Pages

Tuesday, March 19, 2013

"မြို့မငြိမ်းရဲ့သားဖြစ်သူဆရာဦးရွှန်းမြိုင်ပြောတဲ့ မခို့တရို့မန္တလေးသင်္ကြန်"

"မြို့မငြိမ်းရဲ့သားဖြစ်သူဆရာဦးရွှန်းမြိုင်ပြောတဲ့ မခို့တရို့မန္တလေးသင်္ကြန်"
Tuesday, March 19, 2013

မြို့မ တူရိယာအသင်းကြီးဟာ ၁၉၉၆ခုနှစ်နောက်ပိုင်း ပြန်လည် လှည့်လည်ဖျော်ဖြေတဲ့ အချိန်မှာ ပထမဦးဆုံး မြို့တော်ဝန်မဏ္ဍပ်
မှာ အထိုင်အနေနဲ့ ဖျော်ဖြေတာဖြစ် တယ်လို့သိရပါတယ်။

မန္တလေး သင်္ကြန်နဲ့မြို့မအသင်းကြီး၊ မန္တလေး ပရိသတ်အကြောင်းကို
လည်း မြို့မ ငြိမ်းရဲ့သားဖြစ်သူ ဆရာဦးရွှန်း မြိုင် ကအခုလိုပြောပြပါတယ်။ " ဟိုတုန်းက သင်္ကြန်မှာဆို ရိုးရိုးအရပ်သူအရပ် သားပဲဖြစ်နေနေ အကကို
ညီညီညွတ်ညွတ် ယိမ်းဆန်ဆန်ကတတ်ကြတယ်။

အဲ့ဒီလိုအကအတွက်လည်း သီချင်းတိုတိုလေးတွေရေးကြတယ်။ ကလို့ ကောင်းအောင်ရေးတဲ့ သီချင်းတွေ လည်းရှိတယ်။

ကလို့ကောင်းအောင် လည်းရေးရတာပေါ့။ကတတ်တဲ့သူကျ တော့လည်း သူ့ရဲ့ အကပညာနဲ့ပေါင်းပြီး အကအလှကို ဖော်ကျူးတဲ့ပုံစံမျိုး။မကတတ်တဲ့ အရပ်သူတွေအတွက် ကျတော့လည်း မကတတ်တဲ့အမူ အရာမျိုးကိုပြောတဲ့
စာသားပုံစံမျိုးလေး တွေပါတာပေါ့။

တနည်းအားဖြင့် မခို့ တရို့လိုစကားလုံးလေးတွေလိုမျိုးပေါ့။အခုတော့ အဲဒီလိုမခို့တရို့ဆိုတဲ့ စကားလုံးလေးတွေရှိပါဦးမလား။ မခို့တရို့ ဆိုတဲ့
စကားသားပုံစံမျိုးက ကိုယ့်ရဲ့ ပင်ကိုရိုးသားတဲ့ ပုံစံကိုဖော်ပြတဲ့
သဘောလည်းပါတယ်။

ဟန်လုပ်ပြီးတဲ့ကနွဲ့ကလျဆန်ဆန်လေးလို ပုံစံပါတဲ့ သဘောလည်း
သက်ရောက်တာပဲ။အဲဒီ တော့ရှက်လို့လည်း မခို့တရို့ဖြစ်နိုင်တာပဲ။ ရှက်တော့ ဟိုကြည့်ဒီကြည့် ပုံစံလေးပေါ့။

မခို့ တရို့သင်္ကြန်ကမန္တလေးမှာပျောက်နေ တာအတော်ကြာပြီ။သင်္ကြန်မယ်
လေးတွေနဲ့ သင်္ကြန်ချစ်သူပရိသတ်အား ပေးသူပရိသတ်။တေးဆိုတီးမှုတ်
ကြတဲ့ အဖွဲ့တွေအချင်းချင်း မေတ္တာဖလှယ်ပြီးတော့ ဆိုကြ၊တီးကြတဲ့လူက ဆိုကြတီးကြသလိုကတဲ့သူက ကပေါ့။ အဲဒီတုံ့ပြန်မှုလေးတွေက အင်မတန် အနှစ်သာရရှိတယ်။ အခုအချိန်တော့ အင်မတန် စီးပွားရေးဆန်လာတယ်။

စီးပွားရေးဆန်တော့ သင်္ကြန်ရဲ့ ရသဟာ သူတို့ရဲ့ဇိမ်ခံမှုပေါ်မှာ
ပျောက်ပျက်ကုန်တော့တာပဲ။ ယဉ်ကျေးမှုလည်း ပျောက်ပျက်တယ်။
ကလေးတွေရဲ့ သဘောသဘာဝတွေကလည်း သွေဖည်သွားပြီးတော့
လမ်းတွေလွဲမှားစေတဲ့ ကိစ္စတွေဖြစ်လာတယ်။

ဒီ မြို့မအသင်း ကြီးနှစ်တိုင်းဆင်နွှဲတယ်ဆိုတာလည်း သင်္ကြန်အနှစ်သာ
ရတွေ၊အမျိုးသားယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ပါပဲ" လို့ ၁၉၆၃ခုနှစ်မှာ
မြို့မတူရိယာအသင်း  ကြီးမှာစတင်ပါဝင်ခဲ့တဲ့ လက်ရှိဥက္ကဋ္ဌ (ပညာရေး)
မှာ တာဝန်ယူထားတဲ့ ဆရာဦးရွှန်းမြိုင်က ပြောပါတယ်။

Popular Journal


Tuesday, March 19, 2013


မြို့မ တူရိယာအသင်းကြီးဟာ ၁၉၉၆ခုနှစ်နောက်ပိုင်း ပြန်လည် လှည့်လည်ဖျော်ဖြေတဲ့ အချိန်မှာ ပထမဦးဆုံး မြို့တော်ဝန်မဏ္ဍပ် မှာ အထိုင်အနေနဲ့ ဖျော်ဖြေတာဖြစ် တယ်လို့သိရပါတယ်။
မန္တလေး သင်္ကြန်နဲ့မြို့မအသင်းကြီး၊ မန္တလေး ပရိသတ်အကြောင်းကို လည်း မြို့မ ငြိမ်းရဲ့သားဖြစ်သူ ဆရာဦးရွှန်း မြိုင် ကအခုလိုပြောပြပါတယ်။ " ဟိုတုန်းက သင်္ကြန်မှာဆို ရိုးရိုးအရပ်သူအရပ် သားပဲဖြစ်နေနေ အကကို ညီညီညွတ်ညွတ် ယိမ်းဆန်ဆန်ကတတ်ကြတယ်။


အဲ့ဒီလိုအကအတွက်လည်း သီချင်းတိုတိုလေးတွေရေးကြတယ်။ ကလို့ ကောင်းအောင်ရေးတဲ့ သီချင်းတွေ လည်းရှိတယ်။


ကလို့ကောင်းအောင် လည်းရေးရတာပေါ့။ကတတ်တဲ့သူကျ တော့လည်း သူ့ရဲ့ အကပညာနဲ့ပေါင်းပြီး အကအလှကို ဖော်ကျူးတဲ့ပုံစံမျိုး။မကတတ်တဲ့ အရပ်သူတွေအတွက် ကျတော့လည်း မကတတ်တဲ့အမူ အရာမျိုးကိုပြောတဲ့ စာသားပုံစံမျိုးလေး တွေပါတာပေါ့။


တနည်းအားဖြင့် မခို့ တရို့လိုစကားလုံးလေးတွေလိုမျိုးပေါ့။အခုတော့ အဲဒီလိုမခို့တရို့ဆိုတဲ့ စကားလုံးလေးတွေရှိပါဦးမလား။ မခို့တရို့ ဆိုတဲ့ စကားသားပုံစံမျိုးက ကိုယ့်ရဲ့ ပင်ကိုရိုးသားတဲ့ ပုံစံကိုဖော်ပြတဲ့ သဘောလည်းပါတယ်။


ဟန်လုပ်ပြီးတဲ့ကနွဲ့ကလျဆန်ဆန်လေးလို ပုံစံပါတဲ့ သဘောလည်း သက်ရောက်တာပဲ။အဲဒီ တော့ရှက်လို့လည်း မခို့တရို့ဖြစ်နိုင်တာပဲ။ 

ရှက်တော့ ဟိုကြည့်ဒီကြည့် ပုံစံလေးပေါ့။မခို့ တရို့သင်္ကြန်ကမန္တလေးမှာပျောက်နေ တာအတော်ကြာပြီ။သင်္ကြန်မယ် လေးတွေနဲ့ သင်္ကြန်ချစ်သူပရိသတ်အား ပေးသူပရိသတ်။တေးဆိုတီးမှုတ် ကြတဲ့ အဖွဲ့တွေအချင်းချင်း မေတ္တာဖလှယ်ပြီးတော့ ဆိုကြ၊တီးကြတဲ့လူက ဆိုကြတီးကြသလိုကတဲ့သူက ကပေါ့။ အဲဒီတုံ့ပြန်မှုလေးတွေက အင်မတန် အနှစ်သာရရှိတယ်။ အခုအချိန်တော့ အင်မတန် စီးပွားရေးဆန်လာတယ်။


စီးပွားရေးဆန်တော့ သင်္ကြန်ရဲ့ ရသဟာ သူတို့ရဲ့ဇိမ်ခံမှုပေါ်မှာ ပျောက်ပျက်ကုန်တော့တာပဲ။ ယဉ်ကျေးမှုလည်း ပျောက်ပျက်တယ်။ ကလေးတွေရဲ့ သဘောသဘာဝတွေကလည်း သွေဖည်သွားပြီးတော့
လမ်းတွေလွဲမှားစေတဲ့ ကိစ္စတွေဖြစ်လာတယ်။


ဒီ မြို့မအသင်း ကြီးနှစ်တိုင်းဆင်နွှဲတယ်ဆိုတာလည်း သင်္ကြန်အနှစ်သာ ရတွေ၊အမျိုးသားယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ပါပဲ" လို့ ၁၉၆၃ခုနှစ်မှာ မြို့မတူရိယာအသင်း ကြီးမှာစတင်ပါဝင်ခဲ့တဲ့ လက်ရှိဥက္ကဋ္ဌ (ပညာရေး)
မှာ တာဝန်ယူထားတဲ့ ဆရာဦးရွှန်းမြိုင်က ပြောပါတယ်။

Popular Journal

Rangonnewsdaily
RND:  :19.3.2013

0 comments:

Post a Comment