Pages

Tuesday, March 19, 2013

"ပရိသတ်တစ်ဦးက ဘန်ကောက်မှာ ဆေးကုသပေးမယ့် ဒါရိုက်တာ ကုသိုလ်ရဲ့ ကျန်းမာရေးအခြေအနေ"

"ပရိသတ်တစ်ဦးက ဘန်ကောက်မှာ ဆေးကုသပေးမယ့် ဒါရိုက်တာ ကုသိုလ်ရဲ့ ကျန်းမာရေးအခြေအနေ"

ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။ ဆေးရုံကို အနုပညာမောင်နှမတွေလည်း လာရောက်ကြသလို၊ ပရိသတ်တစ်ဦးက လည်း ဘန်ကောက်မှာ ဆေးကုသဖို့အတွက် အကုန်အကျခံကာ ကုသပေးမှာဖြစ်တာကြောင့် မတ်လကုန်မှာသွားရောက် မယ်လို့ သိရပါတယ်။ " စစ်ကိုင်းမှာ ဝေဠုကျော်၊ ခိုင်နှင်းဝေတို့နဲ့ "မအိမ်စည်"ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊ ဖေဖော်ဝါရီ၁၇ရက်နေ့က အသက်၅၉နှစ် ပြည့်မွေးနေ့ ဆိုတော့ သောက်ခဲ့တဲ့အရက်ကို အဲဒီနေ့မှာတုံးတိဖြတ်လိုက်တာ။ မနက်ကျတော့ နေထိုင်လို့မကောင်း တာနဲ့ ဆရာဝန်သွားပြတာ။ 

အသည်းလည်းရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။ အရက်ပြတ်တာက နည်းနည်းချင်းစီဖြတ်မှ လို့ပြောတယ်။ အဲဒါကိုဖြတ်မှာ မဟုတ်ဘူးဆိုပြီး ဒီအတိုင်း ပဲဖြတ်လိုက်တာ။ ကားရိုက်ပြီး ရန်ကုန် ပြန်လာတော့ ဆရာဝန်ပြတယ်။ 

ဦးလိုပဲဖြစ်ခဲ့တဲ့ ညောင်ညောင်က ရောက်လာပြီး သူပြခဲ့တဲ့ အာရှတော်ဝင်က အသည်းပါရဂူဒေါ်ကြည်ကြည်ညွန့်နဲ့ ပြဖြစ်ခဲ့တယ်။ရောဂါက သူဌေးရောဂါ၊ ပိုက်ဆံကုန်မယ်တဲ့။ အဲဒါနဲ့ သူထိုင် တဲ့ဒီဆေးရုံမှာ ဆေးရုံတက်လိုက်တာ။ မိတ်ဆွေအပေါင်းအသင်းတွေ၊ အနုပညာမောင်နှမတွေ လာကြည့်ကြပါတယ်။ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ၊ မေတ္တာ၊ဗေလုဝ၊ ခင်လှိုင်၊မြင့်မြတ်၊ ချမ်းမီမီကို၊အေးမြတ်သူတို့ လာကြည့်ကြတယ်။ နောက် ဦးရဲ့ပရိသတ် တစ်ယောက်က ဖေ့စ်ဘုတ်ကနေ သိပြီးရောက်လာတယ်။  သူက ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကုသပေးချင်တယ်လို့ ပြောတယ်။

 အဲဒါနဲ့တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်တော့သွားရင်ပို ကောင်းတယ်ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့အတူသွားဖြစ်မယ်။အခု ရက်ပိုင်းတော့ သက်သာလာပါပြီ။ ကံပေးသလောက်တော့ နေရဦးမှာပေါ့။ ကုသပေးမယ့်ပရိသတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ဒီလောက်ထိ အနုပညာသမား အပေါ်လေးစားလိမ့်မယ်ဆိုတာ မသိခဲ့ဘူး။စိုးရိမ်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။        

မေမွန်မောင်


ဒါရိုက်တာကုသိုလ် မတ်လ ၁၂ ရက်နေ့မှာ မြောက်ဥက္ကလာပဆေးရုံကြီးမှာ အသည်းရောဂါကြောင့် ဆေးကုသနေရတယ်လို့ သိရပါတယ်။ ဆေးရုံကို အနုပညာမောင်နှမတွေလည်း လာရောက်ကြသလို၊ ပရိသတ်တစ်ဦးက လည်း ဘန်ကောက်မှာ ဆေးကုသဖို့အတွက် အကုန်အကျခံကာ ကုသပေးမှာဖြစ်တာကြောင့် မတ်လကုန်မှာသွားရောက် မယ်လို့ သိရပါတယ်။
"စစ်ကိုင်းမှာဝဠုကျော်၊ ခိုင်နှင်းဝေတို့နဲ့ "မအိမ်စည်"ဆိုတဲ့ ဇာတ်ကားကို သွားရိုက်တာ၊ ဖေဖော်ဝါရီ၁၇ရက်နေ့က အသက်၅၉နှစ် ပြည့်မွေးနေ့ ဆိုတော့ သောက်ခဲ့တဲ့အရက်ကို အဲဒီနေ့မှာတုံးတိဖြတ်လိုက်တာ။ မနက်ကျတော့ နေထိုင်လို့မကောင်း တာနဲ့ ဆရာဝန်သွားပြတာ။

အသည်းလည်းရောင်နေတယ်။ ရေဖျဉ်းလည်း ဖြစ်နိုင်တယ်။ အရက်ပြတ်တာက နည်းနည်းချင်းစီဖြတ်မှ လို့ပြောတယ်။ အဲဒါကိုဖြတ်မှာ မဟုတ်ဘူးဆိုပြီး ဒီအတိုင်း ပဲဖြတ်လိုက်တာ။ ကားရိုက်ပြီး ရန်ကုန် ပြန်လာတော့ ဆရာဝန်ပြတယ်။ 


ဦးလိုပဲဖြစ်ခဲ့တဲ့ညာင်ညောင်ကရာက်လာပြီးသူပြခဲ့တဲ့အာရှတော်ဝင်က အသည်းပါရဂူဒေါ်ကြည်ကြည်
ညွန့်နဲ့ပဖြစ်ခဲ့တယ်။ရောဂါကသူဌေးရောဂါ၊ပိုက်ဆံကုန်မယ်တဲ့။အဲဒါနဲ့သူထိုင် တဲ့ဒီဆေးရုံမှာ ဆေးရုံတက်
လိုက်တာ။ 

 မိတ်ဆွေအပေါင်းအသင်းတွေ၊ အနုပညာမောင်နှမတွေ လာကြည့်ကြပါတယ်။ နန္ဒာလှိုင်တို့ ဇနီးမောင်နှံ၊ မေတ္တာ၊ဗေလုဝ၊ ခင်လှိုင်၊မြင့်မြတ်၊ ချမ်းမီမီကို၊အေးမြတ်သူတို့ လာကြည့်ကြတယ်။ နောက် ဦးရဲ့ပရိသတ် တစ်ယောက်က ဖေ့စ်ဘုတ်ကနေ သိပြီးရောက်လာတယ်။ သူက ဦးကုသိုလ်ကို ဘန်ကောက်မှာ ဘယ်လောက်ကုန် ကုန်ဆေးကုသပေးချင်တယ်လို့ ပြောတယ်။


အဲဒါနဲ့တတ်ကျွမ်းတဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကြည့်တော့သွားရင်ပို ကောင်းတယ်ဆိုတာနဲ့ မတ်လကုန်ရင် ဇနီးနဲ့အတူသွားဖြစ်မယ်။အခု ရက်ပိုင်းတော့ သက်သာလာပါပြီ။ ကံပေးသလောက်တော့ နေရဦးမှာပေါ့။ ကုသပေးမယ့်ပရိသတ်ကိုလည်းကျးဇူးတင်ပါတယ်။ဒီလောက်ထိအနုပညာသမား အပေါ်လေးစားလိမ့်မယ်
ဆိုတာ မသိခဲ့ဘူး။စိုးရိမ်ပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်"လို့ ပြောပြခဲ့ပါတယ်။

မေမွန်မောင်
Rangonnewsdaily
RND:  :19.3.2013

0 comments:

Post a Comment