Pages

Tuesday, November 27, 2012

“Mobile Internet သုံးခ ကောက်ခံသည့်ပုံစံ ပြောင်းလဲမည်ဟု MPT သတင်းထုတ်ပြန်”

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည်မိုဘိုင်းဖုန်းမှတစ်ဆင့်အင်တာနက်သုံးစွဲခအားယခင်ကသုံးစွဲချိန်အပေါ်မူတည်
၍တွက်ချက်သောTimeBasedChargingစနစ်ဖြင့်ကောက်ခံခဲ့ရာမှ၂၀၁၂ခုနှစ်ဒီဇင်ဘာ၁ရက်မှစတင်၍မိမိအသုံးပြု
သာပမာဏအလိုက်ပေးချေရမည့်VolumeBased Charging ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။
...Volume Based Charging စနစ်ဖြင့် ကောက်ခံမည့် နှုန်းထားများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အောက်ပါ
အတိုင်း ထုတ်ပြန်ထားသည်။

* Plan A သည် Unlimited Data Plan ဖြစ်ပြီး၊ Data 100 Kbyte အသုံးပြု တိုင်း(၂)ကျပ် ကောက်ခံပါမည်။ ကြိုက်
သလောက်သုံး၊ ကျသလောက်ပေး ဖြစ်ပါသည်။

* Plan B သည် Monthly Usage Plan ဖြစ်ပြီး၊လစဉ် 1500 Kyats ကုန်ကျခံပါက 200 Mbyte ပမာဏရှိသည့် Data
 ကိုအသုံးပြုခွင့်ရပါမည်။ 200 Mbyte ထက်ပိုသောData Usageကို100 Kbyte လျှင်(၂)ကျပ် နှုန်းထပ်မံကောက်ခံ
ပါသည်။

* Plan C သည် Monthly Usage Data Plan ဖြစ်ပြီး ၊ လစဉ် 7000 Kyats ကုန်ကျခံပါက 1 Gbytes ပမာဏရှိသည့် Data ကို အသုံးပြုခွင့်ရပါမည်။1 Gbyte ထက်ပိုသောData Usageကို100 Kbyteလျှင်(၂)ကျပ် နှုန်းထပ်မံကောက်
ခံပါမည်။

အဆိုပါ Plan များအနက် Plan B နှင့် Plan C (Monthly Usage Data Plan) အသုံးပြုလိုသော မိုဘိုင်းအင်တာနက်
သုံးစွဲသူများသည် ရွေးချယ်လိုသည့် Plan ကို ပန်းဆိုးတန်းမိုဘိုင်း ဆက်သွယ်ရေးရုံး၊ အလုံ မိုဘိုင်းဆက်သွယ်ရေး
ရုံး၊ ရွှေဂုံတိုင်မိုဘိုင်းဆက်သွယ်ရေးရုံးနှင့် ပြည်နယ်/တိုင်း မန်နေဂျာရုံးများမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး၊ ဆက်
သွယ်ဆန္ဒပြုခြင်းမရှိသောမိုဘိုင်းအင်တာနက်သုံးစွဲသူများကိုမူPlan A (Unlimited Data Plan)ဖြင့် ကောက်ခံပေး
သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အသိပေးချက် ထုတ်ပြန်ထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းထုတ်ပြန်ချက်ကို အောက်ဖော်ပြပါ link မှတစ်ဆင့် ဖတ်ရှုနိုင်ပါသည်။
 


Planet Myanmar Network

0 comments:

Post a Comment