Pages

Tuesday, March 19, 2013

သီရိလင်္ကာ ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသော သြစတြေးလျ ကင်းထောက် လေယာဉ်အား အီရန် ရေတပ်မှ သတိပေး

သီရိလင်္ကာ ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသော သြစတြေးလျ ကင်းထောက် လေယာဉ်အား အီရန် ရေတပ်မှ သတိပေးခဲ့

အီရန်နိုင်ငံ သီရိလင်္ကာ ကမ်းရိုးတန်းအနီး ချဉ်းကပ်လာသော သြစတြေးလျ ကင်းထောက် လေယာဉ်တစ်စင်း အား အီရန်၏ အမှတ် ၂၄ စစ်ရေယာဉ်အုပ်မှ သတိပေးခဲ့ကြောင်း အီရန်ရေတပ် ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ရဟတ်ယာဉ်တင် သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘော တစ်စင်းတို့ ပါဝင်သော အီရန်စစ် ရေယာဉ်တပ်အား ဓာတ်ပုံရိုက်ရန် သြစတြေးလျ ကင်းထောက် လေယာဉ်က ချဉ်းကပ် လာခဲ့ကြောင်း၊ အီရန် ရေတပ်မှ သတိပေးချက် ရလျှင်ရချင်း သြစတြေးလျ ကင်းထောက်လေယာဉ်သည် ၎င်း၏ ပျံသန်းမှုလမ်း ကြောင်းအား ပြောင်းလဲပျံသန်း သွားကြောင်းနှင့် အီရန် စစ်ရေယာဉ်အုပ်ရှိ သင်္ဘောများ အားလုံးမှ ရေငုပ် သင်္ဘော ရှာဖွေရေး ကိရိယာများချပြီး ရေအောက် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း စစ်ရေယာဉ်အုပ် ခေါင်းဆောင် ဆီယာဗို့ရှ် ဂျာရက်ရှ်က မတ် ၁၇ ရက်တွင် ပြော ကြားခဲ့သည်။

အီရန် စစ်ရေယာဉ်အုပ်သည် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ သမုဒ္ဒရာများအား ဖြတ်သန်း လျက်ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ သည်။ အီရန် ရေတပ်ဖွဲ့သည် ပစိဖိတ် သမုဒ္ဒရာအား ဖြတ်သန်းပြီးလျှင် အတ္တလန္တိတ် သမုဒ္ဒရာအား ဖြတ်သန်းသွားမည် ဖြစ်ကြောင်း မတ် ၁၅ ရက်က  အီရန် ရေတပ် ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီက ပြောကြားခဲ့သည်။

အီရန် ရေတပ်သည် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အေဒင် ပင်လယ်ကွေ့တွင် ပင်လယ် ဓားပြနှိမ်နင်း ရေး ကင်းလှည့်မှုများ စတင် ပြုလုပ်ခဲ့ပြီး အီရန် ကုန်တင်သင်္ဘောများနှင့် ရေနံတင် သင်္ဘောများအား စောင့်ရှောက်မှု ပေးခြင်းနှင့် နိုင်ငံတကာ ရေပိုင်နက်အတွင်း ပင်လယ်ရေကြောင်း သွားလာမှုများကို ကာကွယ် စောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။

http://bit.ly/WBi6c0

အီရန်နိုင်ငံ သီရိလင်္ကာ ကမ်းရိုးတန်းအနီး ချဉ်းကပ်လာသော သြစတြေးလျ ကင်းထောက် လေယာဉ်တစ်စင်း အား အီရန်၏ အမှတ် ၂၄ စစ်ရေယာဉ်အုပ်မှ သတိပေးခဲ့ကြောင်း အီရန်ရေတပ် ထိပ်တန်းအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ ရဟတ်ယာဉ်တင် သင်္ဘောတစ်စင်းနှင့် ဖျက်သင်္ဘော တစ်စင်းတို့ ပါဝင်သော အီရန်စစ် ရေယာဉ်တပ်အား ဓာတ်ပုံရိုက်ရန် သြစတြေးလျ ကင်းထောက် လေယာဉ်က ချဉ်းကပ် လာခဲ့ကြောင်း၊ အီရန် ရေတပ်မှ သတိပေးချက် ရလျှင်ရချင်း သြစတြေးလျ ကင်းထောက်လေယာဉ်သည် ၎င်း၏ ပျံသန်းမှုလမ်း ကြောင်းအား ပြောင်းလဲပျံသန်း သွားကြောင်းနှင့် အီရန် စစ်ရေယာဉ်အုပ်ရှိ သင်္ဘောများ အားလုံးမှ ရေငုပ် သင်္ဘော ရှာဖွေရေး ကိရိယာများချပြီး ရေအောက် ထောက်လှမ်းမှုများ ပြုလုပ်ခဲ့ကြကြောင်း စစ်ရေယာဉ်အုပ် ခေါင်းဆောင် ဆီယာဗို့ရှ် ဂျာရက်ရှ်က မတ် ၁၇ ရက်တွင် ပြော ကြားခဲ့သည်။


အီရန် စစ်ရေယာဉ်အုပ်သည် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ သမုဒ္ဒရာများအား ဖြတ်သန်း လျက်ရှိကြောင်း ၎င်းကထပ်လောင်း ပြောကြားခဲ့ သည်။ အီရန် ရေတပ်ဖွဲ့သည် ပစိဖိတ် သမုဒ္ဒရာအား ဖြတ်သန်းပြီးလျှင် အတ္တလန္တိတ် သမုဒ္ဒရာအား ဖြတ်သန်းသွားမည် ဖြစ်ကြောင်း မတ် ၁၅ ရက်က အီရန် ရေတပ် ဗိုလ်ချုပ် ဟာဘီဘိုလာ ဆေယာရီက ပြောကြားခဲ့သည်။

အီရန် ရေတပ်သည် ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အေဒင် ပင်လယ်ကွေ့တွင် ပင်လယ် ဓားပြနှိမ်နင်း ရေး ကင်းလှည့်မှုများ စတင် ပြုလုပ်ခဲ့ပြီး အီရန် ကုန်တင်သင်္ဘောများနှင့် ရေနံတင် သင်္ဘောများအား စောင့်ရှောက်မှု ပေးခြင်းနှင့် နိုင်ငံတကာ ရေပိုင်နက်အတွင်း ပင်လယ်ရေကြောင်း သွားလာမှုများကို ကာကွယ် စောင့်ရှောက်ပေးလျက် ရှိကြောင်း သိရသည်။
 
မြ၀တီသတင်း
Rangonnewsdaily
RND:  :19.3.2013

0 comments:

Post a Comment