Pages

Saturday, May 23, 2015

ပုဒ်မ ၁၉ဖြင့် တရားဆွဲဆိုခံရလျှင် ၈၈မျိုးဆက် ကိုကိုကြီး အယူခံဝင်မှာလား


RangonNewsDaily:: May . 23 .2015
ခွင့်ပြုမိန့်မရရှိသည့်နေရာတွင် ဆန္ဒထုတ်ဖော်မူဖြစ် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှဦးကိုကိုကြီးကို တောင်ဥက္ကလာပရဲစခန်းမှပုဒ်မ ၁၉ဖြင့်အမူဖွင့်ထားပြီး တရားဆွဲဆိုလျှင်လည်း အယူခံဝင်ရောက်ရန်မရှိဟု ဦးကိုကိုကိုကြီးကပြောသည်။
" ကျွန်တော်တို့ကို ကျိုက်က္ကဆံကွင်းမှာလူမမြင်ရမကြားရတဲ့ရေရာကို ဆန္ဒ ပြဖို့ ပြောတယ်၊ ကျွန်တော်တို့က အခုအခင်းဖြစ်တဲ့နေရာမှာဘဲဆန္ဒထုတ်ဖော်ခဲ့တယ် အဲ့ဒါနဲ့ပတ်သတ်ပြီးမနေ့က အကြောင်းကြားစာရောက်လာတယ် လာရောက်ဖြေရှင်းပေးဖို့ပေါ့ ဒါနဲ့ပတ်သတ်ပြီးတော့လည်း အယူခံဝင်ဖို့မရှိပါဘူး" ဟု ဦးကိုကိုကြီးကပြောသည်။ 

ယင်းကိစ္စနှင့်ပတ်သတ်၍ ယနေ့(မေ၂၂)ရက်ညနေ့တွင် တောင်ဥက္ကလာပရဲစခန်း၌ သွားရောက်တွေဆုံမည်ဖြစ်ကြောင်းဦးကိုကိုကြီးကပြောသည်။ ဦးကိုကိုကြီးမှာ တောင်ဥက္ကလာ ၄ရက်ကွက်၊ ဝေဇန္တာလမ်းနှင့် သစ္စာလမ်းထောက်ရှိ ကလေးကစားကွင်းတွင် ကွန်ဒိုမီလီယံတည်ဆောက်မှုနင့်ပတ်သတ်၍ ဆန္ဒထုတ်ဖော်ရာတွင် ပုဒ်မ ၁၉ဖြင့်တရားဆွဲခံရခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပ-ုံကျော်ကျော်(AF)
Popular Myanmar , KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment