဲ့ အရောင်လေး ဆိုးပေးနိုင်သလို ပုံစံဒီဇိုင်းမျိုး ပုံဖော်ပြီး အလှဆင်ပေးပါ။ ဖော်ပြပါအချက်တွေကို ပုံမှန်ပြုလုပ်ပေးရင်း ကျန်းမာတဲ့ ခြေထောက် လှလှလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။

နန္ဒာမ( By လမင်းလေး Good Healthy )

RangonNewsDaily: February . 8 .2014
ခြေချောင်းလေးများ ဖြူဖွေး လှပနေစေမည့် အိမ်တွင်း ဂရုစိုက်မှု နည်းလမ်းများ ခြေထောက်ဆေးပါ
ရေနွေးနွေးလေးနဲ့ ခြေထောက်ကို စိမ်ထားပြီး ဆေးကြော ပေးတာဟာ သက်သောင့်သက်သာ ရှိသလို ပင်ပန်းမှုတွေလည်း ပြေစေကာ၊

ရေလောင်းပြီး ခြေထောက် ဆေးတာထက် ပိုပြီး ခြေထောက်ကို သန့်စင် စေနိုင်ပါတယ်။ ပြီးရင် Foot Cream တစ်မျိုးကို လိမ်းပေးပါ။ ဒါဟာ ခြေထောက် ခြောက်သွေ့ အက်ကွဲတာနဲ့ အရေပြား ပွန်းပဲ့မှုတွေကို သက်သာ စေပါတယ်။ အလုပ်က ပြန်လာပြီး ညစာစားပြီးလို့ တီဗီကြည့်ရင်း အပန်းဖြေနေချိန်မှာ ခြေထောက် စိမ်ထားပေးလို့ ရပါတယ်။

ခြေချောင်းကြား ကြေးချွတ်ပါ

ရေချိုးချိန်မှာ ခြေချောင်း ကြားလေးတွေကို ကြေးချွတ် သန့်စင်ပေးဖို့ အရေးကြီးပါတယ်။ ခြေထောက်နဲ့ ကွက်တိဖြစ်တဲ့ ဖိနပ်မျိုးတွေစီးပြီး အမြဲတမ်း အပြင်ထွက်ရတဲ့ အခါမျိုးမှာ သင့်ခြေချောင်း ကြားထဲမှာ ချွေး၊ သဲ၊ မြေမှုန့်တွေကြောင့် အညစ်အကြေးတွေ ရှိနေ တတ်ပါတယ်။ တစ်မိနစ်လောက် ဘရပ်ရှ်နဲ့ခပ်ဖွဖွ ပွတ်တိုက် ကြေးချွတ် ပေးသင့်ပါတယ်။ ဒါဟာ ခြေထောက် အနံ့ထွက်တာနဲ့ ခြေထောက်ကြားမှာ ဖြစ်တတ်တဲ့ အရေပြား ရောဂါတချို့ကို သက်သာ စေနိုင်ပါတယ်။

ဖိနပ်ဝယ်တဲ့အချိန် မှန်ပါစေ
ဖိနပ်ဝယ်တော့မယ် ဆိုရင် ညနေခင်းပိုင်းမှာ ဝယ်ပါ။ ဖိနပ်ကို စီးကြည့်လိုက်လို့ သက်သောင့်သက်သာ ရှိပြီး လမ်းလျှောက်ရတာ အဆင်ပြေမယ် ဆိုရင်တော့ သင့်အတွက် ဖိနပ်ကောင်း တစ်ရန်ပါပဲ။

နေရောင်ကာခရင်မ်ကို သုံးပါ
 
သင့်ခြေထောက်ဟာ တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေထက် နေရောင်ခြည်ရဲ့ထိခိုက်မှုကို ခံရလေ့ ရှိပါတယ်။ ခြေစွပ်ဝတ်ရတဲ့ ဖိနပ်မျိုးနဲ့၊ ဖိနပ် အပိတ်တွေကို ဝတ်ဆင်သူ ဆိုရင်တော့ ပြဿနာ မရှိပေမယ့်၊ ဖိနပ်အပွင့်မျိုးတွေ စီးသူဆိုရင်တော့ နေရောင်ကာတဲ့ ခရင်မ်တစ်မျိုး လိမ်းပေးဖို့ လိုပါတယ်။

ကြေးချွတ်သန့်စင်ပါ

ဈေးကွက်ထဲမှာ အရေပြားကြေးချွတ် သန့်စင်တဲ့ ပစ္စည်းတွေ စုံလို့ပါပဲ။ သင့်အသားအရေ၊ အရေပြားနဲ့ သင့်
တော်တဲ့ ပစ္စည်းတစ်မျိုးကို သုံးပြီး ပုံမှန်ခြေ ဖနောင့်၊ ခြေချောင်းတွေနဲ့ ခြေသ လုံး နေရာတွေ အထိ ကြေးချွတ်ပေးပါ။ ဒါဟာ သင့်အရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှား ပေးနိုင်တဲ့ အပြင် အရေပြား ကိုလည်း ချောမွေ့နေစေပါတယ်။

ခြေသည်းကို ဂရုစိုက်ပါ

အရမ်းရှည်လွန်းတဲ့ လက်သည်းဟာ သိပ်ပြဿနာ မရှိပေမယ့် ခြေသည်း ကတော့ အရမ်း ရှည်လွန်းရင် ပိုထိခိုက် လွယ်ပါတယ်။ဒါကြောင့်ပုံမှန်ညှပ်ပေးဖို့ လိုပါတယ်။ ခြေသည်းထောင့် နေရာတွေကို မှန်မှန်ညှပ်ပြီး ကြေးတွေ
ထုတ်ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ရေချိုးပြီးချိန်နဲ့ ခြေထောက် ဆေးကြောသန့်စင်ပြီးချိန်မှာ ခြေသည်းညှပ်
ပါ။

ကျန်းမာပါစေ

လှပပြီး ကျန်းမာတဲ့ ခြေထောက် ဖြစ်ဖို့ကတော့ လေ့ကျင့်ခန်း လုပ်ဖို့လည်း လိုပါတယ်။ လမ်းလျှောက်တဲ့ လေ့
ကျင့်ခန်း ကတော့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ သုံးတဲ့ ဖိနပ်ကလည်း အရမ်း
ကျပ်လွန်း၊ ချောင်လွန်းတာမျိုး မဟုတ်ဘဲ ခြေဖဝါး၊ ခြေချောင်း လေးတွေနဲ့ ဖိနပ်ကြားမှာလေဝင်၊ လေထွက်
ရအောင်တော့ ချောင်နေသင့်ပါတယ်။

Foot Spray သုံးပါ

ခြေထောက်ကိုဖျန်းတဲ့ စပရေးကို သုံးပေးတာဟာ ဖိနပ်ပေါက်တာနဲ့ ခြေထောက် ချွေးနံ့ကို သက်သာ စေပါ
တယ်။ ခြေထောက်အပိတ် ဖိနပ်တွေကိုပြင်ပ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးမှာ သိမ်းဆည်းပေးပါ။ သံလွင်၊ လီမွန်စတာ တွေပါဝင်တဲ့ Foot Spray မျိုးဟာ အရေပြား ထဲကို စိမ့်ဝင်မှုအား ပိုကောင်းပါတယ်။

သန့်ရှင်းစေပါ

ခြေထောက် ညစ်ပေနေတိုင်း ဆပ်ပြာသုံးပြီး ခြေချောင်းနဲ့ ခြေသည်းကြားတွေကို ပွတ်တိုက် သန့်စင်ပေးပါ။ မနက်တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီး တစ်ကြိမ်တော့ ပုံမှန် သန့်စင်ပေးပါ။

ရေဓာတ်ဖြည့်ပါ

ရေဓာတ် (Moisturize) ပါဝင်တဲ့ ခရင်မ်တစ်မျိုးကို သင့်လက်ဖဝါးနဲ့ ခြေဖဝါးတွေကို ပုံမှန် လိမ်းပေးပါ။ ခရင်မ် မလိမ်းခင် အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားပေးရင် ရေဓာတ် စိမ့်ဝင်မှု ပိုပြီး ကောင်းမွန် စေပါ
တယ်။

ပြန်လည် လန်းဆန်းပါစေ

ပုံမှန် ရေနွေးနွေးနဲ့ မသန့်စင်နိုင်ရင်တောင် တစ်ပတ် တစ်ကြိမ်လောက်တော့ ရေနွေးနွေးနဲ့ စိမ်ပေးပြီး သွေး
လည်ပတ်မှုအတိုင်း နှိပ်နယ်ပေးပါ။တစ်လလုံး ခြေသည်းနီးဆိုးတာမျိုးမလုပ်ဘဲတစ်လမှာ ရက်အနည်းငယ်
လောက်တော့ ခြေသည်းကို အားဖြည့်ပေးတဲ့ ခြေသည်းနီ မျိုးတွေ ဆိုးပေးပါ။ မြက်ခင်းနဲ့ သဲပြင်လို နေရာမျိုး
တွေမှာ ဖိနပ်မစီးဘဲ လမ်းလျှောက် ပေးတာဟာ သင့်ခြေဖဝါးတွေကို သက်သောင့် သက်သာ ဖြစ်စေပါတယ်။

ဖိနပ်အမြင့်ကြီးတွေ ရှောင်ပါ

ဒေါက်ဖိနပ် တွေက သင့်ကို အရပ်ပိုမြင့်စေပြီး စမတ်ကျ စေတာတော့မှန်ပါတယ်။ဒါပေမဲ့ တစ်ခါတလေ လမ်း
အများကြီး လျှောက်ရမယ်ဆိုရင်တော့နှစ်လက်မဒေါက်လောက်ပဲစီးသင့်ပါတယ်။ ကြာရင် သင့်ခြေထောက်
ကို သာမကဘဲ ခါးကိုပါ ထိခိုက် စေနိုင်တာကြောင့်ပါ။

လက်သည်းဖျက်ဆေး ကောင်းကောင်း သုံးပါ

အရက်ပြန်တစ်မျိုးတည်းပါဝင်တဲ့လက်သည်းဖျက်ဆေးမျိုးကို မသုံးပါနဲ့။ ဒါဟာ လက်သည်းအရောင် တောက်
ပမှုနဲ့ သဘာဝ လက်သည်း အရောင်ကို မွဲခြောက် သွားစေပါတယ်။ ဒါကြောင့် အကောင်းဆုံး Nail Polish Remover ကို ရွေးချယ်ပါ။

နှိပ်နယ်ပေးပါ

ပုံမှန်ခြေထောက် နှိပ်နယ် ပေးတာကြောင့် သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ခြေထောက် ရောင်ရမ်းမှု
တွေကို သက်သာ စေပါတယ်။

ခြေသည်းအလှပြင်ပါ

ပုံမှန်ညှပ်ပေးတာကတော့ပုံမှန်သန့်စင်မှုတွေပါပဲ။ပိုပြီး တောက်ပြောင်ပြီးဆွဲဆောင်မှုရှိတဲ့ ခြေသည်းအရောင်
လေး ဖြစ်နေဖို့ကတော့ ခြေသည်းကိုအလှဆင်ပေးဖို့လိုပါတယ်။ ခြေထောက်သန့်စင်ပြီးချိန်မှာကြိုက်နှစ်သက်
တဲ့ အရောင်လေး ဆိုးပေးနိုင်သလို ပုံစံဒီဇိုင်းမျိုး ပုံဖော်ပြီး အလှဆင်ပေးပါ။ ဖော်ပြပါအချက်တွေကို ပုံမှန်ပြု
လုပ်ပေးရင်း ကျန်းမာတဲ့ ခြေထောက် လှလှလေးကို ပိုင်ဆိုင် နိုင်ကြပါစေ။

လမင်းလေး Good Healthy 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment