Pages

Friday, June 28, 2013

ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား

Photo: ရှမ်းအမျိုးသမီးငယ် ညီအစ်မ(၂)ဦးအား KIA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်မှု မိုးမောက်မြို့နယ်တွင် ဖြစ်ပွား
Friday, June 28, 2013

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“သူတို့ညီအစ်မ နှစ်ယောက်တည်း အဲဒီလယ်မှာ ကောက်စိုက်နေကြတာ၊ လယ်ပိုင်ရှင်ကတော့ ဒီမိုင်းခတ် ရွာသား ကချင်လူမျိုးတစ်ဦး ဖြစ်ပါတယ်.. အကြီးမ မအေးတင်က (၁၈)နှစ်၊ အငယ်မ မဌေးရီက(၁၆)နှစ်ပဲ ရှိသေးတာ၊ အဲဒီ KIA အဖွဲ့က လာဖမ်းတုန်းက လယ်ပိုင်ရှင်ကလည်း ဘာမှဝင်မပြော လို့နေမှာပေါ့၊ ဘယ်ပြော မလဲ.. သူတို့ ကချင်လူမျိုးမှ မဟုတ်တာ၊ ယောင်္ကျားတွေကို လူသစ်စုလို့ အားမရသေးဘဲ မိန်းကလေးတွေကို အခုလို ဖမ်းဆီးတာကတော့ တော်တော်တရားလွန်သွားပြီ.. တာဝန်ရှိသူကို သွားတိုင်ရမှာပဲ၊ အပြစ်မရှိတဲ့ မိန်းကလေး ၂ ယောက်ရဲ့ ဘ၀အတွက် စိုးရိမ်ရပါတယ်.. အဲဒီ KIA က ကောင်တွေ လူစိတ်ကို မရှိတာ၊ ငါတို့ ရှမ်းမှာလည်း စစ်တပ်ရှိတာပဲ၊ သူတို့ ကချင်မတွေကို ပြန်ဖမ်းခိုင်းရင် သူတို့ ဘယ်လိုနေကြမလဲ မသိဘူး ” ဟု ဒေသခံရှမ်းလူမျိုး ရွာသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြို့သစ်မြို့နယ်ရဲစခန်းသို့ မိုင်းခတ်ရွာသား ရှမ်းလူမျိုးများက တိုင်တန်းခဲ့ရာ ၎င်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

နော်တူးဇော်

Kachin Daily News 
Photo-အင်တာနက်

Friday, June 28, 2013

မိုးမောက်မြို့နယ်၊ မိုင်းခတ်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ လယ်ကွင်း၌ ကောက်စိုက်ပျိုးနေသော မိုင်းခတ်ရွာနေ ရှမ်းအမျိုးသမီး ညီအစ်မ(၂)ဦးအား KIA အဖွဲ့တစ်ဖွဲ့က သေနတ် များဖြင့်ချိန်၍ ဇွန် ၂၇ ရက်
နေ့ နံနက် ၇ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ “သူတို့ညီအစ်မ နှစ်ယောက်တည်းအဲဒီလယ်မှာ ကောက်စိုက်နေကြတာ၊ လယ်ပိုင်ရှင်ကတော့ ဒီမိုင်းခတ် ရွာ
သား ကချင်လူမျိုးတစ်ဦး ဖြစ်ပါတယ်.. အကြီးမ မအေးတင်က (၁၈)နှစ်၊ အငယ်မ မဌေးရီက(၁၆)နှစ်ပဲ ရှိသေး
တာ၊ အဲဒီ KIA အဖွဲ့က လာဖမ်းတုန်းက လယ်ပိုင်ရှင်ကလည်း ဘာမှဝင်မပြော လို့နေမှာပေါ့၊ 
 
ဘယ်ပြော မလဲ.. သူတို့ ကချင်လူမျိုးမှ မဟုတ်တာ၊ ယောင်္ကျားတွေကို လူသစ်စုလို့ အားမရသေးဘဲ မိန်းက
လေးတွေကို အခုလို ဖမ်းဆီးတာကတော့ တော်တော်တရားလွန်သွားပြီ.. တာဝန်ရှိသူကို သွားတိုင်ရမှာပဲ၊ အ
ပြစ်မရှိတဲ့ မိန်းကလေး ၂ ယောက်ရဲ့ ဘ၀အတွက် စိုးရိမ်ရပါတယ်.. အဲဒီ KIA က ကောင်တွေ လူစိတ်ကို မရှိ
တာ၊ ငါတို့ ရှမ်းမှာလည်း စစ်တပ်ရှိတာပဲ၊ သူတို့ ကချင်မတွေကို ပြန်ဖမ်းခိုင်းရင် သူတို့ ဘယ်လိုနေကြမလဲ မ
သိဘူး ” ဟု ဒေသခံရှမ်းလူမျိုး ရွာသားတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြို့သစ်မြို့နယ်ရဲစခန်းသို့ မိုင်းခတ်ရွာသား ရှမ်းလူမျိုးများက တိုင်တန်းခဲ့
ရာ ၎င်းရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။

နော်တူးဇော်

Kachin Daily News , RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment