Pages

Saturday, May 23, 2015

Fiji ထဲက ရေလယ် heaven Cloud 9


RangonNewsDaily:: May . 23 .2015
Fiji ကျွန်းစု နိုင်ငံဟာ တောင်ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိပြီး သဘာဝအလှအပ များနဲ့ အင်မတန်ကို သာယာလှပါတယ်။ မြန်မာပြည်ကနေ ဖီဂျီကို အလည်အပတ် ပို့ပေးတဲ့ ဝန်ဆောင်မှုများလည်း ရှိပါတယ်။ အကယ်၍ ရောက်ဖြစ်ခဲ့ရင် လည်စရာ နေရာ တစ်ခု တိုးလာပါပြီ။ Cloud 9 လို့အမည်ရတဲ့ main ကျွန်းကနေ ၄၅ မိနစ်လောက်ပဲ စက်လှေ စီးရ ပါတယ်။
ရေလယ်ခေါင် တည်ထားတဲ့ ဖောင် ဖြစ်ပြီး ဖောင်ပေါ်မှာ ဘား ရှိပါတယ်။ ဘားမှာ ပီဇာ၊ ကော့တေး အပြင် အခြားသော စားစရာ သောက်စရာများစွာ ရှိပါတယ်။ နေပူဆာ လုပ်ရန် အတွက် ခင်းကျင်းမှုများလည်း ပြုလုပ်ထားပြီး ဖောင်ကနေမှ ရေကူးချင်တယ်။ ရေလှိုင်းစီးချင်တယ် ဆိုတဲ့သူများအတွက်လည်း စီစဉ်ပေးထား ပါတယ်။








 နေရာလေးက ကျဉ်းပေမယ့် လူ အယောက် ၁၀၀ လောက် တစ်ပြိုင်နက်တည်း စုပြီးတော့ နေလို့ရတဲ့ နေရာလေးပါ။ သူက နေစရာအတွက် မဟုတ်ပါဘူး။ ဘား တစ်ခုအနေနဲ့ ထားရှိထားပြီး မိတ်ဆွေတွေနဲ့ ပွဲလုပ်ဖို့ ဘာဖို့အတွက်လည်း ဝန်ဆောင်မှုပေး ပါတယ်။

Musket Cove Resort, Lomani Resort နဲ့ Plantation Resort တို့မှာ နေထိုင်သူများကတော့ ၁၀ မိနစ်အတွင်း စက်လှေနဲ့လည်း ရောက်နိုင် ပါတယ်။ 
.
Ref: dailymail  , (ရိုးရာလေး), 
KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment