Pages

Tuesday, November 27, 2012

အိမ်သာကျင်းထဲ ပြုတ်ကျသွားသော ဟန်းစက်ကိုဆင်းဆယ်ရမှ အမျိုးသား ၃ ဦး သေဆုံး

၂၅-၁၁-၂၀၁၂ ရက်နေ့ ၁၉:၃၀  အချိန် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကမ္မကျေးရွာနေ ဦးချစ်လှိုင် (၅၈)နှစ်၏ နေအိမ်ဝိုင်းရှိ  ရေလောင်းအိမ်သာမြေကျင်းထဲတွင် အမျိုးသား ၃ ဦး သေဆုံးနေကြောင်း သတင်းရရှိ သဖြင့် ငါန်းဇွန်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သေဆုံးသူ ပေါက်ကျိုင်း(၂၅)နှစ်သည် အိမ်သာ တက်နေစဉ် သီချင်းနားထောင်သည့် ဟန်း
စက်မှာ အနက်(၁၅)ပေခန့်ရှိ အိမ်သာကျင်းထဲပြုတ်ကျသွား၍ ဆင်းဆယ်ခဲ့ရာက ပြန်တက်မလာသဖြင့် သူငယ်
ချင်းဖြစ်သူ ကုလား(၂၅)နှစ်က ထပ်မံဆင်းဆယ်ခဲ့သည်။

ထိုသို့ ဆင်းဆယ်သော်လည်း ၂ ဦးစလုံး ပြန်တက်မလာသဖြင့် အနီးရှိ ဒွေးမောင်(၁၇)နှစ် က အော်ဟစ်အကူအ
ညီတောင်းခံ သဖြင့် ပေါက်ကျိုင်း၏ ဖခင်ဖြစ်သူ ဦးချစ်လှိုင်(၅၈)နှစ်ရောက်ရှိလာပြီး ထပ်မံဆင်းသွားရာမှ မြေကျင်း
အတွင်း အောက်ဆီဂျင်ပြတ်၊

အသက်ရှုကြပ်ကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရ၍ ငါန်းဇွန်မြို့ နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ၂၆-၁၁-၂၀၁၂ ရက်နေ့ ၀၂၀၀ အချိန် ငါန်းဇွန်ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၂ ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း
သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment