Pages

Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ JSC Admiralty Shipyards သို့ သွားရောက်လေ့လာ

Photo: တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ JSC Admiralty Shipyards သို့ သွားရောက်လေ့လာ 
Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၇ ရက်၊ ညနေပိုင်းတွင် JSC Admiralty Shipyards သို့သွားေ ရာက် လေ့လာရာ Director General Ale-xander  Dudakov နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား JSC Admiralty Shipyards ရှိ အစည်းအဝေး ခန်းမတွင် Chief of Regional Department (Sederal Service for Military-Technical Cooperat-ion), igor pletnev မှ စက်ရုံ၏ သမိုင်း၊ သင်္ဘော တည်ဆောက်မှု ဆိုင်ရာများ၊ စက်ရုံ ဖွဲ့စည်းပုံများအား ရှင်းလင်း ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းမှု အပေါ် Director General မှ ပြန်လည် ရှင်းလင်း တင်ပြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Director General မှ သင်္ဘော ပုံစံငယ်အား  အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ Chief Designer of Rubin Design Bureau, Mr. igor Molchanon မှ ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းရာ Mr. igor Molchanon မှ ပြန်လည်ရှင်းလင်း တင်ပြပြီး သင်္ဘောအတွင်း လှည့်လည် ကြည့်ရှုသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောကျင်း အတွင်း  လှည့်လည် လေ့လာကြရာ Chief  Engineer မှ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်အား Director General ထံ ပေးအပ်ပြီး Director General မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့် အတူ ဇွန် ၂၇ ရက်၊ ညပိုင်းတွင် စိန့်ပီတာစဘတ် မြို့ရှိ ရှေးဟောင်း အမွေအနှစ် issaketskiy Church, Aurora စစ်သင်္ဘောနှင့် Vaselarskie (ostav) ကျွန်းနှင့် အခြား အဆောက်အအုံများအား လှည့်လည် ကြည့်ရှုသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသ စံတော်ချိန် ည ၁ဝ နာရီတွင် Riky Fantan အတွင်း galaktia မြစ်တွင်းသွား အပန်းဖြေ သင်္ဘောဖြင့် စိန့်ပီတာစဘတ်မြို့အား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။

 မြ၀တီ

Saturday, June 29, 2013

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၇ ရက်၊ ညနေပိုင်းတွင် JSC Admiralty Shipyards သို့သွားေ ရာက် လေ့လာရာ Director General Ale-xander Dudakov နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။ ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား JSC Admiralty Shipyards ရှိ အစည်းအဝေး ခန်းမတွင် Chief of Regional Department (Sederal Service for Military-Technical Cooperat-ion), igor pletnev မှ စက်ရုံ၏ သမိုင်း၊ သင်္ဘော တည်ဆောက်မှု ဆိုင်ရာများ၊ စက်ရုံ ဖွဲ့စည်းပုံများအား ရှင်းလင်း ပြောကြားရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းမှု အပေါ် Director General မှ ပြန်လည် ရှင်းလင်း တင်ပြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား Director General မှ သင်္ဘော ပုံစံငယ်အား အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိလာရာ Chief Designer of Rubin Design Bureau, Mr. igor Molchanon မှ ရှင်းလင်း တင်ပြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိ လိုသည်များ မေးမြန်းရာ Mr. igor Molchanon မှ ပြန်လည်ရှင်းလင်း တင်ပြပြီး သင်္ဘောအတွင်း လှည့်လည် ကြည့်ရှုသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သင်္ဘောကျင်း အတွင်း လှည့်လည် လေ့လာကြရာ Chief Engineer မှ ရှင်းလင်း တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်အား Director General ထံ ပေးအပ်ပြီး Director General မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်များနှင့် အတူ ဇွန် ၂၇ ရက်၊ ညပိုင်းတွင်စိန့်ပီတာစဘတ် မြို့
ရှိ ရှေးဟောင်း အမွေအနှစ် issaketskiy Church, Aurora စစ်သင်္ဘောနှင့် Vaselarskie (ostav) ကျွန်းနှင့် အခြား အဆောက်အအုံများအား လှည့်လည် ကြည့်ရှုသည်။ ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဒေသ စံတော်ချိန် ည ၁ဝ နာရီတွင် Riky Fantan အတွင်း galaktia မြစ်တွင်းသွား အပန်းဖြေ သင်္ဘောဖြင့် စိန့်ပီတာစဘတ်မြို့အား လှည့်လည် ကြည့်ရှုခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ , ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၂၉.၆.၂၀၁၃

0 comments:

Post a Comment