Pages

Saturday, June 29, 2013

ဘ၀ဇာတ်ဆရာ (ကဗျာ)

ဘ၀ဇာတ်ဆရာ

ဖျက်လိုက်ပြန်ရေးလိုက်နဲ့ ကဗျာလေးတစ်ပုဒ်
ဘယ်တော့မှ အဆုံးသတ်မှာလဲ


မျော်လင့်ချက် ကောက်ရိုးတစ်မျှင် ဆွဲကိုင်ထားလဲ
အိပ်မက်တွေသာဖြစ်ခဲ့ရ မိုးရွာတာ ကြုံနေရတဲ့ရက်တွေမှာ
နေသာတဲ့ရက်တွေကိုတော့ မျော်လင့်မိသေး

ဘ၀ သင်္ခန် စာတွေအတွက် ငါတို့က
ကိုယ်တိုင်စာရေးဆရာတွေဖြစ်ခဲ့ပြ


လုပ်သမျှဖြစ်မလာလဲ
ဆက်လုပ်နေရာမှာက တို့တာဝန်

ငါ့တို့ရေမြေက ငါတို့အတွက်ဖြစ်မလာတော့
Day Work တွေ ၊ Over Time တွေနဲ့ နပန်းလုံးနေရတုန်း

တောင်းဆုတွေပြည့်စုံတဲ့နေ့
မျော်လင့်ခြင်း အပြည့်နဲ့ ပြန်လာခဲ့မယ် မွေးရပ်မြေ

ကိုလတ်(ပန်ဘဲတန်း)

0 comments:

Post a Comment