Pages

Tuesday, November 27, 2012

မုံရွာဆန္ဒပြသံဃာများ ဆားလင်းကြီးသပိတ်စခန်းများနှင့် ပူးပေါင်း

မုံရွာမြို့ပေါ်မှာ မေတ္တာသုတ် ရွတ်ဆိုလှည့်လည်တဲ့ သံဃာအပါး ၂၀၀ ဟာ ဒေသခံ အလှူရှင်တွေက ဆက်ကပ်တဲ့ ဆွမ်းကို ဘုန်းပေး ပြီးတဲ့နောက် မုံရွာမြို့ တဖက်ကမ်းက လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဖျက်သိမ်းရေး သပိတ် စခန်းတွေဆီကို သွားရောက် ပူးပေါင်း ခဲ့ကြပါတယ်။
မနေ့ညပိုင်းက လှေတွေကို အစိုးရဘက်က တားမြစ်ပေမယ့် ပြန်လည် ခွင့်ပြုတာကြောင့် စက်လှေတွေနဲ့ တ
ဖက်ကမ်းကိုကူးပြီး ပူးပေါင်း လိုက်နိုင်တာဖြစ်တယ်လို့ ဆန္ဒပြ ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်နု က ပြောပါ
တယ်။

သပိတ်စခန်းလေးခုမှာ လူအင်အား ၁၀၀၀ ကျော်၊ သံဃာအင်အား ၂၀၀ ကျော်ရှိနေရာက အခုသံဃာတွေ ထပ်ပေါင်းတာဖြစ်ပါတယ်။

ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က မကြာသေးခင်ရက်ပိုင်းတုန်းက လက်ပန်းတောင်းတောင် ကြေးနီစီမံ ကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့လွှတ်တော်မှာအရေးကြီးအဆိုတင်သွင်းရာသဘောတူညီ ချက်
ရခဲ့ပါတယ်။
 


ဒီသဘောတူညီချက် ရပြီးတဲ့နောက် မနေ့က ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားတွေအရေးပေါ်သတင်းစာ
ရှင်း လင်းပွဲခေါ်ယူပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးနေစဉ်ကာလမှာ စီမံကိန်းလုပ်ငန်းတွေကိုရပ်နားထားဖို့လိုတယ်လို့သဘောထားထုတ်ဖော်
ပြောဆိုထားပါတယ်။

အေးနိုင် (ဒီဗွီဘီ)

0 comments:

Post a Comment