Pages

Tuesday, November 27, 2012

မြန်မာနိုင်ငံက တရားရုံးတွေ အဆင့်မှီအောင် ကြိုးစားရမည်

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ ကော်မတီ
အဖွဲ့ဟာ နေပြည်တော်မှာရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံး တွေကို ဒီကနေ့ နံနက်ပိုင်းက
 ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၊ဇမ္ဗူသီရိမြို့
နယ်အတွင်းက တရားရုံးတွေကို ဝင်ရောက် စစ်ဆေးနေစဉ်ဒီကနေ့ စစ်ဆေးမှုအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်က
တရားရုံးတွေ ခေတ်မှီအောင် ကြိုးစားရမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇမ္ဗူသီရိမြို့ ခရိုင်တရားရုံးနဲ့ ၊ မြို့နယ် တရားရုံးတွေကို ၀င်ရောက် စစ်ဆေးအပြီးမှာ
နေပြည်တော်က နေအိမ်ကို ပြန်လည် ထွက်ခွာသွားပြီး ကော်မတီ အတွင်းရေးမှုး ဦးဝင်းမြင့် နဲ့ အဖွဲ့ဝင်တွေက ပျဉ်း
မနား မြို့နယ် တရားရုံးကိုဆက်လက်စစ်ဆေးခဲ့ပါတယ်။အခုလို ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်
ပြီး  တရားရုံးတွေကို ရှောင်တခင် သွားရောက် စစ်ဆေးတာဟာ ပထမဆုံး အကြိမ်  ဖြစ်ပါတယ်။


RFA (Burmese)

0 comments:

Post a Comment