Pages

Saturday, May 23, 2015

မန္တလေးမြို့ပေါ်တွင် သုံးရက်အတွင်း လူလေးဦး ဓာတ်လိုက်သေဆုံး

RangonNewsDaily:: May . 23 .2015
မန္တလေးမြို့ပေါ်တွင် မေ လ ၁၇မှ ၁၉ရက်အထိ သုံးရက်အ တွင်း ဓာတ်လိုက်မှုကြောင့် လူ လေးဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မေလ ၁၇ရက်က မန္တလေး တိုင်း ချမ်းမြသာစည်မြို့နယ် မြို့ သစ်(၁)ရပ်ကွက်၊ ၆၅လမ်းနှင့် မိုး သောက်ပန်းလမ်းသွယ်ထောင့်ရှိ ဓာတ်တိုင်တွင် တပ်ဆင်ထား သည့် မိုးကြိုးလွှဲပြုတ်ကျရာမှတစ် ဆင့် ယင်းကြိုးကိုကိုင်တွယ်မိသည့် အသက်(၉)နှစ်နှင့်(၅)နှစ် အရွယ်ကလေးငယ်နှစ်ဦး ဓာတ် လိုက်သေဆုံးခဲ့သည်။
::
ထို့အပြင် မေလ ၁၈ရက်နေ့ လယ်က ချမ်းအေးသာစံမြို့နယ်တွင် နေအိမ်ရေချိုးခန်း ကျောက်သွေးစလစ်လောင်းရာမှ လျှပ်စစ်စီးဝင်နေသည့်ဘေးအိမ်မှ သွပ်နှင့် ထိမိကာ အသက်(၅၀)ကျော်အရွယ် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့သည်။ ထို့အတူ မေလ ၁၉ရက် နံနက်ကလည်း ချမ်းအေးသာစံမြို့နယ်ရှိ နေအိမ် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခု အတွင်း လုပ်ငန်းခွင်ဝင်ရန်လျှပ် စစ်မီးတပ်ဆင်ရာမှအသက်(၂၀) ကျော်အရွယ်ပန်းရံအလုပ်သမား တစ်ဦးဓာတ်လိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
::
ဓာတ်လိုက်သေဆုံးမှုများ နှင့်ပတ်သက်၍ သက်ဆိုင်ရာနယ် မြေရဲစခန်းများတွင် သေမှုသေ ခင်းဖွင့်ကာ စစ်ဆေးနေကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ တာဝန် ရှိသူကဆိုသည်။
ပြည်သူလူထုအနေဖြင့်လျှပ် စစ်အန္တရာယ်ကို အထူးဂရုပြုသုံး စွဲရန်လိုအပ်ပြီး မိုးရွာသွန်းချိန်နှင့် မိုးကြီးလေကြီးကျချိန်များ၌ အ များပြည်သူလျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ဓာတ်အားဖြတ်တောက်ထားခြင်းများ၊ ပြုပြင်လဲလှယ်ရန်လိုအပ်သည့် ဓာတ်ကြိုး၊ ဓာတ်တိုင်များအား ပြုပြင်လဲလှယ်ခြင်းများ လုပ်ဆောင်နေကြောင်း မန္တလေးတိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
::
မြို့ခံလူထုအနေဖြင့် ပြတ် ကျနေသည့် ဓာတ်ကြိုးများ၊ ပြိုလဲနေသည့်ဓာတ်တိုင်များတွေ့ ရှိပါက အမြန်ဆုံးအကြောင်းကြား ပေးရန်နှင့် အချိန်မီလာရောက်ပြု ပြင်ပေးခြင်းမရှိသည့် ပေါ့ဆသော ၀န်ထမ်းများကိုလည်း အရေးယူ အပြစ်ပေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးလျှပ်စစ် နှင့် စက်မှုဝန်ကြီးဦးကျော်မြင့်က ပြောသည်။
7Day ::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment