Pages

Friday, June 28, 2013

ကမ္ဘာ့တိုက်ကြီးများ ဖလား ဘရာဇီးနှင့် စပိန်ဇွန်လ ၃၀ ရက်နေ့တွင် ယှဉ်ပြိုင် ဗိုလ်လုမည်

Photo: ကမ္ဘာ့တိုက်ကြီးများ ဖလား ဘရာဇီးနှင့် စပိန် ဗိုလ်လုမည်
Friday, June 28, 2013

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ရီယိုဒီဂျန်နီယိုမြို့တွင် ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ကမ္ဘာ့တိုက်ကြီးများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။ 

ဘရာဇီးအသင်းသည် အကြိုဗိုလ်လုပွဲအဆင့်တွင် ဥရုဂွေးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာခြင်းဖြစ်ပြီး စပိန်အသင်းသည် အီတလီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ခဲ့ခြင်းဖြစ်သည်။ 

စပိန်အသင်း၏ တိုက်စစ်မှူး တောရက်စ်သည် ပြိုင်ပွဲတစ်လျှောက်တွင် ၅ ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ရန် ထိပ်ဆုံးမှ ရေးပန်းစားနေသည်။ 

ဘရာဇီးအသင်း၏ တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဖရက်ဒ်တို့သည်လည်း ပွဲစဉ်တစ်လျှောက်တွင် ၃ ဂိုးစီ သွင်းယူထားပြီး အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည်။ 

ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ၁၀ ကြိမ်တိုင် ထိပ်တိုက်တွေ့ဆုံမှုတွင် ဘရာဇီးအသင်းက ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၃ ပွဲရှုံးနိမ့်ထားသည်။ 

ဗိုလ်လုပွဲတွင် ပထမရသည့်အသင်းသည် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄.၁သန်း ရရှိမည်ဖြစ်ပြီး ဒုတိယရရှိသည့် အသင်းသည် ၃.၆ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ်

Friday, June 28, 2013

လာမည့် ဇွန်လ ၃၀ ရက်နေ့တွင် ဘရာဇီးနိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သော ရီယိုဒီဂျန်နီယိုမြို့တွင် ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ကမ္ဘာ့တိုက်ကြီးများ ဖလားပြိုင်ပွဲ ဗိုလ်လုပွဲယှဉ်ပြိုင်ကစား ကြမည်ဖြစ်ကြောင်း သိရသည်။ ဘရာဇီးအသင်းသည် အကြိုဗိုလ်လုပွဲအဆင့်တွင် ဥရုဂွေးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်လာခြင်းဖြစ်ပြီး စပိန်အသင်းသည် အီတလီ အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ခဲ့ခြင်းဖြစ်သည်။

စပိန်အသင်း၏ တိုက်စစ်မှူး တောရက်စ်သည် ပြိုင်ပွဲတစ်လျှောက်တွင် ၅ ဂိုးသွင်းယူပြီး ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်းတင်နိုင်ရန် ထိပ်ဆုံးမှ ရေးပန်းစားနေသည်။

ဘရာဇီးအသင်း၏ တိုက်စစ်မှူးများဖြစ်သည့် နေမာနှင့် ဖရက်ဒ်တို့သည်လည်း ပွဲစဉ်တစ်လျှောက်တွင် ၃ ဂိုးစီ သွင်းယူထားပြီး အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည်။

ဘရာဇီးအသင်းနှင့် စပိန်အသင်းတို့ ၁၀ ကြိမ်တိုင် ထိပ်တိုက်တွေ့ဆုံမှုတွင် ဘရာဇီးအသင်းက ၅ ပွဲနိုင်၊ ၂ ပွဲသရေကျပြီး ၃ ပွဲရှုံးနိမ့်ထားသည်။

ဗိုလ်လုပွဲတွင် ပထမရသည့်အသင်းသည် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၄.၁သန်း ရရှိမည်ဖြစ်ပြီး ဒုတိယရရှိသည့် အသင်းသည် ၃.၆ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ခေတ် , RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment