Pages

Wednesday, July 30, 2014

ရန်ကုန်မြို့လယ်၌ လူပေါင်းရာနှင့်ချီ စုဝေးမှုဖြစ်



RangonNewsDaily:: July . 30 .2014
ရန်ကုန်မြို့လယ် ဆူးလေစေတီအနီး မဟာဗန္ဓုလလမ်းဘေးတွင် ရပ်ထားသည့် ကားများကို လမ်းပြောင်းပြန်

 မောင်းဝင်လာသော ကားတစ်စီးက ဆင့်တိုက်ခဲ့ပြီး ဆူးလေးစေတီဘက်ကို ပြန်ကွေ့ထွက်ပြေးရာ ဆူးလေ
ဘုရားလမ်း ကုန်သည်ကြီးများ ဟိုတယ်အနီး လမ်းလယ်ကျွန်းတွင် ရှိနေသည့် လူများကိုပါ တိုက်သွားသဖြင့် အဆိုပါ ကားတိုက်မှုကြောင့် ရန်ကုန်မြို့လယ်တွင် လူပေါင်းရာနှင့်ချီ စုဝေးမှု ဖြစ်ပွားခဲ့သည်။
ဇူလိုင်လ ၂၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်ခန့်တွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦး လိုက်ပါ
လာသော ပရိုဘောက်စ် ငွေရောင် 9D- 6213 ကားသည် ဆူးလေဘုရားအနီးမှ မဟာဗန္ဓုလလမ်းသို့ လမ်းပြောင်းပြန် မောင်းဝင်လာ ကာ လမ်းဘေးတွင် ရပ်ထားသည့် ကားလေးစီးခန့်ကို တိုက်ခဲ့ကြောင်း ၃၁ လမ်းအတွင်း လက်ဖက်ရည်ဆိုင် ထိုင်နေသည့် မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောကြားသည်။

ယင်းကားသည် ဗိုလ်ဆွန်ပက် လမ်းထိပ်တွင် ပြန်ကွေ့၍ ဆူးလေစေတီကို ပတ်ကာ ဆူးလေဘုရားလမ်း

အတိုင်း မောင်းထွက်ပြေးသွားကြောင်း ၎င်းကဆိုသည်။

“ကားကွေ့ပြီး ထွက်ဖို့ ဖင်ထိုး (ပြန်လှည့်ရန် ပြင်ဆင်) နေတဲ့ အချိန်မှာ ပန်းဘဲတန်းစခန်းက ရဲတစ်ယောက်က ကားဘောနတ်ပေါ်ကို ခုန်တက်ပြီးတော့ ကားရှေ့မှန်ကို လက်ထိပ်နဲ့ ထုခွဲတယ်။ ကားက မရပ်ဘူး၊ မောင်း

ထွက်ပြေးတယ်။ ရဲလည်း ဘောနတ်ဖုံးအပေါ်မှာ ပါသွားတယ်” ဟု အဆိုပါ အမျိုးသားက ရှင်းပြသည်။

ဆူးလေးဘုရားလမ်းအတိုင်း မောင်းပြီး ထွက်ပြေးလာသည့် အဆိုပါကားသည် ကုန်သည်ကြီးများဟိုတယ် (ယခု ဆူးလေ-ရှန်ဂရီလာ) ရှေ့ လမ်းဆုံရှိ လူရပ်နားသည့် လမ်းလယ်ကျွန်းကို ဖြတ်ကျော်တက်ကာ ယင်းနေရာတွင် ရှိနေသည့် လူခုနှစ်ဦးကို တိုက်သွားကြောင်း မျက်မြင်တွေ့ရှိသည့် အမျိုးသမီးကြီးတစ်

ဦးက ပြောကြားသည်။

“ဒီအတိုင်း ကျော်တက်လာတာ” ဟု လူရပ်နားသည့် လမ်းလယ်ကျွန်းကို လက်ညှိုးထိုးပြကာ အဆိုပါ အမျိုးသမီးက ရှင်းပြသည်။


ယင်းနေရာတွင် ခြေထောက်တစ်ဖက် ပြတ်နေသည့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီး

 သေဆုံးခဲ့ပြီး အခြားလေးဦးမှာ ဒဏ်ရာများ ရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် ပန်းဘဲတန်းမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

ဒဏ်ရာရရှိသူ လေးဦးအနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း၊ ဒဏ်ရာရရှိသူများတွင် အသက် ၁၉ နှစ်အရွယ် ထက်ထက် ဆိုသည့် အမျိုးသမီးနှင့် သူဇာဝင်း ဆိုသည့် အမျိုးသမီးတို့မှာ လှိုင်သာယာမြို့နယ်တွင် နေထိုင်

သူများ ဖြစ်ပြီး ကျန်နှစ်ဦးမှာ အမျိုးသားများ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများက အတည်ပြု ပြောကြားသည်။

တိုက်ပြီး ထွက်ပြေးသည့် ကားသည် ကုန်သည်ကြီးများ ဟိုတယ်အရှေ့ မီးပွိုင့်အကျော်တွင် ရပ်တန့်သွားပြီး ယင်းကားပေါ်တွင် ပါလာသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားနှစ်ဦးမှာ ထွက်ပြေးသွားကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။


အဆိုပါ ထွက်ပြေးသူများသည် သမ္မတဟိုတယ်အနီး လမ်းအတွင်းရှိ တိုက်ပေါ် တက်ပြေးသွားရာ အမျိုးသ

မီးနှစ်ဦးကို ဖမ်းဆီးလိုက်နိုင်ကြောင်း ယင်းဖမ်းဆီးမှုတွင် ပန်းဘဲတန်း ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်သွား
သည့် ကျောက်တံတားမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“ဖမ်းမိမိချင်း အဲဒီအမျိုးသမီးတွေက ဖုန်းဆင်းကတ်တွေကို ချိုးပစ်တယ်” ဟု ၎င်းကဆိုသည်။အဆိုပါ ယာဉ်

တိုက်မှုကြောင့် လူတစ်ဦး သေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြား
သည်။ ယင်းယာဉ်တိုက်မှုကြောင့် မဟာဗန္ဓုလလမ်းနှင့် ဆူလေးဘုရားလမ်းတို့တွင် လူပေါင်းရာနှင့်ချီ၍ စုဝေးမှု ဖြစ်ပေါ်ခဲ့သည်။

The Voice  , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment