Pages

Saturday, May 23, 2015

သုံးနိုင်ငံ နယ်စပ်ဖြစ်သည့် တာချီလိတ်ခရိုင်အတွင်း လေသေနတ်ရောင်းချမှုကို တားမြစ်ပြီး သိမ်းဆည်းမှုများ ပြုလုပ်မည်

RangonNewsDaily:: May . 23 .2015
ထိုင်း - မြန်မာ - လာအို (၃)နိုင်ငံ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်ခရိုင်တွင်း လေသေနတ်များသည် သေနတ်အစစ်ဖြင့် ခွဲခြားရန် ခက်ခဲခြင်းနှင့် အများပြည်သူများ လုံခြုံမှု ရှိစေရေးအတွက် မြို့ပေါ် ရပ်ကွက်များနှင့် တာလော့ဈေးအတွင်း ရောင်းချနေသည့် လေသေနတ်များကို သိမ်းဆည်း သွားမည် ဖြစ်ကြောင်း ယနေ့ မေလ(၂၂)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးရုံးတွင် ပြုလုပ်သည့် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ သိရသည်။
လေသေနတ်များသည် သေနတ်အစစ်ဖြင့် ခွဲခြားရန် ခက်ခဲခြင်း၊ လေသေနတ်၏ ပြင်းအားမှာ များသဖြင့် ချက်ကောင်းထိမှန်ပါက လူ့အသက်ပင် သေဆုံးနိုင်ခြင်း နှင့် သေနတ်အတုနှင့်အတူ ဆင်တူ ယိုးမှားပြုလုပ်ကာ အများပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ်နိုင်ခြင်းတို့ကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်များနှင့် တာလော့ဈေးအတွင်း ရောင်းချနေသည့် လေသေနတ်များကို သိမ်းဆည်းသွားရန် ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
::
"ပထမအဆင့်အနေနဲ့ လေသေနတ်တွေကို မရောင်းချဖို့၊ ဒုတိယအဆင့် အနေနဲ့ကတော့ လက်ဝယ်ရှိထားတဲ့ လေသေနတ်တွေကို လာရောက်အပ်နှံဖို့ နဲ့ တတိယအဆင့်အနေနဲ့ကတော့ သတ်မှတ်ရက် ကျော်လွန်သွားပြီးနောက် ဇွန်လ(၁)ရက်နေ့ကစပြီး ပူးပေါင်းအဖွဲ့နဲ့ စစ်ဆေးတဲ့အခါမှာ တွေ့ရှိရင်တော့ လေသေနတ်တွေကိုသိမ်းဆည်းတဲ့အပြင် အရေးယူမှုတွေကို ပြုလုပ် သွားမှာဖြစ်ပါတယ်.."ဟု ခရိုင်စီမံခန့်ခွဲမှုကော်မတီဝင် တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
::
တာလော့ဈေးအတွင်း လေသေနတ်များကို လက်ဝယ်ထားရှိသူများနှင့် ရောင်းချနေသူများအနေဖြင့် ၂၃.၅.၂၀၁၅ရက်နေ့ မှစ၍ ၃၁.၅.၂၀၁၅ရက်အတွင်း သက်ဆိုင်ရာ မြို့မရဲစခန်းများ၊ နယ်မြေ ရဲစခန်းများတွင် လာရောက်အပ်နှံရမှာ ဖြစ်ကြောင်းနှင့် သတ်မှတ်ရက်အတွင်း အပ်နှံရန်ကျန်ရှိသည့် လေသေနတ်များကို ၁.၆.၂၀၁၅ရက်နေ့မှ စ၍ ပူးပေါင်းအဖွဲ့ဖြင့် လေသေနတ်များကို စစ်ဆေးသိမ်းဆည်းပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
TachileikNewsAgency ::--KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment