Pages

Saturday, May 23, 2015

အငှားယာဉ်မောင်းအယောင်ဆောင်၍ လုယက်မှု ခြောက်ကြိမ်ကျူးလွန်ခဲ့သူနှစ်ဦးကို ဖမ်းမိ

RangonNewsDaily:: May . 23 .2015
ရန်ကုန်မြို့တွင် အငှား ယာဉ်မောင်းအယောင်ဆောင် ၍ ခရီးသည်များထံမှ ရွှေထည် ပစ္စည်းများ၊ လက်ကိုင်ဖုန်းနှင့် ငွေ ကြေးများလုယက်ခဲ့သူနှစ်ဦးကို မေလဒုတိယပတ်က ဖမ်းဆီးရမိခဲ့ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သည်။
လှိုင်၊ ရွှေပြည်သာ ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် မင်္ဂလာဒုံပန်းခြံအနီးတွင် သုံးနှစ်အတွင်း ခရီးသည်များထံမှ လုယက်မှု ခြောက်ကြိမ်ကျူးလွန်ခဲ့သည့် အငှားယာဉ်မောင်းများကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။
::
အသက် (၄၂) နှစ်အရွယ် အငှားယာဉ်မောင်းကို မေလ ၆ ရက် ညနေ ၆ နာရီက ဗဟန်းမြို့ နယ်၊ စက်မှု-၁ လမ်းတွင် အငှား ယာဉ်မောင်းနေစဉ် ဖမ်းမိခဲ့ပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် အသက် (၃၅) နှစ်အရွယ် အမျိုးသားကို မေလ ၁၁ ရက်က ဧရာဝတီ တိုင်း ငပုတောမြို့နယ်၌ ထပ်မံဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၃ ဒီဇင်ဘာ ၁၁ ရက် နံနက် ၅ နာရီကျော်က ဒဂုံ မြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် တက္ကစီငှားရန် စောင့်နေသူ အမျိုးသမီးတစ်ဦးထံမှ ငွေကျပ် သုံးသိန်း နှင့်ဟန်းဖုန်းတစ်လုံးကို လုယက်ခဲ့ပြီး၂၀၁၄ ဧပြီလတွင် အောင်မင်္ဂ လာအဝေးပြေးဝင်းမှတက္ကစီငှား စီးသူ အမျိုးသမီးတစ်ဦးထံမှ ရွှေ ထည်လက်ဝတ်လက်စားများကို လှိုင်တက္ကသိုလ်ဝင်း အမှောင်ရိပ် ၌ လုယူခဲ့ကြောင်း ၎င်းတို့ကိုစစ် ဆေးစဉ် အမှုပေါ်ပေါက်ခဲ့သည်။
::
ထို့ပြင် ၂၀၁၅ ဖေဖော်ဝါရီ တွင် အောင်မင်္ဂလာအဝေးပြေး ၀င်းမှ တက္ကစီငှားစီးလာသူ အမျိုး သမီးတစ်ဦးထံမှ ရွှေထည်လက် ၀တ်လက်စားနှင့် လက်ကိုင်ဖုန်း တစ်လုံးကို ရွှေပြည်သာမြို့နယ် ပုလဲလမ်းအမှောင်ရိပ်တွင် လုယူ ခဲ့ကြပြီး မတ်လ ၁၆ ရက် နံနက် ၁ နာရီက အောင်မင်္ဂလာအဝေး ပြေးဝင်းမှ တက္ကစီငှားစီးလာသူ အမျိုးသမီးတစ်ဦးထံမှ ရွှေထည် ပစ္စည်းများ၊ ငွေကျပ်နှစ်သောင်း နှင့် ဟန်းဖုန်းတစ်လုံးကို ဒဂုံမြို့ သစ် (တောင်ပိုင်း)မြို့နယ်တွင် ခရီးသည်ထံမှ လုယူခဲ့သည်။

ယခုနှစ် မတ်လတွင် အောင်မင်္ဂလာအဝေးပြေးဝင်းမှ တက္ကစီ ငှားစီးလာသူ အမျိုးသမီးတစ်ဦးကိုမင်္ဂလာဒုံပန်းခြံအနီး၌ ၀က်အူ လှည့်ဖြင့် ထောက်၍ ရွှေလက်စွပ် နှင့် ငွေကျပ်တစ်သောင်း လုယူခဲ့ ကာ ဧပြီ ၂၈ ရက် နံနက် ၂ နာရီ က အောင်မင်္ဂလာအဝေးပြေးဝင်း မှ တက္ကစီငှားစီးသူ အမျိုးသမီးတစ်ဦးထံမှ ရွှေထည်လက်ဝတ်လက် စား၊ လက်ကိုင်ဖုန်းနှင့် ကျပ်သုံး သိန်းကို ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှောင်ရိပ်၌ လုယက် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည်။
::
အငှားယာဉ်မောင်းနှင်ပြီး လုယက်မှုကျူးလွန်ခဲ့သူ အသက် (၄၂) နှစ်အရွယ် အမျိုးသားသည် ခရီး သည်များထံမှ လုယက်မှုဖြင့် ပြစ်ဒဏ်ကျခံရသော မှတ်တမ်းရှိခဲ့ဖူးပြီး ယခုအခါ သုံးနှစ်အတွင်း လု ယက်မှု ခြောက်ကြိမ်ကျူးလွန်၍ ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
7Day Daily ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment