Pages

Friday, June 28, 2013

တောင်တရုတ် ပင်လယ်၌ ဖိလစ်ပိုင်နှင့် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်

Photo: တောင်တရုတ် ပင်လယ်၌ ဖိလစ်ပိုင်နှင့် အမေရိကန်ရေတပ် စစ်ရေးလေ့ကျင့်
Friday, June 28, 2013

တရုတ်နှင့် အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ရေပြင်၌ ဖိလစ်ပိုင်နှင့်အမေရိကန် ရေတပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

CARAT ဟု အမည်ပေးထားသည့် စစ်ရေး လေ့ကျင့်မှုကို ဟွန်ယမ်ကျွန်း (စကာဘိုးရတ်သောင်) အနီး ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင် စစ်တပ်က သတင်း ထုတ်ပြန်သွားသည်။

အဆိုပါ စစ်ဆင်ရေးသည် နှစ်စဉ်ကျင်းပသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ် ပြီး ယခုနှစ်တွင် စကာဘိုးရတ်သောင်အနီး ပြုလုပ်သွားမည် ဖြစ်သည်။

ကျွန်းစုငယ်များနှင့် ကျောက်ဆောင်များ ပါဝင် ဖွဲ့စည်းထားသည့် စကာဘိုးရတ်သောင်ကို တရုတ်တို့က မိမိတို့ပိုင်ဆိုင်ကြောင်း ပြော ကြားနေသော်လည်း ယင်းသောင်မှာ အနီးဆုံး တရုတ်ကမ်းခြေနှင့် ကီလို မီတာ ၁၂၀၀ ကွာဝေးပြီး ဖိလစ်ပိုင် လူဇုန်ကျွန်းနှင့် ကီလိုမီတာ ၂၃၀ သာ ကွာဝေးသည်။

ပြီးခဲ့သည့်နှစ်အတွင်း အဆိုပါ ကျွန်းစုအနီး ရေပြင်ကို မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေး အသုံးပြုပြီး ထုတ်ပြန်လာသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာသည်။

စကာဘိုးရတ်သောင်ကို တရုတ်တို့က သိမ်းပိုက်ထားပြီး အနီးရှိ ရေပြင်တွင် တရုတ် စစ်သင်္ဘောများ ပုံမှန် ကင်းလှည့်နေသဖြင့် ဖိလစ်ပိုင် ငါးဖမ်းသမား များ မျိုးရိုးစဉ်ဆက် ဖမ်းဆီးလာသည့် ငါးဖမ်း နယ်မြေများ ဆုံးရှုံးလာကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

"စကာဘိုးရတ်သောင်နှင့် လူဇုန်ကျွန်းကြား စစ်ဆင်ရေး ပြုလုပ်သွားပါ မယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး တိုးမြင့်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားခြင်း မဟုတ်ပါဘူး" ဟု ဖိလစ်ပိုင် စစ်တပ် ပြောရေး ဆိုခွင့်ရှိသူ ဖဘစ်က ပြောကြားသွားသည်။

ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ရေတပ် အလံတင် စစ်သင်္ဘော BRP Gregorio del Pilar နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များမှ ရှာဖွေ ကယ်ဆယ်ရေး သင်္ဘောများ၊ ရဟတ်ယာဉ်များနှင့် ရေငုပ်တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဘက်မှ ဒုံးပျံတင် ဖျက်သင်္ဘောUSS Fitzgerald၊ ကယ် ဆယ်ရေး သင်္ဘောများ၊ ကမ်းတက် တပ်ဖွဲ့ဝင်များနှင့် အထူး တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် တီမောနိုင်ငံများမှ တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု မနီလာမြို့ရှိ အမေရိကန် သံရုံးက သတင်း ထုတ်ပြန်လိုက်သည်။

အမေရိကန်၊ ဖိလစ်ပိုင်နှစ်နိုင်ငံ အနေနှင့် ဒေသတွင်း တင်းမာမှုများကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ပိုမို ကြီးထွားလာအောင် မလုပ်ဆောင် သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်း ထုတ်ပြန်လိုက် သည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ ထိန်းချုပ်ထားသော ဒုတိယ သွန်ဆင်သောင်အနီး တရုတ် စစ်သင်္ဘောများ လှည့်ပတ်သွား လာနေခြင်းကြောင့် ပြီးခဲ့သည့်လမှ စတင်၍ အဆိုပါ တရုတ်သင်္ဘောများကို ဖိလစ်ပိုင် ရေတပ်က စောင့်ကြည့်နေရကြောင်း ဟိန္ဒူတိုင်းမ် သတင်း တွင် ဖော်ပြထားသည်။

The Voice Weekly

Friday, June 28, 2013

တရုတ်နှင့်အငြင်းပွားမှုများဖြစ်ပေါ်နေသည့် တောင်တရုတ်ပင်လယ်ရေပြင်၌ဖိလစ်ပိုင်နှင့်အမေရိကန် ရေ
တပ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်နေကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။ CARAT ဟု အမည်ပေးထားသည့် စစ်ရေး လေ့ကျင့်မှုကို ဟွန်ယမ်ကျွန်း (စကာဘိုးရတ်သောင်)အနီး ပြုလုပ်
သွားမည်ဟု ဖိလစ်ပိုင် စစ်တပ်က သတင်း ထုတ်ပြန်သွားသည်။

အဆိုပါ စစ်ဆင်ရေးသည် နှစ်စဉ်ကျင်းပသည့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ဖြစ် ပြီး ယခုနှစ်တွင်စကာဘိုးရတ်
သောင်အနီး ပြုလုပ်သွားမည် ဖြစ်သည်။

ကျွန်းစုငယ်များနှင့် ကျောက်ဆောင်များ ပါဝင် ဖွဲ့စည်းထားသည့် စကာဘိုးရတ်သောင်ကို တရုတ်တို့က မိမိ
တို့ပိုင်ဆိုင်ကြောင်း ပြော ကြားနေသော်လည်း ယင်းသောင်မှာ အနီးဆုံး တရုတ်ကမ်းခြေနှင့် ကီလို မီတာ ၁၂၀၀ ကွာဝေးပြီး ဖိလစ်ပိုင် လူဇုန်ကျွန်းနှင့် ကီလိုမီတာ ၂၃၀ သာ ကွာဝေးသည်။

ပြီးခဲ့သည့်နှစ်အတွင်း အဆိုပါ ကျွန်းစုအနီး ရေပြင်ကို မိမိတို့ ပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံက စစ်ရေး၊ နိုင်ငံ
ရေး အသုံးပြုပြီးထုတ်ပြန်လာသဖြင့်ဖိလစ်ပိုင်၊ ဗီယက်နမ်နိုင်ငံများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်လာသည်။

စကာဘိုးရတ်သောင်ကို တရုတ်တို့က သိမ်းပိုက်ထားပြီး အနီးရှိ ရေပြင်တွင် တရုတ် စစ်သင်္ဘောများ ပုံမှန် ကင်းလှည့်နေသဖြင့် ဖိလစ်ပိုင် ငါးဖမ်းသမား များ မျိုးရိုးစဉ်ဆက် ဖမ်းဆီးလာသည့် ငါးဖမ်း နယ်မြေများ ဆုံး
ရှုံးလာကြောင်း ဟိန္ဒူစတန်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။

"စကာဘိုးရတ်သောင်နှင့်လူဇုန်ကျွန်းကြားစစ်ဆင်ရေး ပြုလုပ်သွားပါ မယ်။ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်
ရွက်ရေး တိုးမြင့်ဖို့ ရည်ရွယ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ပစ်မှတ်ထားခြင်း မဟုတ်ပါဘူး" ဟု ဖိလစ်ပိုင် စစ်တပ်
aNပာရေး ဆိုခွင့်ရှိသူ ဖဘစ်က ပြောကြားသွားသည်။

ရေတပ် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွင် ဖိလစ်ပိုင်ရေတပ် အလံတင် စစ်သင်္ဘော BRP Gregorio del Pilar နှင့် ကမ်းခြေစောင့် တပ်ဖွဲ့များမှ ရှာဖွေ ကယ်ဆယ်ရေး သင်္ဘောများ၊ ရဟတ်ယာဉ်များနှင့် ရေငုပ်တပ်ဖွဲ့ဝင်များ ပါဝင်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံဘက်မှ ဒုံးပျံတင် ဖျက်သင်္ဘောUSS Fitzgerald၊ ကယ် ဆယ်ရေး သင်္ဘောများ၊ ကမ်းတက် တပ်ဖွဲ့ဝင်များနှင့် အထူး တပ်ဖွဲ့ဝင်များ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ထိုင်းနှင့် တီမောနိုင်ငံများမှ တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု မနီလာမြို့ရှိ အမေရိကန် သံရုံးက သတင်း
ထုတ်ပြန်လိုက်သည်။

အမေရိကန်၊ ဖိလစ်ပိုင်နှစ်နိုင်ငံ အနေနှင့် ဒေသတွင်း တင်းမာမှုများကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ပိုမို ကြီးထွားလာအောင်မလုပ်ဆောင်သင့်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်း ထုတ်ပြန်
လိုက် သည်။

တောင်တရုတ် ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ ထိန်းချုပ်ထားသော ဒုတိယ သွန်ဆင်သောင်အနီး တရုတ် စစ်သင်္ဘောများ လှည့်ပတ်သွား လာနေခြင်းကြောင့် ပြီးခဲ့သည့်လမှ စတင်၍ အဆိုပါ တရုတ်သင်္ဘောများကို ဖိလစ်ပိုင် ရေတပ်က စောင့်ကြည့်နေရကြောင်း ဟိန္ဒူတိုင်းမ် သတင်း တွင် ဖော်ပြထားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment