Pages

Tuesday, November 27, 2012

လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း ခွင့်ပြုခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ

ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်း သည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။
နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့်
ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတွင်စိုက်ပျိုးမြေ ဧက၇၀၀၀ ကျော်ပါဝင်နေမှု သာသနိက ဆောက်
အုံများ ပါဝင်နေကြောင်း မသိ၍ မှားယွင်း ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၄င်းစီမံကိန်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ် သွားမည် ဖြစ်ကြောင်း ၄င်းက ကတိပြု ပြောဆို ခဲ့သည်။

အထွေထွေ သပိတ်ဆင်နွှဲ နေသော မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်လက်ပန်းတောင်းတောင် စီမံကိန်း သို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၂၉ ရက်နေ့တွင် သွားရောက်မည်ဟု သတင်းများ ထွက်
ပ်ါချိန်တွင်း ယခုလို ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက ဖွင့်ဟ ဝန်ခံလာခြင်းလည်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်သော အဆိုပါ အမျိုးသား အဆင့် ဆွေးနွေးပွဲသို့ လူမှုရေး အဖွဲ့အစည်းများ တက်
ရောက် ခဲ့ကြသည်။ 
 
The Voice Weekly

0 comments:

Post a Comment

 
world time