Pages

Sunday, June 30, 2013

TIME MAGAZINE အားကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်မြို့တော်ခန်းမရှေ့တွင် ယနေ့နေ့လည် ၁နာ၇ီခန့်က ကျင်းပပြုလုပ်



ယနေ့၃၀.၆.၂၀၁၃ နေ့လည် ၁နာ၇ီခန့်က ရန်ကုန်မြို့တော်ခန်းမရှေ့တွင် TIME MAGAZINE အား ကန့်
ကွက်ဆန္ဒပြပွဲနှင့် နိုင်ငံတော်သမ္မတဦးသိန်းစိတ်ရဲTIME MAGAZINEအပေါ်ကန့်ကွက်မှုကိုကြိုဆိုထောက်
ခံ သည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခုပြုလုပ်နေကြောင်းသတင်းရရှိပါသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို လူဦးရေ ၂၀၀ ဟုသတ်မှတ်ထားသောက်လည်း ရပ်နီးရပ်ဝေးမှ ခရီးသွားပြည်သူ
များ ပါဝင်နေကြောင်းသိရသည်။

ဦးဝီရသူဦးဆောင်သည့်၉၆၉ အမျိုးစောင့်သံဃာကိုကိုဆက်လက်ထောက်ခံနေသူများလည်းပါဝင်နေသည်
ကိုတွေ့ရှိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူမှာ ရန်ကုန်မြို့တော်အတွင်း မကြာခဏဖြစ်ပေါ်နေသည့် လက်ပန်
တောင်း တောင် စီမံကိန်းကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့သည် ဆရာတော် ဦးပါမောက္ခ ပင်ဆက်လက် ဦး
ဆောင်နေသည်ကိုတွေ့ရသည်။

သံဃာတော်များကို အကြမ်းဖက်သမားဟု TIME MAGAZINE မှ ရေးသားထားသည့်အပေါ်ဦးဆောင်ဆ
ရာတော်က သံဃာတော်များသည် လူသတ်ဖို့ပင်မပြောနှင့် တုတ်ဓားပင်ကိုင်ဆောင်ခွင့်မရှိပါဟုထည့်
သွင်းပြောကြားသွားခဲ့သည်။

သို့သော်လည်းပြီးခဲ့တဲ့လများတွင်ဖြစ်ပွားခဲ့သော မိတ္တိလာအရေးအခင်းနှင့် ဥက္ကံအရေးအခင်းများတွင် သံဃာတော်များမှတုတ်ဓားများကိုင်ဆောင်ကာအစ္စလာမ်ဘာသာဝင်များအပေါ်ရိုက်နှက်သတ်ဖြတ်ခဲ့ခြင်း
များ အင်တာနက်ပေါ်တွင် ဗီဒီယိုဖိုင်မှတ်တမ်းများနှင့်တကွ ကျယ်ပြန့်စွာထွက်ပေါ်နေသော်လည်း နိုင်ငံ
တော် တာဝန်၇ှိသူများအနေဖြင့် အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သူများကို ယခုတိုင် အရေးယူခြင်းမရှိ
သေးသည်ကိုလည်း ပြည်သူများမှ မေးခွန်းထုတ်နေကြပြီဖြစ်သည်။

ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ကိုလတ် (ပန်ဘဲတန်:) :၃၀.၆.၂၀၁၃











0 comments:

Post a Comment