Pages

Saturday, May 23, 2015

လသာမြို့နယ်သံဈေးစည်ပင်ရုံးခန်းတွင် ဓားထိုးမှုဖြစ်

RangonNewsDaily:: May . 23 .2015
လသာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ သံဈေးတတိယထပ်ရှိ လသာမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးခန်းတွင် မေလ ၂၁ ရက် နံနက် ၂ နာရီခန့်က နေ့စား စည်ပင်ဝန်ထမ်း အမျိုးသားနှစ်ဦး စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း လသာ မြို့မရဲစခန်းထံမှ သိရှိရသည်။
အင်းစိန်မြို့နယ်၊ မြို့သစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် စည်ပင်နေ့စားဝန်ထမ်း ကိုကျော်ဇင်မင်းက စည်ပင်နေ့စားဝန်ထမ်း အသက် ၄၀ အရွယ် ဦးအောင်ဆန်းထူး နှင့်အတူ အရက် ထိုင်သောက်စဉ် စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ယင်းနောက် ကျော်ဇင်မင်းက ဦးအောင်ဆန်းထူးကို ဓားဖြင့် သုံးချက်ဆင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေး ကော်မတီရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
::
“အရက်သောက်ရင်း တစ်ယောက်ကို တစ်ယောက် မခံချင်အောင် စနောက်နေရာက ကျော်ဇင်မင်းက ဓားမြှောင်နဲ့ ဦးအောင်ဆန်းထူးရဲ့ ရင်ညွန့်နဲ့ ချက်နေရာကို ဆင့်ထိုးခဲ့တာ။ ဆူညံသံတွေ ကြားလို့ အခြားဝန်ထမ်းတွေက အိပ်ရာက ထကြည့်မှ ဓားထိုးမှုဖြစ်မှန်း သိပြီး ရဲစခန်း အကြောင်းကြားခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
::
ဓားထိုးခံရသည့် စည်ပင်နေ့စားဝန်ထမ်းမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး ဓားထိုးမှု ကျူးလွန်သူကို (ပ) ၂၇၂/၁၅၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း လသာ မြို့မ ရဲစခန်းထံမှ သိရှိရသည်။
The Voice::--
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment