Pages

Friday, June 28, 2013

၁၉၉၁ ခုနှစ် စစ်တပ်မှ အင်အားသုံး ဖယ်ရှားခံခဲ့ရသော မိချောင်းကန်အပိုင်း ၁၊၂၊၃ မှ မူလမြေပိုင်ရှင်များမှ (၅) ကြိမ်မြောက်ဆန္ဒပြ

Friday, June 28, 2013
၁၉၉၁ ခုနှစ် ယခင်စစ် အစိုးရလက်ထက် စစ်တပ်မှအင်အားသုံးဖယ်ရှားခံခဲ့ရသည့်မိချောင်းကန်အပိုင်း ၁၊ ၂
၊၃ မှ မူလပိုင်ရှင်များမှ(၅)ကြိမ်မြောက် ဆန္ဒပြမှုကိုဇွန်၂၇ ရက် နံနက်၁၁ နာရီတွင်ရန်ကုန်မြို့ရှိ မဟာဗန္ဓုလ
ပန်းခြံရှေ့တွင် လူအင်အား ၂၀၀ ခန့်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆန္ဒပြရခြင်းမှာယခင်စစ်အစိုးရလက်ထက်တွင် နိုင်ငံတော်အတွက်အမှန်တကယ်လိုအပ်သော နေရာ
မဟုတ်ဘဲနဲ့ မိမိတို့အပေါ် နိုင်ငံရေး အမုန်းတရားကြီးစွာဖြင့် ရပ်ကွက်ကို ဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြည်သူ
များအပေါ်အင်အားသုံးဖယ်ရှားမူများကြောင့်မိမိတို့အနေနဲ့ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ ဖြစ်စေချင်တာက ညှိနှိုင်းပေးဖို့ပါ၊ လျော်ကြေးဖြစ်ဖြစ်၊ မြေနေရာအစားဖြစ်ဖြစ် လိုချင်ပါတယ်။ မိကျောင်းကန်အပိုင်း၁၊၂၊၃ မြေဟာကျွန်တော်တို့ဘိုးဘွားပိုင်မြေပါ။တပ်ပိုင်မြေ မဟုတ်ဘူးဆိုတာကို အများ

ပြည်သူ သိစေချင်လို့ပါ။ လူ့အခွင့်ရေးကို တန်းတူပေးဖို့ရယ်၊ နိုင်ငံတော်သမ္မတ ပြည်ထောင်စု အစိုးရအဖွဲ့
အနေနဲ့ ဖြေရှင်းပေးစေချင်ပါတယ်'' ဟု ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ပြောကြားခဲ့သည်။

သင်္ကန်းကျွန်းမြို့နယ်မိကျောင်းကနအပိုင်း၁၊၂၊၃ ရှိ မြေပေါ်တွင် နေထိုင်သူများအား၁၉၉၁ ခုနှစ်တွင်တပ်မ

(၂၂)၊ စစ်ဒေသ(၂)မှအရာရှိတချို့၊စစ်ထောက်လှမ်းရေးအချို့နှင့် မြို့နယ်ငြိမ်ဝပ်ပိပြားရေးအဖွဲ့တို့ ပူးပေါင်း
ကာ သိမ်းဆည်းခဲ့ပြီး နေထိုင်သူအချို့ကိုလှိုင်သာယာ၊ ရွှေပြည်သာ၊ အေးမြသာယာ၊ ဒဂုံတောင်၊ ဒဂုံမြောက်
 စသည့် ယခင်လူနေကျဲသည့် နေရာများသို့ အတင်းဓမ္မအင်အားသုံး ရွေ့ပြောင်းခဲ့ကြောင်း ဆန္ဒပြသူများ၏
 ပြောပြချက်အရ သိရှိရသည်။

ထိုသို့ဆန္ဒပြမှုမှာ တရားဝင် ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြချင်းဖြစ်ပြီး ဆန္ဒပြရန်အတွက် လူဦးရေ ၈၀၀ တင်ထားရာ လူဦးရေ ၂၀၀ ကိုသာ သက်ဆိုင်ရာမှ ခွင့်ပြုခဲ့ကြောင်း သိရသည်။ ၎င်းတို့အနေဖြင့် မိမိတို့ ဘိုးဘွားပိုင်မြေ

များ ပြန်မရခြင်းသို့သက်ဆိုင်ရာမှညှိနှိုင်းမှုတစ်စုံတရာမပြုလုပ်ခြင်းဆက်တိုက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း
သိရသည်။

Eleven Media , RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment