Pages

Friday, June 28, 2013

လမ်းမတော်လမ်းကြားတွင် ရေနံများ တွေ့ရှိ

Friday, June 28, 2013
ရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်အတွင်းရှိ(၇)လမ်းနှင့် (၈)လမ်းကြားတွင် လမ်တိုးချဲ့ရာမှရေနံများ
တွေ့ရှိရကြောင်း လမ်းမတော်ရဲစခန်းမှသိရသည်။ ဇွန်(၂၈)၊ မွန်းလွဲ ၂ နာရီခန့်တွင်စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး တိုင်ကီနှစ်ပေပါခန့် ခပ်ထုတ်ပြီး မီးမလောင်စေရန်အတွက် မြေပြန်လည်ဖို့ထားကြောင်း တာဝန်ကျ မီးသတ်
ဝန်ထမ်းတစ်ဦးထံကသိရသည်။
“အရင်တုန်းက ဒီနေရာမှာ ဆီဆိုင်ရှိတယ် အဲ့ဒါကြောင့် ရေနံတွေ့တာလည်းဖြစ်နိုင်တယ်” ဟု ရေနံတွေ့ရှိ
ရာပတ်ဝန်းကျင်ရှိလူတစ်ဦးကပြောသည်

ညနေငါးနာရီခန့်မှစ၍ ရပ်ကွက်မှတာဝန်ရှိသူများဖြင့် လုံခြုံရေးချထားပြီး ညဘက်တွင် မီးသတ် အင်အားဖြင့်
လုံခြုံရေးတာဝန်ချထားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရေနံနှစ်ပေပါကို အလုံမြို့နယ်ရှိ လမ်းတံတားပစ္စည်းသိုလှောင်ရုံသို့ ပို့သွားမည်ဖြစ်ကြောင်း မီးသတ်

ဝန်ထမ်းတစ်ဦးထံက သိရသည်။

လက်ရှိအချိန်တွင် အဆိုပါနေရာ၌မီးလောင်မှုဖြစ်ပွားခဲ့ပါကကာကွယ်ရန် မီးသတ်ယာဉ်နှစ်စီး အဆင်
သင့်

စောင့်ဆိုင်းနေကြောင်းသိရသည်။

Shwe Myitmakha Media, RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment