BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များတွင် အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်

RangonNewsDaily:: May . 23 .2015
ဇွန်လမှစတင်၍ ငွေဖြည့်ကတ် အသစ်များကို ဈေးကွက်အတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါ ငွေဖြည့်ကတ်များအပေါ်၌ အခွန်ပေးဆောင်ထားသည့် ပမာဏကို ပူးတွဲဖော်ပြ ပေးထားမည်ဖြစ်ကြောင်း သိရသည်။
“အဲဒီကတ်တွေမှ ငွေဖြတ်မှာတော့ မဟုတ်ပါဘူး။ အရင်ကတ် အဟောင်းတွေလည်း ကျန်ရှိနေဦးမှာပဲ။ သူတို့ကိုလည်း ဖြတ်မှာပါပဲ။ အဟောင်းတွေကိုတော့ ပြန်မသိမ်းပါ ဘူး”ဟု Telenor မှ CEO ဖြစ်သူ Mr. Petter Furberg က ပြောသည်။
::
ဆက်သွယ်ရေးစနစ်အတွက် ဘီလ်ဖြည့်သွင်းအသုံးပြုသည့် ပမာဏအပေါ်မူတည်၍ ကောက်ခံထားသည့် အခွန် ၅ ရာခိုင်နှုန်းကို သီးခြားစနစ်တစ်ခုအနေဖြင့်ထားရှိပြီး အဆိုပါစနစ်ကို နိုင်ငံတကာ Audit များကလည်း စစ်aဆးကြသည့်အတွက် နိုင်ငံတော်အနေဖြင့် ယုံကြည်မှုရှိလိမ့်မည်ဟု Mr. Petter Furberg က ဆိုသည်။
::
ဆက်သွယ်ရေးစနစ် အတွက် အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ဆက်သွယ်ရေး အော်ပရေတာက ကောက်ခံခြင်းမဟုတ်ဘဲ အစိုးရမှ ကောက်ခံခိုင်းခြင်းဖြစ်သည့်အတွက် ၎င်းတို့က အတိအကျကောက်ခံ၍ ပြန်လည်ပေးအပ်သွားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ငွေဖြည့်ကတ် ပုံစံအသစ်နှင့် ပတ်သက်၍ အခြားသော ဆက်သွယ်ရေး အော်ပရေတာများက သတင်းထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း Telenor ၏ သတင်း ထုတ်ပြန်ချက် အရ ၎င်းတို့သည် အခွန်နှင့်ပတ်သက်၍ အစိုးရထံသို့ လစဉ် ပေးဆောင်ရမည်ဟု သိရသည်။


အင်တာနက် , 
KOLATT(PBDN)
RangonNewsDaily