Pages

Friday, June 28, 2013

“အိန္ဒိယတွင် ရေကြီးမှုဖြစ်သည့် ဒေသများ၌ ရုပ်အလောင်းများ ရှာဖွေဆယ်ယူနေရဆဲဖြစ်”

Photo: “အိန္ဒိယတွင် ရေကြီးမှုဖြစ်သည့် ဒေသများ၌ ရုပ်အလောင်းများ ရှာဖွေဆယ်ယူနေရဆဲဖြစ်”
Friday, June 28, 2013

အိန္ဒိယ နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ဒေသများ၌ ရုပ်အလောင်းများကို ကယ်ဆယ်ရေး လုပ်သားများက ရှာဖွေ ဆယ်ယူနေရဆဲ ဖြစ်သည်။ ကြာသပတေးနေ့က ရေကြီးမှုများ ဖြစ်ပွားနေရာ မြောက်ပိုင်း ဒေသများတွင် ရှာဖွေ တွေ့ရှိလာသည့် မည်သူမည်ဝါ မခွဲခြားနိုင်သော ရုပ်အလောင်းများကို အစုလိုက်ပင် မီးသင်္ဂြိုဟ်ခဲ့ရသည်။

တာဝန်ရှိသူများက ရေကြီးမှုအတွင်း လူအများအပြား သေဆုံးခဲ့ရာ ပုပ်ပွလာသော ရုပ်အလောင်းများကြောင့် ကပ်ရောဂါများ မဖြစ်ပွားမီ ကြိုတင် တားဆီးရန် လုပ်ဆောင်ခြင်းဟု ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင်လည်း ကယ်ဆယ်ရေး လုပ်သားများသည် ရေဘေးသင့် ဒေသများတွင် အလောင်းများကို ရှာဖွေနေဆဲ ဖြစ်သည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့သည် ဟိန္ဒူဘာသာဝင် ဝတ်ပြုသူ အများစု ပါဝင်သည့် ရေဘေးသင့် ပြည်သူ တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။ အတ္တရာကန် ပြည်နယ်တွင် ဇွန်လ (၁၅)ရက်နေ့ ကတည်းက စတင်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ဆိုးရွားလာပြီးနောက် အိမ်များ၊ အဆောက်အအုံများ ပျက်စီးသလို အချို့နေရာများတွင် ရွာလုံးကျွတ် ကွယ်ပျောက်သွားခဲ့သည်။

ဟိမဝန္တာ တောင်ခြေဒေသသည် ဟိန္ဒူဘာသာရေး အဆောက်အအုံများ ပေါများသော နေရာတစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသည် အများအပြားလည်း လာရောက် လည်ပတ်လေ့ရှိသည်။ လက်ရှိအချိန်ထိ လူ(၁၀၀၀)ကျော် သေဆုံးပြီး ဖြစ်ကြောင်းသာ ယေဘုယျ သတ်မှတ်နိုင်ပြီး တိတိကျကျ ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။ အာဏာပိုင်များကမူ နောက်ထပ် ရုပ်အလောင်းများစွာ ရှာဖွေ တွေ့ရှိလာနိုင်သလို အသေအပျောက် ပမာဏလည်း မြင့်တက်လာနိုင်ကြောင်း ပြောကြားထားသည်။

Planet.com.mm

Friday, June 28, 2013

အိန္ဒိယ နိုင်ငံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားရာ ဒေသများ၌ ရုပ်အလောင်းများကို ကယ်ဆယ်ရေး လုပ်သား
များက ရှာဖွေ ဆယ်ယူနေရဆဲ ဖြစ်သည်။ ကြာသပတေးနေ့က ရေကြီးမှုများ ဖြစ်ပွားနေရာ မြောက်ပိုင်း ဒေသများတွင် ရှာဖွေ တွေ့ရှိလာသည့် မည်သူ
မည်ဝါ မခွဲခြားနိုင်သော ရုပ်အလောင်းများကို အစုလိုက်ပင် မီးသင်္ဂြိုဟ်ခဲ့ရသည်။

တာဝန်ရှိသူများက ရေကြီးမှုအတွင်း လူအများအပြား သေဆုံးခဲ့ရာ ပုပ်ပွလာသော ရုပ်အလောင်းများကြောင့် ကပ်ရောဂါများ မဖြစ်ပွားမီ ကြိုတင် တားဆီးရန် လုပ်ဆောင်ခြင်းဟု ပြောကြားခဲ့သည်။လက်ရှိ အချိန်တွင်
လည်း ကယ်ဆယ်ရေး လုပ်သားများသည် ရေဘေးသင့် ဒေသများတွင် အလောင်းများကို ရှာဖွေနေဆဲ ဖြစ်
သည်။

ကယ်ဆယ်ရေး တပ်ဖွဲ့များနှင့် စစ်တပ်တို့သည် ဟိန္ဒူဘာသာဝင် ဝတ်ပြုသူ အများစု ပါဝင်သည့် ရေဘေး
သင့် ပြည်သူတစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီး ဖြစ်ကြောင်းလည်း သိရသည်။အတ္တရာကန်
ပြည်နယ်တွင် ဇွန်လ (၁၅)ရက်နေ့ ကတည်းက စတင်ပြီး ရေကြီးမှုနှင့် မြေပြိုမှုများ ဆိုးရွားလာပြီးနောက် အိမ်
များ၊ အဆောက်အအုံများ ပျက်စီးသလို အချို့နေရာများတွင် ရွာလုံးကျွတ် ကွယ်ပျောက်သွားခဲ့သည်။

ဟိမဝန္တာ တောင်ခြေဒေသသည် ဟိန္ဒူဘာသာရေး အဆောက်အအုံများ ပေါများသော နေရာတစ်ခုဖြစ်ပြီး က
မ္ဘာလှည့်ခရီးသည်အများအပြားလည်းလာရောက်လည်ပတ်လေ့ရှိသည်။ လက်ရှိအချိန်ထိ လူ(၁၀၀၀)ကျော်
သေဆုံးပြီး ဖြစ်ကြောင်းသာ ယေဘုယျ သတ်မှတ်နိုင်ပြီး တိတိကျကျ ခန့်မှန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။ အာ
ဏာပိုင်များကမူ နောက်ထပ် ရုပ်အလောင်းများစွာ ရှာဖွေ တွေ့ရှိလာနိုင်သလို အသေအပျောက် ပမာဏ
လည်း မြင့်တက်လာနိုင်ကြောင်း ပြောကြားထားသည်။

Planet Myanmar Network: RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment