Pages

Saturday, May 23, 2015

ပေးပေး၊မပေးပေး ဖြတ်တောက်ခံရမည့် ဖုန်းဘီလ်အခွန်ငွေ

မိုဘိုင်းဖုန်းသုံးစွဲနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
RangonNewsDaily:: May . 23 .2015
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်ဆက် သွယ်ရေး ၀န်ကြီး ဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် မီဒီယာများအား အ ကြောင်းကြားခဲ့သည်။ ထုံးစံအ တိုင်း အော်ပရေတာ သုံးခုပါဝင် မည်ဆိုသည်မှ လွဲ၍ မည်သည့်သ တင်းစာရှင်းလင်းပွဲဟူသည်ကို ကြိုတင်အသိမပေးခဲ့။ မေလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲကျင်း ပချိန်မှသာ မိုဘိုင်းဖုန်းသုံးစွဲသူ များ၏ ဖုန်းငွေဖြည့်သွင်းမှုမှ ကုန် သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက်မည်ဆိုသည်ကို သ တင်းထုတ်ပြန်ကြေညာခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲ တွင် မီဒီယာအချို့ကမေးခွန်းအ ချို့မေးမြန်းခဲ့သည်။ အဆိုပါပွဲ တွင် သတင်းမီဒီယာအချို့က ရရှိ လာသည့်အခွန်များကို နိုင်ငံတော် အားပေးဆောင်မည့်ပုံစံနှင့် အခွန် မည်မျှပေးဆောင်သည်ကို သိနိုင် ရန် ထုတ်ပြန်ပေးမည့်ပုံစံများ စ သည့် အသေးစိတ်မေးခွန်းများ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီး ဌာနမှ တာဝန်ရှိသူများ ဖြေကြား ခြင်းမပြုခဲ့ပေ။
သတင်းစာရှင်းလင်းပွဲအပြီး တွင် သက်ဆိုင်ရာတာဝန်ရှိသူများ ထံအထက်ပါမေးခွန်းများကို 7 Day Daily သတင်းစာက သီးသန့် မေးမြန်းခဲ့ရာ တိကျစွာဖြေကြား ခဲ့ခြင်းမရှိပေ။ အော်ပရေတာ သုံး ခုမှ အခွန်ကောက်ခံမှုအပေါ် ရှင်း လင်းမှုများပြုလုပ်ခဲ့ရာတွင် သုံးစွဲ သူများထံမှ ကောက်ယူသွားမည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင် နှုန်း ကို နိုင်ငံတော်၏အခြားလိုအပ် သော ကဏ္ဍများဖြစ်သည့် ပညာ ရေး၊ ကျန်းမာရေးစသည်တို့အ တွက် အသုံးပြုသွားမည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။ အ လားတူ အခွန်ဦးစီးဌာနလက် အောက်ရှိ တာဝန်ရှိသူထံ ဆက် သွယ်မေးမြန်းသော်လည်း အ ဆက်အသွယ်မရရှိခဲ့ပေ။

သတင်းစာရှင်းလင်းပွဲအပြီး သက်ဆိုင်ရာ အော်ပရေတာအ သီးသီး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ များ၌ ဖုန်းဘီလ်မှအခွန်ငွေ ၅ ရာ ခိုင်နှုန်းဖြတ်တောက်မည့် သတင်း များတစ်မုဟုတ်ချင်းပျံ့နှံ့လာခဲ့ သည်။ ယင်းသို့ပျံ့နှံ့ခဲ့ပြီးနောက် သန်းနှင့်ချီသော ဖုန်းသုံးစွဲသူများ ထံမှ ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာခဲ့သည်။
အခွန်ကောက်ခံမည့်အပေါ် ဥပဒေပညာရှင်များ၊ နည်းပညာ ကျွမ်းကျင်သူများနှင့် မိုင်ဘိုင်းဖုန်း သုံးစွဲသူ ပြည်သူများက ကောင်း မွန်မှုမရှိသေးကာ ၀န်ဆောင်မှု ပေါ် အခွန်ကောက်ယူခြင်းနှင့် ကောက်ယူမည့် စနစ်များကို တိ ကျစွာဖော်ပြခြင်းတို့ မရှိသည့်အ တွက် ပြင်းထန်စွာဝေဖန်ခဲ့ကြ သည်။

‘‘အခွန်ဆောင်ဆိုလည်း ဆောင်ရမှာပေါ့။ လိုင်းတော့ ကောင်းအောင်လုပ်မပေးဘဲ အ ခွန်ကောက်မယ်ဆိုတော့ နည်း နည်းအံ့သြမိတယ်။ အခုအထိ တော့ ဖုန်းဆက်ရင် ခေါ်မကြား၊ အော် မကြား ၊ အင်တာနက်သုံးရင် အ၀ိုင်းလေး လည်နေတုန်းပဲ’’ဟု မိုဘိုင်းဖုန်းသုံးစွဲသူ မအေးသန္တာ က ပြောသည်။
‘‘ငွေသိန်းနဲ့ချီပေးရတဲ့ မို ဘိုင်းဖုန်းတွေကို ပြည်သူတွေအ တွက် ဆိုပြီးချပေးလိုက်တယ်။ ပြီး မှ တစ်ဖက်လှည့်နဲ့ အခွန်ပြန် ကောက်မယ်ဆိုရင် နားလှည့်ပြီး ပါးရိုက်သလိုပဲ’’ဟု တရားရုံးချုပ် ရှေ့နေ ဦးခင်ဇော်က ထောက်ပြ သည်။ အခွန်အကောက်ဥပဒေအ သစ်တွင် ကျောက်မျက်ကဲ့သို့ လုပ်ငန်းကြီးများအတွက် ကုန် သွယ်လုပ်ငန်းခွန်များကို ထက် ၀က်ကျော်ခန့် လျှော့ချလိုက်သည် ကို တွေ့ရပြီး ယခုမှအခြေခံလူ တန်းစားများ အသုံးပြုစဖြစ်သည့် မိုဘိုင်းဖုန်းအသုံးပြုခြင်းအပေါ် အခွန်စတင်ကောက်ခံခြင်းမှာ သ ဘာဝမကျကြောင်း ဥပဒေရေးရာ ပညာရှင်များက ဆိုသည်။

‘‘အရင်က အိမ်ခြံမြေအ ရောင်းအ၀ယ် လုပ်ငန်းတွေမှာ ငွေဖြူပြနိုင်ရင် ကုန်သွယ်လုပ်ငန်း ခွန်လျှော့ပေါ့ခွင့်ဆိုတာ ရတယ်။ အခုဖုန်းအခွန်အတွက်ကျ တ ကယ့်အခြေခံလူတန်းစားတွေ ရော အားလုံးတစ်ပြေးညီကောက် ခံမယ်ဆိုရင်တော့ မသင့်တော်ဘူး’’ ဟု ဦးခင်ဇော်က သုံးသပ်သည်။ လက်ရှိတွင် နိုင်ငံတော်၏ အခွန် ကောက်ခံမှု စနစ်မှာ လစ်ဟာမှု များရှိနေပြီး အခွန်မဆောင်ဘဲနေ သည့် လုပ်ငန်းရှင်အများအပြားရှိ နေသည်ကို တွေ့ရကာ ၎င်းတို့ကို ဦးစွာစနစ်တကျစိစစ်ခြင်းများ ပြု လုပ်သင့်ကြောင်း နည်းပညာလုပ် ငန်းရှင်များက အကြံပြုသည်။

‘‘တချို့လုပ်ငန်းတွေမှာ အ ခွန်မဆောင်တဲ့လူတွေ အများကြီး ရှိတယ်။ ဒီမှာ အခွန်ဆောင်တဲ့ အ လေ့အထက ခေတ်မစားသေး တော့ အခုလိုကောက်တဲ့အပေါ် အပိုသက်သက်ပေးနေရတယ်လို့ ခံစားရတာပေါ့’’ဟု လူကြီးမင်း စီး ပွားရေးလုပ်ငန်းစုမှ မန်နေဂျင်း ဒါရိုက်တာ ကိုပြည်စိုးထွန်းက ပြောသည်။ အခွန်ကောက်ခံခြင်း များကို နိုင်ငံတကာတွင် အသုံးပြု နေသော စနစ်များအတိုင်းကောက် ခံမှုပြုလုပ်မည်ဟုဆိုသော်လည်း လက်ရှိပြည်တွင်း၌ အခြေခံလူ တန်းစားများ၏ လူနေမှုဘ၀နှင့် အော်ပရေတာများမှပေးနေ သည့် ၀န်ဆောင်မှုများကို နိုင်ငံတကာ အဆင့်မီအနေဖြင့် ဦးစွာအဆင့် မြှင့်တင်ပေးရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံကွန်ပျူတာ လုပ်ငန်း များအသင်း အတွင်းရေးမှူး ဦးမျိုး မြင့်ထွန်းက အကြံပြုသည်။

‘‘နိုင်ငံတကာမှာ အခုလိုမျိုး အခွန်ကောက်ပေမယ့် သူတို့ဆီ က အော်ပရေတာအများစုက ကြားထဲကနေစိုက်ပြီး ဆောင်ပေး တာများတယ်။ ဥပမာ ထိုင်းမှာ ဆိုရင် ဘတ်ငွေ တစ်ရာဖိုးဘီလ် ဖြည့်ရင် တစ်ရာဖိုးအပြည့် သုံးလို့ ရတယ်။ ပြီးတော့အခွန်ဆောင်ပြီး သားဆိုတာလည်း ဖော်ပြထား တယ်။ အဲဒီလိုမျိုးလုပ်ပေးနိုင်ရင် တော့ ကောင်းမယ်’’ဟု ဦးမျိုးမြင့် ထွန်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ် ရေးအော်ပရေတာများကသုံးစွဲသူ များကိုယ်စားကြားက ကျခံစိုက် ထုတ်ပေးမည်ဆိုလျှင်ပင် ခွင့်ပြု ထားခြင်းမရှိကြောင်း ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာန ညွှန် ကြားရေးမှူး ဦးသန်းထွန်းအောင် က ပြောသည်။
လက်ရှိတွင် နိုင်ငံတစ်ဝန်း၌ အော်ပရေတာသုံးခုမှ မိုဘိုင်းဖုန်း အသုံးပြုသူပေါင်း ၂၁ သန်းကျော် အထိရှိကြောင်း နိုင်ငံပိုင်မီဒီယာ များမှ သတင်းထုတ်ပြန်ထားသည်။ အဆိုပါအသုံးပြုသူအရေအတွက် အရ မိုဘိုင်းဖုန်းသုံးသူတစ်ဦးလျှင် ငွေကျပ်တစ်ထောင်စီ ဖြည့်သွင်း ပါက အခွန်ငွေ ၄၈ ကျပ်ပေး ဆောင်ရမည်ဖြစ်သောကြောင့် နိုင်ငံတော်က အခွန်ငွေကျပ်သန်း တစ်ထောင်ကျော် ရရှိမည်ဖြစ် သည်။

သို့သော် လက်ရှိ ၅ ရာခိုင် နှုန်းကောက်ခံမည့်ပမာဏတွင် ငွေတစ်ထောင်ကျပ်တန်ဖုန်း ဘီလ်အတွက် ၅ ရာခိုင်နှုန်းအတိအကျကောက်ခံမည်ဆိုပါက ၄၇ ဒသမ ၆၀ ကျပ်သာကျသင့်မည် ဖြစ်သော်လည်း ၄၈ ကျပ်သတ် မှတ်ထားသဖြင့် ပုံမှန်ကျသင့်ရ မည့် ပမာဏထက်ပြား ၄၀ ပိုကာ ရယူထားကြောင်း ဖေ့စ်ဘွတ်ခ်သုံး စွဲသူတစ်ဦးက ထောက်ပြဝေဖန် ထားသည်။
‘‘တစ်ထောင်တန်ငွေဖြည့် ကတ်ရဲ့ ၅ ရာခိုင်နှုန်းက ၄၇ ကျပ် ၆၀ ပြားဖြစ်ရမှာကို ဘာလို့ ၄၈ ကျပ်ဆိုပြီး ပြားလေးဆယ်ပို ကောက်ရတာလဲ။ ဒီအပိုကောက် တာက ဥပဒေမဲ့ပါ။ နောက်တစ် ချက်က တစ်ထောင်တန်ငွေဖြည့် ကတ်ကို ၉၅၂ ကျပ်ပဲသုံးခွင့်ရတာ လည်း ကုန်စည်ပေါ်မမှန်မကန် ဖော်ပြပြီး ရောင်းတာမို့ စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့ ငြိစွန်းပါ တယ်’’ဟု ကိုမောင်မောင်ညွန့်ဆို သူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ဝေဖန်ရေးသားခဲ့သည်။ ယင်းအချက်မှာလည်း အခွန် ကောက်ခံမှုနှင့်ပတ်သက်၍ အ သားမကျသေးသော ပြည်သူများ အတွက် သက်ဆိုင်ရာမှ တိကျစွာ ဆောင်ရွက်မှုမရှိခြင်းကို ထောက် ပြနေခြင်းဖြစ်သည်။

ငွေကျပ်တစ်သောင်းစီဖြည့် သွင်းပါက အခွန် ၄၇၆ ကျပ်စီပေး ဆောင်ရမည်ဖြစ်သည့်အတွက် နိုင်ငံတော်က အခွန်ငွေကျပ်သန်း တစ်သောင်းခန့် ရရှိမည်ဖြစ်သည်။ လက်ရှိပမာဏမှာ ခန့်မှန်းတွက် ချက်ထားခြင်းသာဖြစ်ပြီး အော်ပ ရေတာအနေဖြင့် တစ်လတာအ တွက် ဖုန်းဘီလ်ဖြည့်သွင်းမှုမှရရှိ သည့် အခွန်ပမာဏမည်မျှကို အစိုးရသို့ ပေးသွင်းခဲ့သည့်ဟူသည်ကို ပြည်သူလူထုသို့ ထုတ်ပြန်ပေးခွင့် မရှိကြောင်း အူရီးဒူးမြန်မာ၏ပြန်ကြားရေးတာဝန်ခံ ဒေါ်သီရိကြာညိုကပြောသည်။
ယင်းပြဿနာမှာ ဖုန်းဘီလ် အခွန်ဆောင်သည့် ပြည်သူများထံ မှ ရရှိသည့်အခွန်ငွေမည်မျှကို အ စိုးရက ရရှိသည်ကို သိရှိခွင့်မပေး ထားခြင်းဖြစ်သည်။

၂၀၁၅ ပြည်ထောင်စု၏ အ ခွန်အကောက်ဥပဒေတွင် ၂၀၁၅ -၁၆ ဘဏ္ဍာနှစ်၌ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်း ပညာဝန်ကြီးဌာန၏ ဆက်သွယ် ရေးဝန်ဆောင်မှုလုပ်ငန်းမှ အခွန် ငွေကျပ်သန်းပေါင်း ငါးသိန်းကျော် ရရှိမည်ဟု မျှော်မှန်းထားသည်။ ယင်းငါးသိန်းတွင် ငွေဖြည့်ကတ် များ၊ ဆင်းမ်ကတ်ရောင်းချမှုများ နှင့် အော်ပရေတာများထံမှကောက် ခံခြင်းများပါဝင်သည်။

ဝေဖန်ထောက်ပြသူများက နိုင်ငံတကာတွင် ကောက်ခံနေ သည့် အခြေအနေများနှင့်လည်း နှိုင်းယှဉ်ဝေဖန်ခြင်းများ ရှိခဲ့သည်။
‘‘စင်ကာပူမှာတောင် မိုဘိုင်း ဖုန်းဘီလ်အတွက်အခွန်စကောက် တုန်းက ၃ ရာခိုင်နှုန်းပဲ ကောက်ခဲ့ တယ်။ အခုမှ ၇ ရာခိုင်နှုန်းကို ပြောင်းသွားတာ၊ အဲဒါကို မြန်မာ နိုင်ငံက စကောက်တဲ့ အချိန်မှာ တင် ၅ ရာခိုင်နှုန်းနဲ့ ကောက်မယ် ဆိုတော့ ဒီနိုင်ငံရဲ့အခြေအနေနဲ့ များနေပါတယ်’’ဟု မန္တလေးတိုင်း ကွန်ပျူတာလုပ်ငန်းရှင်အသင်း နာယက ဦးရဲမြတ်သူက တွက်ပြ သည်။ ပြည်သူများ ပေးဆောင် လိုက်သည့် အခွန်များကို နိုင်ငံ တော်အား မည်ကဲ့သို့ပေးဆောင် သွားမည်နှင့် သုံးစွဲသူများက ပေး ဆောင်သည့် အခွန်ပမာဏများ ထုတ်ပြန်သွားမည့် ပုံစံများကို ၀န်ကြီးဌာနက တိကျစွာဖော်ပြ ပေးရန်လိုအပ်ကြောင်း ပညာရှင် များက အကြံပြုသည်။

‘‘စားသောက်ဆိုင်မှာ တစ်ခု ခုစားရင် အခွန်ဆောင်ကြောင်းအ သိအမှတ်ပြုတဲ့အနေနဲ့ ဖြတ်ပိုင်း တစ်ခုရတယ်။ အခုဖုန်းအသုံးပြု တဲ့ ပြည်သူတွေကို အခွန်ကောက် မယ်ဆိုရင် အခွန်ဆောင်ပြီး ကြောင်း အထောက်အထားဘယ် လိုပေးမှာလဲ၊ ဘယ်လောက် ဆောင်ထားတယ်ဆိုတာ ဘယ်လို ထုတ်ပေးမှာလဲ မသေချာတဲ့ ပြ ဿနာတွေရှိနေတယ်’’ဟု တရား ရုံးချုပ်ရှေ့နေ ဦးခင်ဇော်က ထောက်ပြသည်။

ဥပဒေအရ နိုင်ငံသားတိုင်း အခွန်ဆောင်ရခြင်းဖြစ်သော် လည်း မြန်မာနိုင်ငံ၏ လက်ရှိအ ခြေအနေအရ ၅ ရာခိုင်နှုန်း အ ခွန်ကောက်ခြင်းသည် များနေပြီး ရရှိလာမည့်အခွန်များကိုလည်း အကျိုးရှိရှိအသုံးချရန်လိုအပ်ကာ စီမံခန့်ခွဲမှုညံ့နေမည်ဆိုပါက အ ခွန်ဆောင်သည့် ပြည်သူများအ တွက် အကျိုးရှိမည်မဟုတ်ကြောင်း ဦးရဲမြတ်သူကပြောသည်။ ‘‘အရေး ကြီးတာက အခွန်ကောက်မယ်ဆို ရင် ဘယ်လောက်ဆောင်ပြီးပြီဆို တာ ပြည်သူတွေသိအောင်လုပ် ပေးဖို့ပဲ။ ဘယ်လောက်ယူမှန်း လည်းမသိ၊ ပြေစာလည်းမပေးဘူး ဆိုရင် နိုင်ငံတော်က အခွန် ကောက်တာနဲ့မတူဘဲ မတရားယူ တာနဲ့တူနေမယ်’’ဟု ဦးခင်ဇော်က ပြောသည်။
7Day Daily, 
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment