Pages

Sunday, June 30, 2013

ရုံးချိန်းရက် မှားရေးမိ၍ တရားခံ နှစ်ဦး ရဲစခန်းတွင် သုံးညအိပ်ခဲ့ရ

Sunday, June 30, 2013

ဗဟန်းမြို့နယ် တရားရုံးရီမန်ရုံးချိန်းရက် မှားယွင်းရေးသားခဲ့သဖြင့် အချုပ် တရားခံနှစ်ဦး အင်းစိန်အကျဉ်း

 ထောင်သို့မပြန်ရဘဲ ဗဟန်းရဲစ ခန်းတွင် သုံးညအိပ်ခဲ့ရကြောင်း ဗဟန်းမြို့နယ်ရဲစခန်းမှ သိရ သည်။ မူးယစ်
တရားခံနှစ်ဦးဖြစ် သည့် အေးကျော်အောင်နှင့် ကျော်ငြိမ်းဦးတို့နှစ်ဦး၏ရုံးချိန်း ရက်မှာ ဇူလိုင် ၉ရက်ဖြစ်သည်
ကို ဗဟန်းမြို့နယ်တရားရုံးက ဇွန် ၉ရက်ဟုဆိုပြီး ဇွန်၂၃ရက်တွင်
၎င်းတို့နှစ်ဦးကိုရုံးထုတ်စဉ်က မှားယွင်း ရေးသား ခဲ့သဖြင့် ယင်း နေ့တွင် အင်းစိန်အကျဉ်းထောင် မှ တရား
ခံနှစ်ဦးကို လက်မခံ သောကြောင့် ဗဟန်းရဲစခန်းတွင် ၎င်းတို့နှစ်ဦးကို သုံးညချုပ်ထား ပြီး ဇွန် ၂၆ရက်မှ ဗဟန်းတရား ရုံးသို့ပို့ဆောင်စစ်ဆေးပြီး ယင်း မှ တစ် ဆင့် အင်းစိန် အကျဉ်းထောင်သို့ ပို့ ဆောင်ခဲ့ကြောင်း သိရသည်။

''ဗဟန်းတရား ရုံးမှာ ရုံးချိန်းရက် ပြန်လည်ပြင်ဆင်ရတယ်။ အင်းစိန်အကျဉ်းထောင်ကို အချုပ်သားလာပို့
ရင်

 ထောင်တာဝန် ရှိသူတွေက အသေးစိတ်စစ်ဆေးတယ်။ တစ်ခုခုမှားနေရင် လက်မ ခံဘူး။ ဒါတရားရုံး က ပေါ့
 လျော့ လို့ဖြစ်တဲ့ကိစ္စပဲ''ဟု တရားလွှတ် တော်ရှေ့နေတစ်ဦးက ပြောသည်။ တရားရုံးများအနေဖြင့် တရားခံ များ၏ချုပ်မိန့်ရီမန်ရုံးချိန်းရက် များ မှားယွင်းရေးသားခြင်းများ ကို ဆင်ခြင်သင့်ကြောင်း ယင်းက ဆက်လက်
 ပြော ကြား သည်။

ယင်းနှင့် ပတ်သက်၍ ဗဟန်း ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''အချုပ်တရားခံနှစ်ဦးကို ဗဟန်း စခန်းမှာ သုံး

ရက်ချုပ်ထားဖြစ် တယ်။ အစောင့်အကြပ်တွေ သေ ချာတော့ ချထားရတာပေါ့။ မ ထွက်ပြေးရအောင်လို့။ သူ
တို့ နှစ် ဦး က မူးယစ် ဆေးဝါးခံ နေရတာ ပါ''ဟု ပြောသည်။ အချုပ်စခန်းများမှ တရား ခံထွက်ပြေးမှုတစ်ခု မင်္ဂလာတောင် ညွန့်တရားရုံးအချုပ်တွင် လွန်ခဲ့ သည့်လအနည်းငယ်က ဖြစ်ပွား ခဲ့သေးကြောင်း သိရသည်။

ကျော်မြတ်ဇံ
YMG , RangonNewsDaily
kolatt(PBDN): 30.6.2013

0 comments:

Post a Comment