Pages

Saturday, May 23, 2015

မုံရွာ ပြည်ထောင်စုလမ်းမကြီးဖောက်ရန်အတွက် မီးရထားသံလမ်းဘေးရှိ ကျူးကျော်အိမ်များ ဖယ်ရှားပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အိမ်ရှင်များကို ပြောကြားထား

RangonNewsDaily:: May . 23 .2015
မုံရွာမြို့တွင် အမှတ်(၂) ပြည်ထောင်စုလမ်းမ ကြီးထပ်မံဖောက်လုပ်ရန်အတွက် လမ်းမြေနှင့်မလွတ်ကင်းသော မီး ရထားသံလမ်းအရှေ့ဘက်ရှိ အိုးဘို တောင်ရပ်ကွက်မှ ကျူးကျော်အိမ် ၃၃ လုံးအား မေ ၂၄ ရက်နောက် ဆုံးထားဖယ်ရှားပေးရန် မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးမှူးမှ အိမ်ရှင် များကို ခေါ်ယူအသိပေးထားကြောင်း သိရသည်။
လွန်ခဲ့သော ၁ဝနှစ်ခန့်က အ မှတ်(၁) ပြည်ထောင်စုလမ်းမကြီး ကို ကျွဲရဲ-အောင်မင်္ဂလာအဝိုင်းမှ ဘိုးဘွားရိပ်သာအဝိုင်းထိ တစ်ဖြောင့် တည်းဖောက်လုပ်ခဲ့ပြီး လမ်းမြေ နှင့်မလွတ်ကင်း၍ အိမ်များနောက် ဆုတ်ပေးခဲ့ရပြီး ယခုအခါ ၄င်းနှင့် အပြိုင် မီးရထားသံလမ်းအရှေ့ဘက် ၌ အမှတ်(၂)လမ်းမကြီး ထပ်မံဖောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မုံရွာမြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးဦး ညွန့်စိုးက ''တိုင်းဒေသကြီးကလဲ တိုင်း အဆင့်၊ ကြီးကြပ်ကော်မတီတွေ၊ ခရိုင်ကလဲ ခရိုင်ကော်မတီတွေ ပေါင်း စပ်လို့ရအောင် ဖွဲ့နေတယ်၊ မြို့နယ် အဆင့် ကြီးကြပ်ရေးကော်မတီတော့ ၁၇ဦးနဲ့ ဖွဲ့ပြီးသွားပြီ၊ တစ်လမ်းချင်း သူ့အပိုင်းနဲ့သူ ကြီးကြပ်မယ့်အဖွဲ့တွေ ဖွဲ့ထားတယ်၊ လမ်းနဲ့မလွတ်တဲ့အိမ် တွေဖယ်ဖို့ စာထုတ်အကြောင်းကြား ခဲ့တာ နှစ်နှစ်ကျော်ရှိပြီ၊ အိုးဘို တောင်ရပ် သစ်ပါးလွှာစက်ရုံနားမှာ ကျူးကျော်တဲလေးတွေရှိတယ်၊ ဖွံ့ဖြိုး ရေးအတွက်ဆိုတော့ ဖယ်ရမှာပါ၊ မြို့ရဲ့ လမ်းအသွားအလာကလဲ များ လာတော့ မဖောက်လို့မရဘူး၊ သူတို့ က အရင် မီးရထားလမ်းကို အကြောင်း ပြုပြီး ဂိတ်ပိတ်၊ ဂိတ်စောင့်တို့လုပ် ရင်း နေခဲ့သူတွေပါ၊ တချို့ကဈေး ဆိုင်တွေဖွင့်ပြီး ကိုယ့်ဘာသာကိုယ် ရှင်းလင်းနေကြတာတွေရှိတယ်၊ ၁၈ ရက်နေ့က ရပ်ကွက်ရုံးမှာခေါ်ပြီး သူတို့ သဘောထားကိုမေးထားတယ်''ဟု မြို့ခံ သတင်းထောက်များအား ပြောသည်။
::
လမ်းဖောက်မှုကြောင့် ဖျက်သိမ်း ပေးရမည့် အိုးဘိုတောင်ရပ်ကွက် မီးရထားသံလမ်းဘေးနေထိုင်သူ ဒေါ်သောင်းရီမှ ''အပိုင်မဟုတ်မှန်း သိပါတယ်၊ သူတို့ကခေါ်ပြောတော့ ပြေးစရာလဲမရှိ၊ နေစရာလဲ မရှိပါ ဘူး၊ မိဘတွေက မီးရထားဝန်ထမ်းမို့ သူတို့လက်ထက်ကတည်းက နေ လာတာ နှစ် ၂ဝကျော်ရှိပြီ၊ အရင် ခေတ်ကမပြောင်းခဲ့ရဘူး၊ ဒီဘက် ခေတ်မှ ပြောင်းခိုင်းတယ်၊ စည်ပင် ကလဲစာပို့တာ၊ စာကတော့ လေး ကြိမ်ရှိပြီ၊ အတူနေလေးတွေနဲ့ တိုင် ပင်ပြီး အသနားခံစာတင်ဖူးတယ်၊ ကိုယ့်မြေမဟုတ်လို့ ရွှေ့ပေးရမှာကို နားလည်ပါတယ်၊ ပေ ၃ဝ လောက် နေရာထိုင်ခင်းတစ်နေရာရာ ဘယ် နေရာရာကိုပေးပေး ရွှေ့ခိုင်းမယ် ဆိုရင်တော့ အဆင်ပြေပါတယ်။ ခု တော့ သူတို့က အထုပ်ပြင်ထားဆို လဲ ကိုယ့်ကဘာမှမလုပ်နိုင်သေးပါ ဘူး''ဟု ပြောသည်။
::
မူလပြည်ထောင်စုလမ်းမကြီး နှင့်အပြိုင် ထပ်မံဖောက်လုပ်မည့် အမှတ်(၂) ပြည်ထောင်စုလမ်းမကြီး မှာ မုံရွာမြို့မီးရထားလမ်းအရှေ့ ဘက်ပေ ၄ဝ တိုးချဲ့ပြီး ကနဦးမြေ သားလမ်းအဖြစ် ဖောက်လုပ်မည် ဖြစ်ကာ မြို့မြောက်ဘက်အထွက် ကျွဲရဲအောင်မင်္ဂလာအဝိုင်းမှ ကန် ပတ်လမ်း၊ လယ်တီလမ်း၊ သီရိမင်္ဂ လာလမ်းတို့မှတစ်ဆင့် မြို့တောင် ဘက်ဘိုးဘွားရိပ်သာအဝိုင်းအထိ အရှည်ပေ ၃၇၆၅ဝ အထိ ရှည်လျား မည်ဖြစ်ကြောင်း သိရသည်။
KTS
ဒီမိုကရေစီတူဒေး ::--KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment