Pages

Tuesday, November 27, 2012

"လင်းလင်းရေးတဲ့ သီချင်းတစ်ပုဒ်ကြောင့် ငိုခဲ့ရသူ ချစ်သုဝေ"

ချစ်သုဝေက လူကုန်ကူးမှုဆိုင်ရာ ပညာပေးရေး အတွက်ကျင်းပတဲ့ ဂီတဖျော်ဖြေပွဲကြီးမှာ ပါဝင် ဖျော် ဖြေ မှာဖြစ်ပြီး ဒီပွဲမှာဂရမ်မီနှစ်ဆုရနာမည်ကျော်အဆိုတော်ဂျေဆင်မရတ်လည်းပါဝင်ဖျော်ဖြေမှာဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး
ချစ်သုဝေက.."MTV EXIT က ထရီဇာကိုသီချင်းဆိုပေးဖို့ကမ်းလှမ်းတယ်။ ဂျေဆင် မရတ်လည်းလာ မယ်။ နိုင်ငံတကာ အဆိုတော်လာမှာကို ထရီဇာတို့နဲ့ပူးပေါင်းပြီး ဖျော်ဖြေဖို့ဆိုတာ အိပ်မက်တစ်ခုပဲလေ။ ဝမ်းမြောက် ဝမ်းသာနဲ့လက်ခံဖြစ်ခဲ့တာပေါ့။ဂျေဆင်မရတ်ကိုလည်းကိုယ်တိုင်ကြည့်ချင်တယ်။ ကိုယ်တိုင်ဖျော် ဖြေတဲ့အခါမှာ
လည်း အရာရာ ဂရုစိုက်ပြီးတော့ အကောင်းဆုံး ဖြစ်အောင် ဖျော်ဖြေမယ်လို့ စိတ်ကူးထားတယ်။ 
 
ထရီဇာက သီချင်း နှစ်ပုဒ် ဆိုမယ်။ ဒီပွဲ ကျင်းပတဲ့ အဓိကရည်ရွယ်ချက် က ပြည်သူတွေ အသိပညာရသွား စေဖို့၊
လူကုန်ကူးမှုတိုက်ဖျက်ရေးကိုMTVEXIT(လုပ်အားခေါင်းပုံဖြတ်မှုနှင့်လူကုန်ကူးမှုအဆုံး သတ်ရေးအဖွဲ့)နဲ့တကွ
မြန်မာပြည်ကပြည်သူတွေအားလုံးကစိတ်ဝင်စားကြပါတယ်။အနု ပညာရှင်တွေကလည်း စိတ် ဝင်စားကြပါတယ်။ 
 
ဒီတိုက် ဖျက်ရေးကို ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြပါ တယ်ဆိုတာကို သိအောင် လုပ်တာဆိုတော့ လူကုန် ကူးတာနဲ့ ဆိုင်တဲ့ မက် ဆေ့ခ်ျကို ရသွားစေချင် တာ။ဖြစ် ထရီဇာသီချင်း နှစ်ပုဒ်ဆို တဲ့အခါ၊ တစ် ပုဒ်က ကိုလင်းနဲ့ စုံတွဲ သီချင်းဆိုမယ်။ တစ်ပုဒ်က 'သူငယ်ချင်းများ'ဆိုတဲ့သီချင်းဟောင်းလေး ကို တစ်ယောက်တည်းဆိုမယ်။ ကိုလင်းနဲ့ ဆိုမယ့် 'မီးအိမ်ကဗျာ' သီချင်းလေးက သီချင်းအသစ်လေးပါ"လို့ ပြောပါတယ်။

ချစ်သုဝေက သီချင်းတွေဆိုခဲ့တဲ့ ကာ လတစ်လျှောက်မှာ အသံသွင်း အခန်းထဲမှာ ဆိုရင်း တစ်ခါမှ မငိုခဲ့ဖူးပေမယ့် 'မီးအိမ် ကဗျာ'သီချင်းကြောင့် အသံသွင်းအခန်း ထဲမှာ ငိုခဲ့ရကြောင်းကို ချစ်သုဝေက..

"သီချင်းလေးကတအားအဓိပ္ပာယ်ရှိတယ်။အဲဒီသီချင်းလေးဆိုတုန်းကအသံသွင်းခန်းထဲမှာ ဆက်တောင်မဆိုနိုင်
ဘဲထိုင်ငိုခဲ့ရတဲ့သီချင်းလေး၊ကိုယ့်ဘာသာကိုယ်တောင်အံ့သြတယ်။အဲဒီသီချင်းကိုအကြိမ်ကြိမ်အ ခါခါ လေ့ကျင့်
ခဲ့တယ်။ကိုလင်းစစချင်းဆိုပြတုန်းက အကြောင်း အရာကို နားထောင်ပြီး မျက်ရည်ဝဲတယ်။ 
 
တကယ်ဆိုတဲ့ အချိန်မှာ ဘယ်လိုဖြစ်မှန်း မသိဘူး။ တအားဝမ်းနည်းပြီး ရှိုက်ကြီးတငင် ငိုလိုက်တယ်။ ထိုင်ငိုပြီးတော့မှ စိတ်တည် ငြိမ်အောင်လုပ်ပြီးမု(ဒ်)နဲ့တကွ ပြန်ဆိုခဲ့ရတဲ့ သီချင်းလေးေ ပါ့။ ထရီဇာက တအားခံစား လွယ်တယ်။ ဒီသီချင်းလေးက သိပ်အေး တယ်။ 
 
သီချင်းအသစ်ဖြစ်တော့ပရိသတ်နဲတော့တအားစိမ်းနေမယ်။ဒါပေမဲ့သီချင်းစာသားတွေ၊ သီချင်းရဲ့စိတ်ဝိညာဉ်လေး
ကို လာကြည့်တဲ့ ပရိသတ်တွေအားလုံးကူးစက်သွားမယ်ဆိုရင် ထရီဇာတို့ဆိုရကျိုးနပ် တာ ပေါ့။ ဒီသီချင်းလေးက လူကုန်ကူးခံရတဲ့ ဒုက္ခသည်တွေအတွက် သာမက လမ်း ပျောက်နေကြတဲ့ ခိုကိုးရာမဲ့ နေကြတဲ့သူ တွေအတွက် ကိုလင်းက သီချင်း ရေးထား တာပါ။ဒီပွဲနဲ့လိုက်ဖက်လို့ ဒီသီချင်း ကို ရွေးဆိုတာပါ"လို့ ပြောပါတယ်။

ချစ်သုဝေကဒါရိုက်တာသီတာလင်း ရိုက်ကူးတဲ့ ဝိညာဉ်ဇာတ်ကားကို စိုင်းစိုင်း ခမ်းလှိုင်နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကားမှာချစ်သုဝေကခတ်ဆန်တဲ့ပန်းချီဆရာမလေး၊စိတ်နှလုံးဖြူစင်ပြီးတအားကူညီ တတ်တဲ့ကောင်မ
လေးအဖြစ်သရုပ်ဆောင်ထားပြီးဝိညာဉ်လေးအကူအညီတောင်းတာကိုလုပ်ပေးရင်းဝိညာဉ်လေးနဲ့ သံယောဇဉ်
တွယ်သွားတဲ့ ဇာတ်လမ်း လေးပဲ ဖြစ်ပါတယ်။

ခိုင်ဝေလွင်
PopularMyanmar

0 comments:

Post a Comment