Pages

Saturday, June 29, 2013

ဘိုနီကို ခေါ်ယူနိုင်ရန် နီးစပ်နေသည့် ဆွမ်ဆီး

Photo: ဘိုနီကို ခေါ်ယူနိုင်ရန် နီးစပ်နေသည့် ဆွမ်ဆီး
Friday, June 28, 2013

ဆွမ်ဆီး အသင်းသည် ဝီလ်ဖရိုက်ဒ် ဘိုနီကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု သတင်းများက ဖော်ပြခဲ့သည်။

ဆွမ်ဆီး အသင်း မန်နေဂျာ မိုက်ကယ် လော့ဒရပ် အနေဖြင့် လာမည့်ရာသီ ဥရောပ ပြိုင်ပွဲများတွင် ပါဝင်ရန်အတွက် ပြင်ဆင်လျှက်ရှိရာ အသက် (၂၄)နှ စ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးကို ကမ်းလှမ်း ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဆွမ်ဆီးနှင့် ဗီတက်ဆီ အန်ဟမ်းတို့ကြား ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်မျှ ပေါက်ဈေးရှိသော ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေပြီး တိုးတက်မှုလည်း ရရှိနေကြောင်း သိရသည်။ လော့ဒရပ်သည် အသင်း၏ အဓိက တိုက်စစ်မှူး မီချူးနှင့် ဘိုနီကို တွဲဖက်ပေးပြီး ဆွမ်ဆီး၏ ထိုးစစ် အင်အားကို မြှင့်တင်နိုင်ရန် မျှော်လင့်နေသည်။

ဘိုနီက "ကလပ်အသင်း နှစ်ခုဟာ လောလောဆယ် ဆွေးနွေးနေပါတယ်။ ဆွမ်ဆီးက ဗီတက်ဆီကို ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ထားတယ်။ အဲဒါကလည်း ကောင်းမွန်တယ်လို့ ကျွန်တော် ထင်တယ်"ဟု ဆိုသည်။ ၎င်းက "ဆွမ်ဆီးဟာ အံ့ဩစရာကောင်းတဲ့ အသင်းတစ်ခုပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစား ဖို့ အခွင့်အရေး ရလာမယ် ထင်ပါတယ်။ သူတို့ရဲ့ ကစားဟန်ဟာလည်း လှ ပပြီး ဆွဲဆောင်မှု ရှိပါတယ်။ အေးဂျင့်ဆီက သိသလောက်တော့ ဆွမ်ဆီးက ကျွန်တော့်အတွက် ယူရို (၁၂)သန်းလောက် ပေးဖို့ရှိတယ်။ ဗီတက်ဆီ က လည်း ဒီဈေးကို လက်ခံချင်တယ်။ ဒါကြောင့် သတင်းကောင်းတွေ ကြားရဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဗီတက်ဆီကမူ ဘိုနီအတွက် ဆွမ်ဆီးအပါအဝင် မည်သည့် အသင်းနှင့်မျှ သေ ဘာတူညီမှုတစ်ခု မရရှိသေးဟု ပြောကြားထားသည်။ ဘိုနီကို လီဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ ချယ်လ်ဆီးတို့ အပါအဝင် အင်္ဂလန် ကလပ် အချို့က စောင့်ကြည့်ခဲ့ဖူးသည်။

Ref: Sky Sports

Friday, June 28, 2013

ဆွမ်ဆီး အသင်းသည်ဝီလ်ဖရိုက်ဒ်ဘိုနီကို ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟုသတင်းများက ဖော်ပြခဲ့သည်။ဆွမ်ဆီး
အသင်း မန်နေဂျာ မိုက်ကယ် လော့ဒရပ် အနေဖြင့် လာမည့်ရာသီ ဥရောပ ပြိုင်ပွဲများတွင် ပါဝင်ရန်အတွက်
ပြင်ဆင်လျှက်ရှိရာ အသက် (၂၄)နှ စ်ရှိအိုင်ဗရီကို့စ် လက်ရွေးစင် တိုက်စစ်မှူးကိုကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ဆွမ်ဆီးနှင့် ဗီတက်ဆီ အန်ဟမ်းတို့ကြား ပေါင်စတာလင် (၁၀)သန်း ဝန်းကျင်မျှ ပေါက်ဈေးရှိသော ကစားသမား အတွက် ပြောင်းရွှေ့ကြေးကို ညှိနှိုင်းနေပြီး တိုးတက်မှုလည်း ရရှိနေကြောင်း သိရသည်။ လော့
ဒရပ်သည် အသင်း၏ အဓိက တိုက်စစ်မှူး မီချူးနှင့် ဘိုနီကို တွဲဖက်ပေးပြီး ဆွမ်ဆီး၏ ထိုးစစ် အင်အားကို
 မြှင့်တင်နိုင်ရန် မျှော်လင့်နေသည်။

ဘိုနီက"ကလပ်အသင်း နှစ်ခုဟာ လောလောဆယ် ဆွေးနွေးနေပါတယ်။ဆွမ်ဆီးက ဗီတက်ဆီကို ကမ်းလှမ်း
မှု တစ်ခု ပြုလုပ်ထားတယ်။ အဲဒါကလည်း ကောင်းမွန်တယ်လို့ ကျွန်တော် ထင်တယ်"ဟု ဆိုသည်။ ၎င်းက "ဆွမ်ဆီးဟာ အံ့ဩစရာကောင်းတဲ့ အသင်းတစ်ခုပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစား ဖို့ အခွင့်အရေး ရလာမယ် ထင်ပါတယ်။ 
 
သူတို့ရဲ့ ကစားဟန်ဟာလည်း လှ ပပြီး ဆွဲဆောင်မှု ရှိပါတယ်။ အေးဂျင့်ဆီက သိသလောက်တော့ ဆွမ်ဆီး
ကကျွန်တော့်အတွက်ယူရို (၁၂)သန်းလောက် ပေးဖို့ရှိတယ်။ ဗီတက်ဆီ က လည်းဒီဈေးကိုလက်ခံချင်တယ်။
ဒါကြောင့် သတင်းကောင်းတွေ ကြားရဖို့ မျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။

ဗီတက်ဆီကမူ ဘိုနီအတွက် ဆွမ်ဆီးအပါအဝင် မည်သည့် အသင်းနှင့်မျှ သေ ဘာတူညီမှုတစ်ခု မရရှိသေး
ဟု ပြောကြားထားသည်။ ဘိုနီကို လီဗာပူးလ်၊ တော့တင်ဟမ်ဟော့စပါး၊ ချယ်လ်ဆီးတို့ အပါအဝင် အင်္ဂလန် ကလပ် အချို့က စောင့်ကြည့်ခဲ့ဖူးသည်။

Ref: Sky Sports , RangonNewsDaily
kolatt(PBDN): 29.6.2013

0 comments:

Post a Comment