Pages

Tuesday, November 27, 2012

ဝန်ကြီးဌာနများနဲ့ သူတို့ရဲ့ အင်တာနက် စာမျက်နှာ

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာ
အစိုးရ၀န်ကြီးဌာနတွေကိုယ်ပိုင်ဝက်ဆိုက်ဖန်တီးကြဖို့၊ဌာနရဲလုပ်ဆောင်ချက်တွေကိုအချိန်နဲ့တပြေးညီ တင်ဖို့အ
ထက်ကညွှန်ကြားထားတယ်လိုသိရပါတယ်။ဒီနှစ်မကုန်ခင်အွန်လိုင်းမှာဌာနစုံ ရှိနေရမယ်လို့ ဆိုပါတယ်။ဌာနဆိုင်ရာတို့ရဲ့ဝက်ဆိုက်တော်တော်များများရှိနေပေမယ့်နှစ်များစွာအသုံးမပြုတာမပြုပြင်မမွမ်းမံတာတို
့ကြောင့် တချို့ ၀က်ဆိုက်တွေမှာအချက်အလက်ဟောင်းတွေနဲ့ပဲ ဖုန်တက်နေတာပါ။ 

ဒါကြောင့် ၀န်ကြီးဌာန ၀က်ဆိုက်များကို အထင်တကြီး အားကိုးပြီး အချက်အလက်  ရှာဖွေလိုသူများအတွက်   အခက်အခဲ ရှိပါတယ်။

တချို့ဝန်ကြီးဌာန၀က်ဆိုက်ဆိုရင်အလံကိုဦးနေ၀င်းခေတ် အလံကိုပဲ တလူလူ လွှင့်တင်ထားတာ တွေ့ကြရမှာပါ။ 
မကြာခင် ဦးသိန်းစိန်ခေတ် သုံးရောင်ခြယ် ကြယ်ကြီးတပွင့် အလံကို ပြောင်းလဲမယ်လို့ ယူဆရပါတယ်။

ဌာနတွေကသူတို့ရဲ့အွန်လိုင်းစာမျက်နှာကိုရှေးဟောင်းပစ္စည်းလိုမထားကြတော့ဘူးဆိုရင်တော့ အချက်အလက်
တွေကြည့်ဖို့၊ရှာဖွေဖို့ပိုမိုအဆင်ပြေလာမှာအသေအချာပါပဲ။ဝင်ကြေးမရှိ၊လက်ဘက်ရည်ဘိုးပေးဖို့မလို၂၄/၇ လေ့
လာနိုင်ပါပြီ။

မြန်မာနိုင်ငံက E-Government စနစ်ကို သွားနေတဲ့အတွက်  ပွင့်လင်း မြင်သာမှု ရှိစေဖို့ဝန်ကြီးဌာနတွေ အနေနဲ့ မိမိတို့ ဌာနမှာ အကြောင်း ၊ ဘာတွေ လုပ်ဆောင်နေတယ်၊ ဘာတွေလုပ်ဖို့ ရှိတယ်၊ လုပ်ထုံးလုပ်နည်းတွေကို လူအများသိစေဖို့အတွက် တင်ပေးရမှာ ဖြစ်ပါတယ်လို့ သမ္မတရုံး ၀န်ကြီး  ဦးတင်နိုင်သိန်းက ပြောပါတယ်။

သမ္မတရုံးဝန်ကြီးဌာနက၀က်ဆိုက်လုပ်မယ်လို့ မထင်ရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သမ္မတရုံးဝက်ဆိုက် ဆိုပြီး ရှိနေလို့ပါပဲ။ လိပ်စာက -  http://www.president-office.gov.mm/အွန်လိုင်း သေချာပေါက် ရှိသင့်တာက
တော့ ဆက်သွယ်ရေးဌာနပဲ ဖြစ်ပါလိမ့်မယ်။

ဘာကြောင့် သေနေရတာလဲ

ဝန်ကြီးဌာန ၀က်ဆိုက်များ ပြုပြင်မှု မလုပ်ရတဲ့အကြောင်း တွေကတော့လုပ်ငန်းလည်ပတ်ဖို့ကျွမ်းကျင်ဝန်ထမ်း
သီးသန့် ခန့်မထားခြင်း၊ ငွေကုန်မခံနိုင်ခြင်းတို့ကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြို့အခြေစိုက်software progra
mmer တဦးက ပြောပါတယ်။

“၀က်ဆိုက်တခု တင်တယ် ဆိုရင်တော့ ငွေက သိန်း  ၂၀ လောက် ကုန်နိုင်တယ်။ ပြီးရင် ပညာရှင်ကို ကိုယ်လိုချင်တဲ့ ဒီဇိုင်း ပြောပြီး ရေးခိုင်းရတယ်၊ အဲဒီ ၀က်ဆိုက်ကို အမြဲ update ဖြစ်ဖို့ စောင့်ကြည့်နေပြီး တင်ပေးဖို့ က အမြဲ လိုအပ်နေတော့ ဌာနတွေ ရဲ့ ဘတ်ဂျက်အရ အဲဒီဘက်မှာ ငွေမသုံးနိုင်တော့ မတင်ကြတာ များပါတယ် ”လို့ သူက  ပြောပါတယ်။
                       
နေပြည်တော်ရဲ့အမိန့်တော်အတိုင်းတိတိကျကျမှန်မှန်ကန်ကန်မန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဆောင်
ကြမယ် ဆိုရင်ဖြင့် E-Government ခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ လို့ ဆိုရမှာ ဖြစ်ပါတယ်။
 
ဧရာဝတီသတင်းဌာန

0 comments:

Post a Comment