Pages

Tuesday, November 27, 2012

NLD ပါတီအတွင်း စိတ်ဝမ်းကွဲမှုနှင့် မကြေနပ်မှုများ ဖြစ်ပေါ်လျှက်ရှိ

လူထုထောက်ခံမှုအများဆုံးရရှိထားသည့်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သောNLDပါတီအတွင်းအကွဲအပြဲများ
အချင်းချင်းတရားစွဲဆိုမှုများ အုပ်စုလိုက် နုတ်ထွက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း တွေ့ရှိ ရသည်။ ယခင်က ၎င်းကဲ့သို့ ပြသနာမျိုး NLD ပါတီအတွင်း ဖြစ်ပွားလေ့မရှိသော်လည်း ကြားဖြတ်ရွေးကောက်ပွဲ အတွက် 
ပည်သူ့ကိုယ်စားလှယ်များရွေးချယ်ရာမှNLDအဖွဲ့အတွင်းအကွဲအပြဲများစတင်ဖြစ်ပေါ်လာကြောင်းသိရသည်။       
 
အထူးသဖြင့်ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှပညာတက်လူငယ်များကိုပွဲထုတ်လာသောအခါယခင် အစိုးရ
လက်ထက်တွင်ပါတီအတွက်အနှိပ်စက်ခံ၊ထောင်ကျခံခဲ့ရသောပါတီဝင်များကမကျေနပ်မှုများဖြစ်စေခဲ့သည်။  
 
ထူးခြားသောဖြစ်စဉ်အဖြစ်အောက်တိုဘာလ၂၇ရက်နေ့တွင်ပုသိမ်မြို့တွင်NLDပါတီဝင်(၂၀၀)ဦးစုပေါင်းနှုတ်ထွက်
ခဲ့သည်။၎င်းဖြစ်စဉ်နောက်ပိုင်းအချို့နေရာများတွင်အုပ်စုလိုက်နှုတ်ထွက်မှုများ မကြာခဏဖြစ်ပွားလာသည်။
 
ယခုလ(၂၆)ရက်နေ့ကရွှေပြည်သာမြို့နယ်အမှတ်(၁၆)ရပ်ကွက်မှရပ်ကျေးပါတီရုံးခန်းဖွင့်ထားသည့် နေအိမ်ပိုင်
ရှင်ဖြစ်သူစိုးကျော်ထွန်းမှ၎င်းအပါအ၀င်ရပ်ကွက်အတွင်းရှိNLDပါတီဝင်များအားလုံး ပါတီဝင်အဖြစ်မှ နှုတ်ထွက်
လိုက်ကြောင်း ပြောဆိုပြီး မြို့နယ် NLD ရုံးတွင် ပါတီဝင် ကဒ်ပြားများလာရောက် အပ်နှံခဲ့ကြောင်း သိရသည်။
 
၎င်းတို့အကြောင်းပြချက်မှာNLDမြို့နယ်ညီလာခံသို့ တက်ရောက်ရမည့် ရပ်ကျေး ကိုယ်စားလှယ် ရွေးချယ်ခြင်းကို မကျေနပ်၍ ဖြစ်ကြောင်း သိရသည်။
 
ထို့ပြင် ယခုလ (၂၆) ရက်နေ့တွင်ပင် မအူပင်မြို့နယ်တွင် NLD ပါတီဝင် ဒေါ်ဝင်းဝင်းတိုးမှ မအူပင်ခရိုင်၊ မြို့နယ် NLD ပါတီ ညီလာခံကျင်းပရေး ကော်မရှင်၏ လုပ်ဆောင်မှုများကို ကျေနပ်မှုမရှိသောကြောင့် ၎င်းဦးဆောင်၍ မြို့နယ်အတွင်းရှိ NLD ပါတီဝင် (၅၀၀) ခန့်ဖြင့် ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။
 
ထို့ပြင်ပြည်မြို့တွင်လည်း ပြည်မြို့နယ် NLD ပါတီမှ ခရိုင်ညီလာခံ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဆန်းမှ NLDတိုင်းညီလာခံကျင်းပရေးအတွင်းရေးမှူးဒေါက်တာခင်မောင်ဝင်းနှင့်NLDမြို့နယ်ညီလာခံကျင်းပရေး ကော်မ
ရှင် ဥက္ကဌ စိုးဝင်းမောင် တို့နှစ်ဦးအား ပါတီရန်ပုံငွေ အလွဲသုံးစားလုပ်မှုနှင့် ပတ်သက်၍ တရားစွဲဆိုထား ကြောင်း သိရသည်။
 
ထို့အပြင် အမေရိကန် သမ္မတ၏ မြန်မာပြည်ခရီးစဉ်အတွင်း အမေရိကန် သမ္မတမှ ပါတီဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်အား နမ်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ထားဝယ်မြို့နယ်မှ NLD ပါတီဝင်များမှ ဆန္ဒပြရန် ပြင်ဆင်လျက် ရှိကြောင်း သိရှိရသည်။

0 comments:

Post a Comment