Pages

Saturday, May 23, 2015

ဖုန်းပြောခွန် ၅%ကိစ္စ ဆိုင်းငံ့ဖို့ လွှတ်တော်ကို အရေးကြီးအဆိုတင်

RangonNewsDaily:: May . 23 .2015
လာမယ့် ဇွန်လ ၁ရက်နေ့မှာ စတင်ကောက်ယူမယ်လို့ မြန်မာအစိုးရက ကြေညာထားတဲ့ တယ်လီဖုန်းပြောခအပေါ် သွယ်ဝိုက်ခွန် (ကုန်သွယ်ခွန်) ၅%ကောက်ခံမယ့်စနစ် လာမယ့် ဘက်ဂျက်ကာလအတွင်း ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ အရေးကြီးအဆိုအဖြစ် တင်သွင်းလိုက်ရာမှာ ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အခွန်ကင်းလွတ်ခွင့်ပေးမယ် မပေးဘူးဆိုတာကတော့ မဲခွဲဆုံးဖြတ်ရမှာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းက ကောက်ခံမယ့် တယ်လီဖုန်းခွန် ၅%နဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့်ကို လွှတ်တော်က အတည်ပြုလိုက်ရင်တော့ ၂ဝ၁၆ မတ်လကုန် အထိ အခွန်ကင်းလွတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ အရေးကြီးအဆိုတင်သွင်းသူ လွှတ်တော်အမတ်ကတော့ ကြံ့ခိုင်ရေးပါတီက အမရပူရအမတ် ဦးသိန်းထွန်းဦးဖြစ်ပါတယ်။
::
၂ဝ၁၆ မတ်လကုန်ကျရင် လာမယ့်ရွေးကောက်ပွဲကနေ အနိုင်ရရှိမယ့် နိုင်ငံရေးပါတီကနေ သမ္မတကိုရွေးကောက်ပြီး အစိုးရသစ်တင်မြှောက်ရမှာဖြစ်တာကြောင့် ဖုန်းပြောခ အခွန် ၅%ကိစ္စ လာမယ့် အစိုးရသစ်လက်ထက်မှာ ထပ်မံဆုံးဖြတ်ရဦးမယ့်အရေးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ၂ဝ၁၅ထဲမှာပဲ လွှတ်တော်က အခွန်ဥပဒေကို ပြင်ဆင်လိုက်နိုင်မယ်ဆိုရင်တော့ ပြည်သူတွေကြားထဲ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ဒီအခွန် ၅%ကိစ္စဟာ ပြေလည်သွားမယ့်သဘော ရှိနေပါတယ်။ 
::
အခွန်ကင်းလွတ်ခွင့် တစ်နှစ်နဲ့ အကောက်ခွန်ဥပဒေပြင် ဆင်ရေး မေလ ၂၂ရက်ကျရင် လွှတ်တော်မှာ ဆွေးနွေးသွားဖို့ရှိပါတယ်။
Kamayut Media ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment