Pages

Tuesday, March 19, 2013

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အားကစားတက္ကသိုလ် ဖွင့်လှစ်ရန်စီစဉ်

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အားကစားတက္ကသိုလ် ဖွင့်လှစ်ရန်စီစဉ်
Tuesday, March 19, 2013

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အားကစားတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း အားကစားနှင့် ကာယပညာသိပ္ပံဌာနမှ
ကျောင်းအုပ်ကြီး ဦးကျော်ဆန်းဦးမှ ပြောသည်။

၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး သမ္မတရုံးသို့ စာပို့ထားကြောင်းနှင့် တက္ကသိုလ် ပညာရေးကောင်စီကိုလည်း တင်ပြထားကြောင်းကို ယင်းမှပြောသည်။

အဆိုပါ တက္ကသိုလ်တွင် ၄ နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး B.Sc (Sport), B.A (Sport) ပေးအပ်မည် ဖြစ်သည်။ စာတွေ့သင်ခန်းစာများကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့တွင် တက်ရောက်ရမည်ဖြစ်ပြီး လက်တွေ့ အားကစားသင်တန်းများကိုမူ ရန်ကုန်နှင့် မန္တလေးမြို့ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့တွင် တက်ရောက်ရမည်
ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။ 

သိပ္ပံတွဲနှင့် အောင်မြင်သူများကို B.Sc(Sport) ဝိဇ္ဇာတွဲဖြင့် အောင်မြင်သူများကို B.A (Sport) ကို တက်ရောက်စေမည် ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။

“အဲဒီတက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် ဒီမှာရတဲ့ ဘွဲ့တွေလိုပဲ လုပ်ငန်းခွင်
ဝင်မယ်ဆိုရင် အကျုံးဝင်ပါတယ် လာတက်မယ့် ကျောင်းသား၊ သူတွေက
ကျောင်းအိပ်ကျောင်းစား နေနိုင်ရမယ်။ ကုန်ကျစရိတ် အားလုံးက 
ဌာနကပဲ အကုန်အကျခံမှာပါ။ ဘွဲ့ရပြီးရင်တော့ ကျွန်တော်တို့ဌာနမှာပဲ နည်းပြနည်းစနစ်တို့လို နည်းပြအရာရှိတို့လို ရာထူးတွေကို ခန့်အပ်ဖို့ကိုတော့ သူတို့ကို ဦးစားပေးမယ် ဒါပေမယ့် တခြားမှာလည်းပဲ အလုပ်လျှောက်လို့ ရတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

အဆိုပါ တက္ကသိုလ်တွင် ၂ဝ၁၂ -၂ဝ၁၃ တက္ကသိုလ်ဝင်တန်း ပညာသင်နှစ်ကို အောင်မြင်ပြီးသူ မည်သူမဆို လျှောက်ထားရနိုင်ပြီး အားကစားအရည်အချင်း၊ အားကစားနည်း တခုခုကို ပြည်နယ်နှင့်တိုင်း အဆင့်အထိ ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအမှတ် မည်မျှဖြစ်ရမည်ကို ကန့်သတ် မထားကြောင်းကိုလည်း ပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးရှိ အားကစားနှင့် ကာယပညာသိပ္ပံ ဦးစီးဌာနတွင် သင်တန်းသားဦးရေ တစ်ရာခေါ်ယူမည်ဖြစ်ပြီး တက္ကသိုလ် တစ်ခုစီတွင် ယောကျာင်္းလေးဦးရေ ၂၅ ဦး၊ မိန်းကလေး ၂၅ ဦး သတ်မှတ် ထားကြောင်းကိုလည်း ပြောသည်။

ယင်းတက္ကသိုလ် ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ပေါက်လာစေရန်၊ နည်းပြကောင်းများ ပေါ်ထွက် လာစေရန်၊ နိုင်ငံတကာနည်းတူ အားကစားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ပြန့်စွာ လေ့လာနိုင်ရန် ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။

Eleven Media Group

Tuesday, March 19, 2013

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အားကစားတက္ကသိုလ် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း အားကစားနှင့် ကာ
ယပညာသိပ္ပံဌာနမှ ကျောင်းအုပ်ကြီး ဦးကျော်ဆန်းဦးမှ ပြောသည်။
၂ဝ၁၃-၂ဝ၁၄ ခုနှစ် ပညာသင်နှစ်တွင် ဖွင့်လှစ်နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပြီး သမ္မတရုံးသို့ စာပို့ထားကြောင်းနှင့် တက္ကသိုလ် ပညာရေးကောင်စီကိုလည်း တင်ပြထားကြောင်းကို ယင်းမှပြောသည်။

အဆိုပါ တက္ကသိုလ်တွင် ၄ နှစ် ပညာသင်ကြားရမည်ဖြစ်ပြီး B.Sc (Sport), B.A (Sport) ပေးအပ်မည် ဖြစ်
သည်။ စာတွေ့သင်ခန်းစာများကို ဒဂုံတက္ကသိုလ်နှင့် ရတနာပုံ တက္ကသိုလ်တို့တွင် တက်ရောက်ရမည်ဖြစ်ပြီး လက်တွေ့ အားကစားသင်တန်းများကိုမူ ရန်ကုန်နှင့် မန္တလေးမြို့ရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာန
တို့တွင် တက်ရောက်ရမည် ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။

သိပ္ပံတွဲနှင့် အောင်မြင်သူများကို B.Sc(Sport) ဝိဇ္ဇာတွဲဖြင့် အောင်မြင်သူများကို B.A (Sport) ကို တက်ရောက်
စမည် ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။

“အဲဒီတက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် ဒီမှာရတဲ့ ဘွဲ့တွေလိုပဲ လုပ်ငန်းခွင် ဝင်မယ်ဆိုရင် အကျုံးဝင်ပါတယ် လာ
တက်မယ့် ကျောင်းသား၊ သူတွေက ကျောင်းအိပ်ကျောင်းစား နေနိုင်ရမယ်။ ကုန်ကျစရိတ် အားလုံးက ဌာန
ကပဲ အကုန်အကျခံမှာပါ။ ဘွဲ့ရပြီးရင်တော့ ကျွန်တော်တို့ဌာနမှာပဲ နည်းပြနည်းစနစ်တို့လို နည်းပြအရာရှိတို့
လို ရာထူးတွေကို ခန့်အပ်ဖို့ကိုတော့ သူတို့ကို ဦးစားပေးမယ် ဒါပေမယ့် တခြားမှာလည်းပဲ အလုပ်လျှောက်လို့ ရတယ်” ဟု ထပ်မံပြောကြားခဲ့သည်။

အဆိုပါ တက္ကသိုလ်တွင် ၂ဝ၁၂ -၂ဝ၁၃ တက္ကသိုလ်ဝင်တန်း ပညာသင်နှစ်ကို အောင်မြင်ပြီးသူ မည်သူမဆို
 လျှောက်ထားရနိုင်ပြီး အားကစားအရည်အချင်း၊ အားကစားနည်း တခုခုကို ပြည်နယ်နှင့်တိုင်း အဆင့်အထိ ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ဝင်တန်းအမှတ် မည်မျှဖြစ်ရမည်ကို ကန့်သတ် မထားကြောင်း
ကိုလည်း ပြောသည်။

လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးရှိ အားကစားနှင့် ကာယပညာသိပ္ပံ ဦးစီးဌာနတွင် သင်တန်းသားဦးရေ တစ်
ရာခေါ်ယူမည်ဖြစ်ပြီး တက္ကသိုလ် တစ်ခုစီတွင် ယောကျာင်္းလေးဦးရေ ၂၅ ဦး၊ မိန်းကလေး ၂၅ ဦး သတ်မှတ် ထားကြောင်းကိုလည်း ပြောသည်။

ယင်းတက္ကသိုလ် ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ပေါက်
လာစေရန်၊ နည်းပြကောင်းများ ပေါ်ထွက် လာစေရန်၊ နိုင်ငံတကာနည်းတူ အားကစားနှင့် ပတ်သက်သည့် အကြောင်းအရာများကို ကျယ်ပြန့်စွာ လေ့လာနိုင်ရန် ဖြစ်ကြောင်းကိုလည်း ယင်းမှပြောသည်။

Eleven Media Group

Rangonnewsdaily
RND:  :19.3.2013

0 comments:

Post a Comment