Pages

Friday, June 28, 2013

ကန်တော်မင်ပန်းခြံကို ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲမည်မဟုတ်

Friday, June 28, 2013

လွတ်လပ်ရေးမရမီ အချိန်က တည်ဆောက်ခဲ့သော ရွှေတိဂုံဘုရားတောင် ဘက်မုခ်ရှိ ကန်တော်မင် ပန်းခြံ

ကို ဦးဥတ္တမပန်းခြံဟု ခေါ်ဝေါ်ခဲ့သည့် အထောက်အထား ခိုင်လုံစွာ မတွေ့ရှိရသောကြောင့် ဦးဥတ္တမ ပန်းခြံဟု အမည်ပြောင်းလဲမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံး၊ ဒုတိယ ဝန်ကြီး ဦးသန့်ရှင်းက ပြောကြားသည်။
ဇွန်လ ၂၇ ရက်နေ့တွင်ကျင်းပသောပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးတွင် ရခိုင်
ပြည်နယ်၊စစ်တွေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမောင်ညို၏ မေးမြန်းချက် နှင့် ပတ်သက်
၍ ၄င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် တော်လှန်ရေးနေ့နှင့် အလုပ်သမားနေ့ တို့တွင် ယင်းပန်းခြံ၌ မိန့်ခွန်း

ပြောကြား ခဲ့ကြောင်း ပန်းခြံအတွင်း ကမ္ပည်းထိုး ထားသည်ကို တွေ့မြင်နိုင်ပြီး ၁၉၈၉ ခုနှစ် မတ်လ ၃၁ ရက်
နေ့ မှစတင်၍ ကန်တော်မင်ပန်းခြံဟု ခေါ်တွင်စေခဲ့သည်မှာ ယနေ့တိုင်ဖြစ်သော ကြောင့် ဦးဥတ္တမပန်းခြံဟု အမည်ပြောင်းလဲ မည်မဟုတ်ကြောင်း ၄င်းကဆိုသည်။

ကန်တော်မင်ပန်းခြံကို မော်ကွန်းဝင်အဆင့် သတ်မှတ်ထားသင့်ပြီး ဦးဥတ္တမပန်းခြံ ဟု အမည်ပြောင်း၍ ဆရာ

တော်ကြေးရုပ် ကိုလည်း ရှာဖွေ၍ ပန်းခြံတွင် ပြန်လည် ထားရှိရန် လိုအပ်သည်ဟု ရာဇဂြိုဟ်ကျောင်း ဆရာ
တော် ဘဒ္ဒန္တဦးပဏ္ဍိတက အကြံပြု မိန့်ကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကဆရာတော်ဦးဥတ္တမ၏
ကျေး

ဇူးကို ဂုဏ်ပြု၍ ဆရာတော်ကြေးရုပ်ကို ပန်းခြံတွင် ထားရှိသင့်ကြောင်း ဇွန်လ ၂၂ ရက်နေ့ တွင် ရန်ကုန်မြို့
 တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်သော မြန်မာ-ဂျပန်(နဂိုယာ) ချစ်ကြည် ရင်းနှီးမှု စတင်သောနှစ် ၁၀၀ ပြည့် အခမ်းအနားတွင် ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 28.6.2013

0 comments:

Post a Comment